backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Water retention (ဖောခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်။

Water retention ဆိုတာဘာလဲ။

Water retention ဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးလည်ပတ်မှုစနစ်၊ တစ်ရှူးများ၊ သို့မဟုတ် အခေါင်းပေါက်နေရာလေးများထဲတွင် အရည်များ ပိုလျှံစုပုံလာခြင်း ဖြစ်ပါတယ်။ ဖေါခြင်း ဟုလည်းခေါ်ကြပါတယ်။

ခန္ဓါကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို အကြောင်းအမျိုးမျိုးကြောင့် ဖေါနိုင်ပါတယ်။

Water retention ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ။

Water retention ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Water retention ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်များစုပြုံနေသော ခန္ဓါကိုယ်၏ အစိတ်အပိုင်း များ တွင် ဖေါင်းကားလာပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ။

ဘာတွေက ဖေါခြင်း ကို ဖြစ်ပွားစေသလဲ။

ဖေါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။

-သွေးကြောငယ်လေးများ – အာဟာရ၊ ဗီတာမင်၊ အောက်ဆီဂျင် များပါဝင်သော အရည်များသည် သွေးကြောငယ်များထဲမှ ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများထဲသို့ စိမ့်ဝင်ခြင်းဖြစ်ပါတယ်။ ထိုအရည်ကို Interstitial fluid ဟုခေါ်ပါတယ်။

ထို အရည်သည် ဆဲလ်များကို အာဟာရဖြည့်တင်းပေးပြီး သွေးကြောငယ်များထဲ ပြန်လည်စီးဝင်ပါတယ်။ ထိုသွေးကြောငယ်များထဲတွင် အရည်ဖိအားပြောင်းလဲမှုများ ဖြစ်သောအခါ ဖေါခြင်းကိုဖြစ်စေပါတယ်။

သွေးကြောငယ်များ ရဲ့ နံရံဟာ ပျော့သောအခါ အရည်များအလွယ်တကူ စိမ့်ထွက်ပြီး ဖေါခြင်းကို ဖြစ်စေပါတယ်။

အရည်များစွာ စိမ့်ထွက်ပါက အများစုဟာ တစ်ရှူးထဲတွင် ကျန်ရစ်နေခဲ့ပြီး ဆဲလ်များကြား နေရာများထဲ စုပြုံကာ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။

ပြန်ရည်ကြော စနစ်- ပြန်ရည်ကြောဟာ တစ်ရှူးများထံမှ အရည်ကို ပြန်သယ်လာကာ သွေးကြောထဲသို့ ထည့်သွင်းပေးသော တာဝန်ကိုလုပ်ဆောင်ပါတယ်။ ထိုအရည်များ အရမ်းများပါက ပြန်ရည်ကြောမှ လျင်မြန်စွာ ပြန်မသယ်ပေးနိုင်တော့ဘဲ တစ်ရှူးများကြား အရည်စုပြုံလာနိုင်ပါတယ်။ ထိုသို့ဖြင့် ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်း အကုန်မှာ ဖေါရောင်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ- ဝမ်းဗိုက်၊ ခြေကျင်းဝတ်၊ ခြေထောက် ။

နှလုံး- သွေးကြောများထဲရှိ ဖိအားပုံမှန်စေရန် နှလုံးက တစ်စိတ်တစ်ပိုင်း လုပ်ဆောင်ပေးပါတယ်။ နှလုံးမှ အားနည်းလာပါက သွေးကြောများထဲ ဖိအားပြောင်းလဲမှု ဖြစ်လာပြီး ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။ ဝမ်းဗိုက်၊ ခြေကျင်းဝတ်၊ ခြေထောက် စသည်တို့ ရောင်လာပါမယ်။ အဆုတ်ထဲလည်း အရည်များဝင်နိုင်ပြီး နာတာရှည် ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း များဖြစ်တတ်ပါတယ်။

Congestive heart failure သည် နှလုံးကိုရော ၊ အဆုတ်ကိုပါ ထိခိုက်စေပါတယ်။ ဆီးဆေးများ ဆရာဝန်မှ ညွှန်ကြားနိုင်ပါတယ်။ ဆီးဆေးများဟာ ခန္ဓါကိုယ်တွင်းရှိ ပိုလျှံနေသော အရည်များကို စွန့်ထုတ်ပေးနိုင်ပါတယ်။

ကျောက်ကပ်- သွေးများသည် ကျောက်ကပ်ထဲတွင် အညစ်အကြေးများ၊ အရည်များ နှင့် အခြားသော ပစ္စည်းများကို စွန့်ပစ်ပါသည်။ ထိုနေရာတွင်ပဲ ခန္ဓါကိုယ်အတွက် လိုအပ်သည့်အရာများကို သွေးက ပြန်လည်စုပ်ယူထားလိုက်ပါတယ်။ မလိုအပ်သည်များကို ဆီးအဖြစ် စွန့်ပစ်ပါတယ်။ ကျောက်ကပ်သည် ခန္ဓါကိုယ်မှ မလိုသောပစ္စည်း အတော်များများကို စွန့်ပစ်ပေးနိုင်ပါတယ်။ သို့သော် ကျောက်ကပ်သို့ သွေးစီးဆင်းမှုနည်းခြင်း၊ ကျောက်ကပ်အားနည်းခြင်း စသည်တို့ဖြစ်ပါက အညစ်အကြေးများနှင့် မလိုအပ်သည့် အရည်များကို ကျောက်ကပ်မှ မစွန့်ပေးနိုင်ဘဲ ခန္ဓါကိုယ်ထဲ စုပုံကာ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း- ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်၏ အလေးချိန်ဟာ တင်ပါးဆုံဝန်းကျင်ရှိ သွေးပြန်ကြောများအပေါ် သက်ရောက်ကာ မိခင်၏ ခန္ဓါကိုယ်တွင်း အရည်များစုစည်းမှု ကိုဖြစ်စေပါတယ်။ သို့သော် မီးဖွားပြီးပါက ထိုအခြေအနေမှာ အလိုအလျောက် ပြန်လည်ကောင်းမွန်သွား တတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားခြင်း- ကိုယ်လက်လှုပ်ရှားခြင်းဟာ ခြေထောက်မှ သွေးပြန်ကြောများကို နှလုံးသို့ ကောင်းမွန်စွာ စီးဆင်းစေပါတယ်။ ထိုစီးဆင်းမှုနှေးကွေးပါက အရည်များ သွေးကြောငယ်များတွင် စုပြုံကာ ဖိအားများလာပြီး ဘေးရှိ တစ်ရှူးများထဲသို့ စိမ့်ဝင်သွားစေပါတယ်။ ပြန်ရည်ကြောများဟာ ပိုလျှံနေသော အရည်များကို သွေးကြောများထဲ ပြန်လည်ပို့ဆောင်ပေး နိုင်ပြီး ကိုယ်လက်လှုပ်ရှားခြင်း ပုံမှန်ပြုလုပ်ပါက ထိုပြန်ရည်ကြောများ စွမ်းဆောင်ရည်ကို တက်စေပါတယ်။ လှုပ်ရှားမှု နည်းပါက ဖေါရောင်ခြင်း ဖြစ်နိုင်ချေ များပါတယ်။ လေယာဉ် အချိန်ကြာစွာ စီးရသူများ အနေဖြင့် ခြေခြင်းဝတ်လှုပ်ရှားခြင်း၊ မကြာခဏ မတ်တပ်ရပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ဖေါရောင်ခြင်း ကိုကာကွယ်နိုင်ပါတယ်။

အသားဓါတ်- ခန္ဓါကိုယ်တွင်း အရည်ဓါတ်ကို ထိန်းညှိရာတွင် အသားဓါတ်များဟာ အရေးပါပါတယ်။ အသားဓါတ်နည်းသွားပါက ရေများကို တစ်ရှူးများမှ သွေးကြောထဲရောက်ရှိစေရန် ခက်ခဲပါတယ်။ အစားသောက်ထဲ အသားဓါတ်နည်းပါက ငတ်ပြတ်နေသော်လည်း ဝမ်းဗိုက်ပိုင်း ဖေါရောင်တာတွေ့ရပါတယ်။

Histamine – ခန္ဓါကိုယ်တွင်း ရောင်ရမ်းခြင်းဖြစ်ပါက ထွက်လာသော Histamine သည် သွေးကြောနံရံ ဆဲလ်များကို ကြဲစေပြီး အရည်များကို သွေးကြောပြင်ပသို့ စိမ့်စေပါတယ်။ ရည်ရွယ်ချက်မှာ ရောင်နေသော နေရာဆီသို့ ပိုးကိုတိုက်ခိုက်ပေးမည့် သွေးဖြူဥများ အမြန်ရောက်စေရန်ဖြစ်ပါတယ်။ သို့သော ထိုရောင်ရမ်းခြင်း အချိန်ကြာပါက သွေးကြောအပြင်ဘက်တွင် အရည်များ ပိုလျှံ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။

ဖေါစေသော ဆေးများ

  • ဟော်မုန်း estrogen ပါသောဆေးများ၊ သန္ဓေတားဆေး၊
  • Steroid မပါသော အရောင်ကျဆေး/အကိုက်အခဲပျောက်ဆေး/ အဖျားကျဆေးများ (aspirin, ibuprofen, naproxen)
  • နှလုံးခုန်မြန်သော ရောဂါအတွက် ဆေးများ

ရာသီလာခြင်းနှင့် ဖေါခြင်း- ထိုအချန်တွင် ဟော်မုန်းအပြောင်းအလဲ ကြောင့် ဖေါရောင်ခြင်းဖြစ်ကာ ဗိုက်ပွခြင်း၊ ရင်သားများ တင်း၍နာခြင်း တို့ဖြစ်ရပါတယ်။

အာဟာရ မမျှတခြင်း- အသားဓါတ်နှင့် albumin နည်းသော အစားအစာများ၊ sodium ဆားဓါတ်များ သော အစားအစာများ ဟာ ဖေါရောင်ခြင်းကို အားပေးပါတယ်။

ဓါတ်မတည့်ခြင်း- အချို့သော အစားအစာများနှင် အကောင်ကိုက်ခြင်း တို့ဟာ ဓါတ်မတည့်သောသူများမှာ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။

Thyroid gland ရောဂါဖြစ်ခြင်း

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။

ဘယ်အရာတွေက water retention ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုအပိုင်းရဲ့အစပိုင်းမှာ အနက်ရောင်တောက်တောက်ဖြင့် ထည့်သွင်းဖော်ပြပါ)

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Water retention ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဖေါရောင်ခြင်းကို အတည်ပြုရန် ဆရာဝန်က စမ်းသပ်မှုများကို ပြုလုပ်ပေးနိုင်ပါတယ်။

အရည်များ အဆုတ်တွင်း စုနေသည်ဟု သံသယရှိပါက X rays ဓါတ်မှန်ရိုက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ အရည်တွေ့ပါက နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတစ်ခု ရှိနေနိုင်ပါတယ်။ ရှေးဦးစွာ ရောဂါရာဇဝင် ကိုမေးခြင်းနှင့် စမ်းသပ်ခြင်း တို့က ရောဂါကို အတည်ပြုရန် လွန်စွာ အထောက်အကူပြုပါတယ်။ ထို့ကြောင့် ခံစားရသော ရောဂါလက္ခဏာများကို အသေးစိတ် အကုန်ပြောပြဖို့ အရေးကြီးပါတယ်။ ထို့ပြင် ရောဂါအများစု ဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ပြည့်စုံသော ရောဂါရာဇဝင် နှင့် စမ်းသပ်မှု အဖြေများဟာ ရောဂါ အဖြေရှာ အတည်ပြုရာမှာ အရေးကြီးပါတယ်။

ဖေါရောင်ခြင်း အများစုဟာ အညစ်အကြေးစွန့်ရာတွင် အဓိကကျသော ကျောက်ကပ်နှင့် အသည်းတွင် ပြသနာရှိခြင်းကြောင့် အဖြစ်များပါတယ်။ ထို့ကြောင့် အသည်းစွမ်းဆောင်ရည် စစ်ဆေးမှုကို ပြုလုပ်ရနိုင်ပါတယ်။ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း တို့ကို စစ်ဆေးရပါမယ်။ စစ်ဆေးမှုရလဒ်များ ရသည်နှင့် ချက်ချင်းကုသမှုကို ပြုလုပ်နိုင်ပါတယ်။ ထို့ပြင် ဆီးနှင့် ကျောက်ကပ် စမ်းသပ် စစ်ဆေးမှုများကို လည်းပြုလုပ်ရပါမယ်။

သွေးအားနည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း တို့ကို သိရှိရန် သွေးဖေါက်၍ သွေးဥဆဲလ်များ ပမာဏ ကို စစ်ဆေးခြင်းများ လည်းပြုလုပ်နိုင်ပါတယ်။ သွေးအားနည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း တို့ဖြစ်ပါက အစားအသောက်နှင့် ရေဓါတ်ကို ထိန်းညှိပေးဖို့ လိုပါတယ်။ ရေဓါတ်နည်းခြင်းဟာ လည်း ဖေါရောင်စေပါတယ်။

နှလုံးရောဂါ ရှိခြင်းဟာလည်း ဖေါရောင်ခြင်းကို အားပေးသောကြောင့် နှလုံးစမ်းသပ်ခြင်းများ ECG electrocardiogram တို့ကိုပြုလုပ်ရနိုင်ပါတယ်။ မိသားစုရာဇဝင် ကိုမေးမြန်းကာ နှလုံးခုန်နှုန်းကိုလည်း စမ်းသပ်ပါလိမ့်မယ်။

Water retention ကို ဘယ်လိုကုသလဲ။

-ဆီးဆေးများ အသုံးပြုခြင်း- ထိုသို့ဖြင့် ခန္ဓါကိုယ်တွင်း ပိုလျှံနေသော အရည်များကို စွန့်ပစ်စေနိုင်ပါတယ်။ သို့သော် အချန်ကြာလာပါက အရည်များကို ပိုမို စုလာစေနိုင်ပါတယ်။

ဆရာဝန်က အဓိက အကြောင်းရင်းဖြစ်တဲ့ သွေးကြောများမှ အရည်များ ယိုစိမ့်ခြင်းကို ကုသပါလိမ့်မယ်။ အသားဓါတ်ပြသနာ နှင့် ဆက်စပ်သောကြောင့် တစ်ရှူးထဲရှိ အသားဓါတ်များ ဖြိုခွဲသော ဆေးများပေးနိုင်ပါတယ်။ သို့သော် ဖေါရောင်ခြင်းဟာ သွေးကြောများယိုစိမ့် သောကြောင့် ဟုတ်မဟုတ် ဆရာဝန်များပင် ခွဲရခက်ပါတယ်။

ဖေါရောင်ခြင်းလက္ခဏာများကို သက်သာစေရန်

-ဆားဓါတ် အနည်းငယ်သာ စားသုံးခြင်း

-ကိုယ်အလေးချိန် ပုံမှန်ထားခြင်း

-ပုံမှန် ကိုယ်လက်လှုပ်ရှားခြင်း

-သွေးလည်ပတ်မှုကောင်းအောင် ခြေထောက်များ ကို မကြာခဏ ထောင်ထားခြင်း

-ခြေထောက် stockings များဝတ်ဆင်ခြင်း

-အချိန်ကြာစွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းများကို ရှောင်ကြဉ်ခြင်း

-ပုံမှန် လမ်းလျှောက်ခြင်း

-ပူလွန်း/အေးလွန်းခြင်း ကို ရှောင်ခြင်း

-ဖေါရောင်သော နေရာမှ စ၍ နှလုံးဘက်သို့ နှိပ်နယ်ပေးခြင်းဖြင့် အရည်များ နှလုံးသို့ ကောင်းစွာ သွားရန် အထောက်အကူပြုပါတယ်။ သို့သော် နာကျင်မှုကို မဖြစ်စေသင့်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက water retention ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် water retention ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-အငန်လျှော့စားခြင်း

-Magnesium ဓါတ်များများစားသုံးခြင်း

-vitamin B6 သောက်သုံးခြင်း

-Potassium များသော အစားအစာများစားသုံးခြင်း

-နေကြာစေ့စားခြင်း

-အသင့်စားရန် လုပ်ထားသော အစားအစာများ ရှောင်ကြဉ်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement