သစ်သီးဝလံများတွင် ကျန်းမာရေးအတွက်အကျိုးပြုသောဗီတာမင်များ၊သတ္ထုဓါက်များ၊ပိုတက်ဆီယမ်၊ဖောလစ်အက်စစ်၊အမျှင်ဓါက်နှင့်ကင်ဆာကိုအံတုနိုင်သောဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သည်။ သစ်သီးများကိုနေ့စဉ်စားသုံးသူများတွင်နာတာရှည်ရောဂါဖြစ်ပွားမှုလျော့နည်းသည်ကိုတွေ့ရသည်။ သို့သော်သစ်သီးများမစားသုံးမီသတိပြုဖွယ်အချက်အချို့တော့ရှိပါသည်။
သစ်သီးများကိုကျွန်ုပ်တို့စားသုံးသောနည်းသည်မှားယွင်းနေသလား
သစ်သီးများအားလုံးတွင်လိုအပ်သောအာဟာရများအားလုံးပါဝင်နေသည်ဟု ယူဆမိခြင်းသည်(လုံးဝ)မှားယွင်းသောအယူအဆဖြစ်ပါသည်။ဥပမာအားဖြင့်နာနတ်သီးနှင့်ဘလူးဘယ်ရီသီးကိုကြည့်ပါ။ နှစ်မျိုးစလုံးတွင်ဗီတာမင်ဓါတ်များပါဝင်သော်လည်းကာဘိုဟိုက်ဒရိတ်၊သကြားဓါတ်နှင့်အမျှင်များပါဝင်မှုမှာကွဲပြားသည်။ ကိုယ်အလေးချိန်လျှော့ချလိုသူအနေဖြင့်နာနတ်သီး၊ငှက်ပျောသီး၊ဖရဲသီးများသည်အချိုဓါတ်လွန်စွာများပြားသည့်အတွက်မရွေးချယ်သင့်ပါ။ အရောင်ရင့်အသီးများဥပမာ-စပျစ်သီးနှင့် ဘလူးဘယ်ရီသီးများကိုသာရွေးချယ်ပေးပါ။ ထို့ကြောင့်အသီးများအားလုံးကိုပမာဏအတူတူမစားသင့်ပါ။ မိမိအတွက်သင့်တော်မည့်အသီးကိုစဉ်းစားပြီးရွေးချယ်စားသုံးသင့်သည်။
သစ်သီးများသည်သဘာဝမှရပြီးကျန်းမာရေးနှင့်ညီညွတ်သဖြင့်လိုသလောက်စားနိုင်သည်
ကိုယ်အလေးချိန်လျှော့ချလိုသောအစီစဉ်ရှိလျှင်ထိုသို့မတွေးသင့်ပါ။ ကစီဓါတ်မပါသောဟင်းသီးဟင်းရွက်များကိုကြိုက်သလောက်စားနိုင်သော်လည်းသစ်သီးများကိုတော့ထိုသို့မဟုတ်ပါ။ သစ်သီးများသည်ချို၍အရသာရှိသောကြောင့်သင့်အနေဖြင့်ထပ်၍ထပ်၍စားချင်ပေလိမ့်မည်။ အသီးအနှံများကိုလွန်ကဲစွာစားသုံးပါကသကြားဓါတ်နှင့်ကယ်လိုရီအချိုးမညီဖြစ်ပြီးကိုယ်အလေးချိန်မြင့်တက်လာနိုင်သည်။ သင် သစ်သီးဘယ်လောက်စားလို့ရသလဲဆိုသည်မှာအသက်အရွယ်နှင့်ကြံ့ခိုင်မှုအပေါ်မူတည်၍စဉ်းစားမှသာအသီးအနှံများကသင့်အတွက်အကောင်းဆုံးကိုပေးနိုင်လိမ့်မည်။
အရသာကောင်းမွန်ပြီးဖြစ်သောကြောင့်အသီးများကိုသူ့ချည်းသက်သက်စားလိုသည်
အသီးတစ်ကိုက်စားခြင်းကမုန့်အချိုတစ်ခုစားခြင်းထက်ပိုကောင်းသော်လည်းသွေးတွင်းသကြားဓါတ်မြင့်တက်စေနိုင်သည့်အန္တရာယ်မှာမူ ရှိနေသေးသည်။ ထိုသို့မဖြစ်ရန်အသီးများကို အသားဓါတ်ပါသောဒိန်ခဲ(သို့မဟုတ်)ထောပတ်ဆီနှင့်ရော၍စားပေးပါ။ အသီးများကအင်ဆူလင်ဟော်မုန်းကိုထွက်စေချိန်တွင်အသားဓါက်က ဂလူကာဂွန်ဟော်မုန်းကိုထွက်စေသည်။ ထိုဟော်မုန်းနှစ်ခုသည ်သွေးတွင်းသကြားဓါတ်အပေါ်တွင်အာနိသင်မတူသည့်အတွက်အတူတကွအလုပ်လုပ်ခြင်းဖြင့်သကြား ဓါက်ကိုထိန်းညှိပေးသည်။
အော်ဂဲနစ်သစ်သီးမှမဟုတ် အသီးမှန်လျှင် အားလုံးကောင်းသည်
အော်ဂဲနစ်သစ်သီးများသည်ဈေးကြီးသည်ဖြစ်သော်လည်းလွန်စွာကောင်းမွန်သဖြင့်ရွေးချယ်စားသုံးရကျိုးနပ်သည်ဟုပညာရှင်တို့ကဆိုကြပါသည်။ ဓါတ်မြေသြဇာမသုံးဘဲ သဘာ၀ နည်းဖြင့်စိုက်ပျိုးထားသောပန်းသီး၊ စပျစ်သီး (သို့မဟုတ်) အခြားအသီးသီးတစ်မျိုးမျိုးတွင်
ပိုးသတ်ဆေးပါဝင်မှုမှာအလွန်နည်းပါးသည်။ ထို့ကြောင့်စားသုံးခြင်းဖြင့်အာဟာရဓါတ်များကိုပိုလျှံစွာရရှိနိုင်သည့်အပြင်အန္တရာယ်ရှိသောဓါတုဆေးဝါးများရန်မှလည်းကင်းဝေးနိုင်သည်။
အသီးစားလျှင်အခွံအမြဲခွာစားသည်
အသီးများတွင်အခွံသည်ဗီတာမင်နှင့်ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သောအစိတ်အပိုင်းဖြစ် သည်။ဥပမာ-ပန်းသီး၏အခွံတွင်သတ္ထုဓါက်၊ဗီတာမင်စီနှင့်ဗီတာမင်အေတို့ပါဝင်သည်။ အသီးများ ၏အခွံကိုပါစားပေးခြင်းအားဖြင့်အဝလွန်ခြင်းကိုကာကွယ်နိုင်သည့်အပြင် ကင်ဆာရောဂါကိုလည်း ကင်းဝေးစေသည်။ သင့်အနေဖြင့်အခွံကိုမစားချင်သော်လည်းရေနှင့်သေချာဆေးကြော၍ စားပေးပါ။ အသီးများ၏အခွံကိုပါစားသုံးခြင်း၏အကျိုးကျေးဇူးကို သင်သိပြီမဟုတ်ပါလား။
အသီးဖျော်ရည်များသည်အသီးမှရသည်ဖြစ်၍သောက်သုံးရသည်ကိုနှစ်သက်သည်။
အသီးဖျော်ရည်များသည်အသီးများကိုစားသုံးရခြင်းထက်ပို၍အဆင်ပြေသည်။ သို့သော်လည်းပန်းသီး ဖျော်ရည်နှင့်ပန်းသီးကို ဒီအတိုင်းစားခြင်း၏အာဟာရတန်ဖိုးကို နားလည်လျှင်သင်ဖျော်ရည်သောက်ချင်စိတ်ရှိတော့မည်မဟုတ်ပါ။ သစ်သီးဖျော်ရည်များတွင် အမျှင်ဓါတ်များမပါဝင်တော့ဘဲ ကြာရှည်ခံပစ္စည်းများနှင့်ဖြည့်စွက်ထားသောသကြားများသာပါဝင်သည်။ ထို့ကြောင့်သစ်သီးများကို ဆေးကြာသန့်စင်၍အစိတ်အပိုင်းအားလုံးပါဝင်အောင်စားပေးခြင်းဖြင့်ကျန်းမာရေးနှင့်ပြီးပြည့်စုံသည့်အပြင်ဓါတုပစ္စည်းများ၏ရန်မှလည်းကင်းဝေးနိုင်သည်။
အသီးများကိုစားသုံးခြင်းသည်ကျန်းမာရေးအတွက်ကောင်းသော်လည်းနည်းလမ်းမှန်စွာစားသုံးပါ ကပို၍အကျိုးရှိနိုင်သဖြင့်အထက်ပါအကြံပြုချက်များကိုလိုက်နာသင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။