backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

“ဇန်” နှင့် သတိနှင့်နှိုင်းယှဉ်သောအစာစားခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

“ဇန်” နှင့် သတိနှင့်နှိုင်းယှဉ်သောအစာစားခြင်း

လူတိုင်းလူတိုင်းသည် “ဇန်” ဆိုသောစကားလုံးကိုကြားဖူးနိုင်သော်လည်းအဓိပ္ပါယ်အတိအကျကိုသိချင်မှသိလိမ့်မည်။ ထို့အတူအစားစားခြင်းသည် ပုံမှန်လုပ်နေကျအလုပ်ဖြစ်သော်လည်းသတိရှိသောအစားစားခြင်းကိုလည်းသိချင်မှသိလိမ့်မည်။ သင်သိချင်နေသည့်ထိုအချက်တို့ကိုယခုဆောင်းပါးတွင် ဖတ်ရှုရမည်။

“ဇန်” ဆိုသည်မှာ

“ဇန်“ (Zen) ကိုအတိအကျအဓိပ္ပါယ်သတ်မှတ်၍ရှင်းပြရန် အတော်ခက်ပါသည်။ ရှင်းလင်းစွာပြောရလျှင် ဇန် ဆိုသည်မှာစိတ်အခြေအနေတစ်ခုဖြစ်ပြီး ထိုအချိန်တွင်ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောအရာအားလုံးကိုလျစ်လျူရှုလျက် အကြောင်းအရာ တစ်ခုတည်းတွင်သာစိတ်က စူးစိုက်တည်ရှိနေမည်ဖြစ်သည်။

ဇန် အကြောင်းပြောခြင်းသည် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုကိုပြောပြခြင်းပင်ဖြစ်သည်။ ဇန်သည် ခန္ဓါကိုယ်စိတ်ဝိညာဉ်မှလာသော အတွင်းစွမ်းအားကိုဗဟိုပြုထားသည်။ ဇန်ကိုသေချာစွာ လေ့ကျင့်မှုပြုပါကကိုယ်ခန္ဓါအတွက် ကောင်းကျိုးများရရှိနိုင်ပါသည်။

သတိနှင့်ယှဉ်သောအစားစားခြင်းဆိုသည်မှာ

သတိနှင့်ယှဉ်သောအစားစားခြင်းသည် “ဇန်” (သို့မဟုတ်) ယောဂကျင့်စဉ် (သို့မဟုတ်) ဗုဒ္ဓ၏ယဉ်ကျေးမှုနှင့် နီးကပ်စွာဆက်နွယ်နေသော ၊ နက်ရှိုင်းစွာပတ်သတ်သောအစားစားသည့်မူဝါဒ ဖြစ်သည်။ သတိနှင့် ယှဉ်၍စားခြင်းသည် သူတစ်ပါးအတွက် တွေးတောစာနာမှုနှင့် အစားစားခြင်းဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် မိမိဘာစားနေသည်ကိုသတိမမူဘဲသတိလက်လွတ် ၊ သတိချွတ်ချော်၍စားသုံးခြင်းမှရှောင်ရှားခြင်းလည်းဖြစ်သည်။ ထို့ပြင် သင်စားသုံးသောအစားအစာကို သတိကပ်အာရုံဝင်စားခြင်းနှင့် အစားစားစဉ်ဖြစ်ပေါ်နေသောစိတ်အခြေအနေကိုလည်း စူးစိုက်သိခြင်းတို့ပါဝင်သည်။ ထိုနည်းဖြင့်အစားစားသောအခါ သင့်အနေဖြင့် –

  • -သင်ဘာကြောင့်အစားစားလဲ (သို့မဟုတ်)အစားစားခြင်းကိုမည်သည့်အရာကနှစ်သက်စေသလဲ၊
  • -အစားအစာတို့၏မူလအရင်းအမြစ် ၊ ရှင်သန်ကြီးထွားပုံ ၊ ချက်ပြုတ်ပြင်ဆင်ပုံ ၊ အသက်သတ်မခံရမီမည်မျှခံစားခဲ့ရသလဲ၊
  • -အစားအစာ၏ အဆင်း ၊ အရသာ ၊ ခံစားမှု နှင့် အရည်အသွေး၊
  • -အစာစားပြီးအစာချေစဉ်နှင့် တစ်နေ့တာပတ်လုံး အစားအစာကသင့်ကိုမည်သို့သောခံစားမှုဖြစ်စေသလဲ တို့ကိုသတိပြုမိစေသည်။

သတိနှင့်ယှဉ်သောအစားစားခြင်း၏အကျိုးကျေးဇူးများ

  • ဗိုက်ဆာလျှင်အစားစားပြီးဗိုက်ပြည့်လျှင်ရပ်တန့်နိုင်ခြင်း၊
  • လွန်ကဲစွာစားမိခြင်းမှကင်းဝေးခြင်း၊
  • အစားစားရုံသက်သက်မဟုတ်ဘဲ အစားအစာ၏အရသာကို ခံစားသက်ဝင်မိခြင်း၊
  • ကျန်းမာရေးနှင့်မညီညွတ်သည်များကို မစားသင့်ကြောင်းသဘောပေါက်လာခြင်း၊
  • အစားစားခြင်း၏အတွေ့အကြုံကိုခံစားတတ်လာခြင်း၊
  • အစားအစာကသင့်စိတ်ကို မည်သို့ဖြစ်စေနိုင်သည်ကိုနားလည်လာခြင်း၊
  • ကိုယ်အလေးချိန်လျှော့ချနိုင်ပြီးပိုမို ကျန်းမာလာခြင်းတို့ဖြစ်သည်။

သတိနှင့်ယှဉ်သောအစားစားခြင်းကိုစတင်ရန်နည်းလမ်းများ

ထိုအလေ့အကျင့်ကိုစတင်ရန် Thich Nhat Hanhရေးသားသော Mindful Eating and Mindful Life စာအုပ်မှ ကျင့်စဉ် (၇) မျိုးမှာအောက်ပါတို့ဖြစ်သည်။

(၁) အစားမစားမီအစားနှင့်ပတ်သတ်သောသင်၏ခံယူချက်ကိုပြသပါ။ သင်ကိုးကွယ်ယုံကြည်ရာအလိုက် ဆုတောင်းမေတ္တာပို့ခြင်းမျိုးပြုလုပ်နိုင်သည်။

(၂)အာရုံ (၆)ပါးစလုံး ( အဆင်း ၊ အသံ ၊ အနံ့ ၊ အရသာ ၊ အထိအတွေ့ ၊ ခံစားမှု ) တို့ကိုဝင်စားပါ။

(၃)အနည်းငယ်သာယူငင်စားသုံးပါ။

(၄)သေးငယ်သောစားဖွယ်ကိုသာယူ၍ စားသုံးပြီးကျေညက်အောင်ဝါးစားပါ။

(၅)အစားက်ုဖြည်းဖြည်းမှန်မှန်စားပါ။ လွန်ကဲစွာမစားမိအောင်ဂရုပြုပါ။

(၆)ထမင်းကိုသူ့အချိန်နှင့်သူစားပါ။ အဆာမလွန်အောင်ဂရုစိုက်ပါ။

(၇)သင့်ကျန်းမာရေးနှင့်မှီတင်းနေထိုင်ရာကမ္ဘာမြေကြီးအတွက် အပင်မှရသောအစားအစာများကိုသာရွေးချယ်ပါ။

ဇန်ကျင့်စဉ်သည် လူတစ်ဦး၏ခန္ဓါကိုယ်နှင့် စိတ်ကျန်းမာရေးကိုအမှန်တကယ် တိုးတက်ကောင်းမွန်စေနိုင်သည်။ သတိနှင့်ယှဉ်သောအစားစားခြင်းသည်လည်းထိုနည်းတူစွာပင် လိုက်နာကျင့်သုံးသင့်သော စံပြုဖွယ်အစားစားမှုပုံစံဖြစ်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement