backup og meta

ဇူချီနီ နဲ့ muffin ပြုလုပ်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဇူချီနီ နဲ့ muffin ပြုလုပ်နည်း

    ဒါက သွားရင်းလာရင်း မနက်စာအတွက် အဆင်ပြေပါတယ်။ သင့်အနေနဲ့ ဒီချက်နည်းအညွှန်းကို သင်ဆန္ဒရှိလျှင် zucchini (ဘူးသီးနွယ်ဝင် အသီးငယ်တစ်မျိုးဇူချီနီ) ပေါင်မုန့်အလုံးလုပ်လည်းရပါတယ်။ ချက်တဲ့အချိန်ကိုသာ မိနစ် ၅၀-၆၀ အထိသာ တိုးပေးပါ။

    အစားအစာအမျိုးအစား။ ။ အဆာပြေမုန့်

    ပြင်ဆင်ချိန်။ ။၁၅မိနစ်

    ပါဝင်သောပစ္ခည်းများ

    • muffin ဖျန်းဆေးဘူး spray

    • muffin (မက်ဖင်)ခွက်၁၂ခု

    • Splendaသကြားညိုခွက်ရဲ့သုံးပုံတစ်ပုံ

    • အချိုမပါတဲ့ပန်းသီးဆော့စ်ခွက်တစ်ဝက်

    • Canola ဆီခွက်ရဲ့ လေးပုံတစ်ပုံ

    • ကြက်ဥလေးလုံး

    • ဗနီလာလက်ဘက်ရည်ဇွန်းတစ်ဇွန်း

    • ဂျုံတစ်ခွက်

    • Old fashioned rolled oats တစ်ခွက်

    • မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်း

    • မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း

    • ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်

    • သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

    • စွံပလွန်သီးလှီးပြီးသားခွက်ရဲ့ လေးပံတစ်ပုံ

    • Zucchini (ဇူချီနီ) နုတ်နုတ်စင်းပြီးသား ခွက်နှစ်လုံး

    အာဟာရ အချက်အလက်များ

    Muffin (မက်ဖင်၊ ပေါင်မုန့်ငယ်) တစ်လုံးမှာ

    • ၁၄၅ကယ်လိုရီ

    • ကာဗွန်ဟိုက်ဒရိတ်၂၁ဂရမ်

    • ပရိုတိန်း၄ဂရမ်

    • အဆီ၅ဂရမ်

    • ပြည့်ဝဆီဝ.၅ဂရမ်

    • သကြား၆ဂရမ်

    • အမျှင်ဓါတ်၃ဂရမ်

    • ကိုလက်စထရောဝဂရမ်

    • ဆိုဒီရမ်၂၈၅မီလီဂရမ်

    • ပိုတက်ဆီရမ်၁၇၅မီလီဂရမ်

    ပြင်ဆင်ခြင်း

    1. မုန့်ဖုတ်စက်ကို၃၅၀ ဒီဂရီဖာရင်ဟိုက်အထိအပူပေးထားပါ။Cooking muffin spray ကိုဖြန်းဒါမှမဟုတ်muffin ခွက်လေးတွေစီထားပါ။

    2. ပန်းကန်လုံးအနေတော်ထဲမှာ Splenda သကြားညိုရည်၊ အချိုမပါတဲ့ ပန်သီးဆော့စ်၊ ကြက်ဥအကာနဲ့ ဗနီလာတို့ကို ပေါင်းထည့်ပြီး သေချာမွှေပါ။ ပြီးရင် ဘေးဖယ်ထားပါ။

    3. ပန်းကန်လုံးအကြီးထဲမှာ ဂျုံရယ် Oats ရယ် မုန့်ဖုတ်ပေါင်ဒါရယ် မုန့်ဖုတ်ဆိုဒါရယ် ဆားရယ် သစ်ကြံးပိုးမှုန့်ရယ်ကို ရောထားပါ။

    4. ပထမပန်းကန်လုံးထဲကို ဒုတိယပန်းကန်လုံးထဲက သကြားရည်အရောကို တစ်ခါတည်း လောင်းထည့်ပြီးမွှေပါ။

    5. Zucchini (ဇူချီနီ)ကို ရောမွှေပါ။ အနှစ်တွေကို၁၂ခွက်စာ ခွဲထားပါ။

    6. မိနစ်သုံးဆယ်ဖုတ်ပါ။ (သို့) သွားကြားထိုးတံလေးနဲ့ထိုး ကြည့်ပြီး ကျက်မကျက် သိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement