အသက်ရှူလမ်းကြောင်းရောဂါများ
flavonoid(ဖလဖ်ဗိုနွိက်စ်) ကြွယ်ဝတဲ့သံပရာအဆီကို ပရုတ်ဆီ၊inhaler ရှူဆေး စတဲ့ သလိပ်ပျော်၊ ချွဲကြေစေတဲ့ဆေးဝါးတွေ(သောက်သုံးရန်မဟုတ်)မှာ အသုံးပြုကြပါတယ်။ သံပရာခွံကိုခြစ်ပြီးရှူရင်ပဲ ရင်ကျပ်နဲ့ မအီမသာဖြစ်ခြင်းကိုချက်ချင်းသက်သာစေနိုင်ပါတယ်။
အဆစ်နာခြင်း
အဆစ်နာဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေထဲက တစ်ခုက ခန္ဓါကိုယ်ထဲမှာ ယူရစ်အက်စစ်တွေများနေလို့ဖြစ်ပါတယ်။ ယူရစ်အက်စစ်ဆိုတာ ခန္ဓါကိုယ်ထဲကနေ ဆီးနဲ့အတူစွန့်ထုတ်ဖယ်ရှားသင့်တဲ့ အရာတွေထဲ ပါဝင်ပါတယ်။ သံပရာသီးရဲ့ဆစ်ထရစ်အက်စစ် က ယူရစ်အက်စစ်တွေပျော်ဝင်နိုင်တဲ့ ပျော်ရည် တစ်မျိုးဖြစ်ပြီး ယူရစ်အက်စစ်တွေကို ဆီးနဲ့အတူပိုစွန့်ထုတ်နိုင်စေပါတယ်။
မျက်စိကျန်းမာရေး
ဗီတာမင် စီ ကြောင့်ပါပဲ မျက်စိအမြင်အာရုံကို ရင့်ရော်ခြင်းလက္ခဏာတွေနဲ့ မှုန်ဝါးခြင်းတို့အတွက် ကာကွယ်ပေးနိုင်ပါတယ်။
အဖျားကျစေခြင်း
ဖျားနေတဲ့သူတစ်ယောက်အတွက် သံပရာရည်က အရမ်းကိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ အရည်ရွှမ်းတဲ့အချဉ်သီးတွေက အများအားဖြင့် အဖျားကျစေနိုင်တဲ့အာနိသင်ရှိတာက ဗီတာမင် စီ ကြွယ်ဝမှုကြောင့် သဘာဝအတိုင်း ခန္ဓါကိုယ်အပူချိန်ကို ကျစေတာဖြစ်ပါတယ်။
ဂေါက်ရောဂါ
ဂေါက်ရောဂါဖြစ်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ ခန္ဓါကိုယ်ထဲfree radicalsတွေများနေတာရယ်၊ တခြားအဆိပ်အတောက်ဓါတ်တွေများနေတာရယ်(အထူးသဖြင့် ယူရစ်အက်စစ်)။ သံပရာသီးက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အဆိပ်အတောက်ဖယ်ရှားရေးဓါတ်(ဗီတာမင် C နဲ့flavonoid)တွေပါဝင်လို့ ဒါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဆီးလမ်းကြောင်းရောဂါများ
ပိုတက်စီယမ်ကြွယ်ဝမှုကြောင့်ကျောက်ကပ်နဲ့ ဆီးအိမ်အတွင်း စုပုံနေတဲ့ အဆိပ်အတောက်ဓါတ်တွေကို ဖယ်ရှားရာမှာ ထိရောက်တဲ့ အာနိသင်ရှိပါတယ်။ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းကြောင့်လည်း ဆီးလမ်းကြောင်းမှာပိုးဝင်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ဖြစ်ပေါ်မှုကို တားဆီးပေးပြီး ဆီးလမ်းကြောင်းအတွင်း ကယ်လ်စီယမ်စုပုံခြင်းကြောင့် ပိတ်ဆို့မှုကို ရှင်းလင်းစေပါတယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။