(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း
သီဟိုဠ်စေ့တွေမှာ ခန္ဓါကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓါတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပါတယ်။ သံဓါတ်ချို့တဲ့ရင်မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီးရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။
(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း
သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင်ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။
(၉) ကိုယ်ခံအားကောင်းစေခြင်း
ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကိုထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓါတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓါတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓါကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။
(၁၀) အဆီပါဝင်မှု
သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓါတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။
သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုး
ကျောက်ကပ်ကျောက်တည်ခြင်း –သီဟိုဠ်စေ့မှာ ခန္ဓါကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့oxalate saltsတွေပါဝင်ပါတယ်။ ကယ်လ်စီယမ်တွေကို မစုပ်ယူနိုင်ဘဲ စုပုံသွားရင်ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါ့ကြောင့်ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သီဟိုဠ်စေ့ကို နည်းနည်းသာချင့်ချိန်စားသင့်ပါတယ်။
ဓါတ်မတည့်ခြင်း –ကျန်းမာရေးအကျိုးကျေးဇူးတွေများပေမယ့် အစေ့အဆံတွေနဲ့ဓါတ်မတည့်သူတွေအတွက်ကတော့ အန္တရာယ်ရှိနိုင်ပါတယ်။ သီဟိုဠ်စေ့နဲ့ သစ်ကြားသီးတို့လို အစေ့အဆံတွေကို ဓါတ်မတည့်မှုဟာ အနည်းအကျဉ်းဖြစ်ရင်ဖြစ်နိုင်သလိုပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့်တော့အောက်ပါနောက်ဆက်တွဲပြဿနာတွေ ရှိလာစေနိုင်ပါတယ် –
- အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာများ– တချို့မှာ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အော့အန်ခြင်း တို့ခံစားရတတ်ပါတယ်။
- အသက်ရှူလမ်းကြောင်းပြဿနာ– နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒီထက်ပိုပြီးပြင်းထန်လာရင်တော့glottisedemaဒါမှမဟုတ် anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။