backup og meta

ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား

ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား

ချင်း (ဂျင်း) ဆိုတာက ဆေးဖက်ဝင်တယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ သဘာဝ အစားအစာ တစ်မျိုးပါ။ ချင်း (ဂျင်း) ပင်က ကျန်းမာစေဖို့ရော ဖျတ်လတ်တက်ကြွစေဖို့ရော ထောက်ကူပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေပါတယ်။ ဟင်းလျာတွေထဲမှာ အညှီပျောက်စေဖို့ ထည့်သုံးကြသလို ချင်း(ဂျင်း) ချဉ်ထည့်ပြီး သုပ်စားတာလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ချင်း( ဂျင်း) နုနုလေးကို ရှာလကာရည်နဲ့ စိမ်ထားပြီး ဆူရှီနဲ့ တွဲစားတဲ့ ချင်း (ဂျင်း) ချဉ်ပါ။

ချင်း (ဂျင်း) ချဉ်က ဆူရှီနဲ့ တွဲစားစား သူ့အတိုင်းစားစား စားလို့ ကောင်းသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီတော့ အဝါရောင်ဖျော့ဖျော့ ဒါမှမဟုတ် ပန်းရောင်နုနုလေး ရှိတဲ့ ချင်း (ဂျင်း) လွှာလေးတွေက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးနိုင်လဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

ချင်း (ဂျင်း) ချဉ် ဆိုတာ

ချင်း (ဂျင်း) ဆိုတာက ချင်းနုနုလေးကို ပါးပါးလေးတွေ လွှာပြီး သကြား၊ ဆား၊ ဗီနီကာ စတာတွေနဲ့ စိမ်ထားတာပါ။ ခံတွင်းရှင်းစေဖို့တဲ့ အစာကြေစေဖို့ ဆူရှီတွေနဲ့ တွဲဖက်ပြီး စားသုံးလေ့ ရှိကြပါတယ်။ ခံတွင်းရှင်းစေပြီး ဆူရှီရဲ့ အရသာကို တိုးစေတာကြောင့်လည်း ဆူရှီစားတဲ့အခါ မပါမဖြစ် ထည့်ပေးလေ့ ရှိကြပါတယ်။

ချင်း (ဂျင်း) ချဉ်မှာပါတဲ့ အာဟာရဓာတ်တွေ

ချင်း (ဂျင်း) ချဉ်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • အမျှင်ဓာတ်
  • ဆိုဒီယမ်
  • ပိုတက်ဆီယမ်
  • ကာဗိုဟိုက်ဒရိတ်
  • သကြားဓာတ်
  • ဗီတာမင် A
  • ကယ်လ်ဆီယမ် စတာတွေ ပါဝင်နေပါတယ်။

ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား

ဆူရှီနဲ့ တွဲစားတတ်တဲ့ ဂျင်းချဉ် ကျန်းမာရေးအတွက် ကောင်းသလား ဆိုတော့

  • သွေးတွင်းအဆီ ကျစေတယ်

ဂျင်းချဉ်က သွေးတွင်းကိုလက်စထရော ပမာဏကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် သွေးတွင်းအဆီကျစေဖို့ စားပေးလို့ ရပါတယ်။ သွေးတွင်းအဆီများတာကို ကာကွယ်ဖို့ရော သက်သာစေဖို့ပါ စားပေးလို့ ရပါတယ်။

  • သွေးလည်ပတ်မှု ကောင်းစေတယ်

ဂျင်းချဉ်ကလည်း ချင်း (ဂျင်း) လိုပဲ သွေးစီးဆင်း လည်ပတ်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးတာကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးတွေ ရောက်ရှိအောင် ထိထိရောက်ရောက် ပို့ဆောင်ပေးနိုင်မှာပါ။

  • အစားစားချင်စိတ် တိုးစေတယ်

ဂျင်းချဉ်က ခံတွင်းမြိန်စေပြီး အစားစားချင်စိတ် တိုးစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ခံတွင်းပျက်နေသူတွေလည်း စားပေးလို့ ရပါတယ်။

  • ကိုယ်ခံအား ကောင်းစေတယ်

ချင်း (ဂျင်း)က အခိုးပွင့်ပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးသလို ချင်း (ဂျင်း) ချဉ်ကလည်း ကိုယ်ခံအားကို အားဖြည့်ပေးပြီး အအေးမိတာ၊ ဖျားနာတာတွေကို သက်သာစေသလို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

  • ချောင်းဆိုး သက်သာစေတယ်

ချောင်းဆိုးနေတာကို သက်သာစေဖို့ ချင်း(ဂျင်း) ပြုတ်ရည် သောက်ပေးလို့ ရသလို ဂျင်းချဉ် စားပေးလို့လည်း ရပါတယ်။ ဒီတော့ ချောင်းဆိုးပျောက်ချင်ရင် ဂျင်းချဉ်လေး နဲ့ ဆူရှီလေး တွဲစားလိုက်တော့လေနော်။

  • ပျို့အန်တာကို သက်သာစေတယ်

ပျို့အန်မှုတွေ သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။ ပျို့ချင် အန်ချင်လာပြီဆိုရင် ဂျင်းချဉ်ကို နည်းနည်းလောက် ငုံထားပေးတာက သက်သာစေမှာပါ။

  • အာဟာရ စုပ်ယူမှု ကောင်းစေတယ်

ဂျင်းချဉ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက အာဟာရ စုပ်ယူမှု အားကောင်းစေပြီး  ခန္ဓာကိုယ်အတွက် အာဟာရ ပြည့်ဝစွာ ရရှိစေဖို့ ထောက်ကူပေးတာပါ။

  • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

ဂျင်းချဉ်က သကြားလုံးဝ မထည့်ဘဲ လုပ်ထားတာမျိုး ဖြစ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။

အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားသုံးပေးလို့ ရပါတယ်။

  • အစာခြေစနစ် ကျန်းမာစေတယ်

ဂျင်းချဉ်ကလည်း အချဉ်စိမ်ထားတာ ဖြစ်တာကြောင့် အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝသလို အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • ကားမူး သက်သာစေတယ်

ကားမူးတာ၊ လှိုင်းမူးတာတွေ သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။

  • ရာသီလာချိန် နာကျင်ကိုက်ခဲတာ သက်သာစေတယ်

လေဒီလေးတွေမှာ ခံစားရနိုင်တဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။

ဘာတွေ သတိထားရမလဲ

ဂျင်းချဉ်က ကျန်းမာရေးအတွက် အထောက်အကူပြုတာ မှန်ပေမယ့် အများကြီး စားမိမယ်ဆိုရင် ရင်ပူတာ၊ ပါးစပ်နဲ့ လည်ပင်းမှာ ပူစပ်ပူလောင် ဖြစ်တာ၊ အစာခြေစနစ် ထိခိုက်တာ၊ သွေးထွက်များတာတွေ ဖြစ်စေနိုင်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

သည်းခြေကျောက်တည်တဲ့ လူနာတွေ၊ သွေးကျဲဆေး သောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ဂျင်းချဉ်ကို အလွန်အကျွံမစားသင့်ပါဘူး။ ရောဂါအခံ ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Is Pickled Ginger Good For You https://dailymedicos.com/is-pickled-ginger-good-for-you/ Accessed Date 30 December 2022

Is Pickled Ginger Good for You? https://satia.com/blog/pickled-ginger-good-for-you Accessed Date 30 December 2022

The Benefits of Gari (Pickled Japanese Ginger) https://www.neridamoorhouse.com/blog/2017/8/25/gari Accessed Date 30 December 2022

What Are the Benefits of Pickled Ginger? https://healthyeating.sfgate.com/benefits-pickled-ginger-10875.html Accessed Date 30 December 2022

The Powerful Health Benefits Of Pickled Ginger (Gari) https://niftywellness.com/health-benefits-pickled-ginger/ Accessed Date 30 December 2022

ယခုပုံစံ

06/12/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကိုမစားသုံးသင့်ပါဘူး

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement