backup og meta

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား

အဆီလောင်ကျွမ်းဇုံရဲ့အမှန်တရား

အဆီလောင်ဖို့ ဖြစ်သင့်တဲ့အကောင်းဆုံးနှလုံးခုန်နှုန်းက ဘယ်လောက်ဖြစ်မလဲ။

အဆီလောင်ကျွမ်းဇုံဆိုတာက သင့်ရဲ့အဆီတွေ ပိုလောင်ကျွမ်းဖို့ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀ – ၈၀ ရာခိုင်နှုန်းမှာ ထိန်းသိမ်းနေသင့်တယ်ဆိုတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ကိုယ်အလေးချိန်ကျလိုပြီး fit ဖြစ်လိုပါက ယေဘုယျအားဖြင့် သင့်အားကစားလုပ်နှုန်းကို တိုးရမယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် အဆီလောင်ကျွမ်းဇုံကတော့ သိပ်မပြင်းထန်တာတွေကိုပဲ ဆော့ရမယ်လို့ ဆိုထားတယ်။ ဒီလိုဆော့ခိုင်းရတဲ့နောက်ကွယ်က အကြောင်းကဘာလဲ။ မှန်ရောမှန်ပါ့မလား။

နှလုံးခုန်နှုန်းနဲ့ အဆီကျခြင်းဆက်စပ်ချက်

ကြွက်သားတွေရဲ့ လောင်စာအဖြစ် ဂလူးကို့စ်ကို သင်ခန္ဓါက လိုပါတယ်။ အဓိက လောင်စာပင်ရင်းနှစ်ခုက ဂလိုင်ကိုဂျင်နဲ့အဆီ။ ဒါတွေကိုချေဖျက်ရင် ဂလူးကို့စ်၊ ရေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုပြီးရတယ်။ ဂလိုင်ကိုဂျင်တွေ အဆီတွေကို ဂလူးကို့စ်အဖြစ်ချေဖျက်ဖို့က အောက်စီဂျင်လိုတယ်။

အားကစားလုပ်နေတဲ့အချိန်မှာ ခန္ဓါကိုယ်က စွမ်းအင်ပိုလိုလာမယ်။ ဒါကြောင့် ဂလိုင်ကိုဂျင်နဲ့အဆီတွေကို ကလူးကို့စ်ဖြစ်အောင် အောက်စီဂျင်များများပို့ဖို့အတွက် နှလုံးကသွေးများများညှစ်ရတော့တယ်။

ကာဗိုဟိုက်ဒြိုက် ၁ ဂရမ်မှာ ၄ ကယ်လိုရီရှိပြီး အဆီ ၁ ဂရမ်မှာ ၉ ကယ်လိုရီရှိတယ်။ ဒါကြောင့် အဆီနဲ့ယှဉ်ရင် ဂလိုင်ကိုဂျင်က သိပ်သည်းမှုပိုနည်းတဲ့စွမ်းအင်သိုလှောင်ပုံစံဖြစ်လို့ ကလူးကို့စ်ဖြစ်လွယ်တယ်။ ဒီတော့ ဂလိုင်ကိုဂျင်က လေ့ကျင့်ခန်းလုပ်နေစဉ်ရမယ့် ပထမဆုံးစွမ်းအင်ရင်းမြစ်ပဲ။ ပိုပြင်းတဲ့လေ့ကျင့်ခန်းတွေက စွမ်းအင်ပိုလိုတော့ အဆီထက် ဂလိုင်ကိုဂျင်ကို အရင်သုံးတယ်။ သူကုန်မှသာ အဆီကို လာထိမှာပဲ။

အဆီလောင်ကျွမ်းဇုံသီအိုရီရဲ့အမှန်တရား

အဆီလောင်ကျွမ်းဇုံသီအိုရီက ဂလိုင်ကိုဂျင်ထက် အဆီကိုပိုသုံးပြီး ဝိတ်ကျစေဖို့ရာ ထောက်ပံ့တဲ့သီအိုရီပါပဲ။ သူတို့တွေဆိုကြတာက မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေက ပြင်းထန်တဲ့ဟာတွေထက် အဆီပိုလောင်စေတယ်။ ဘာလို့ဆိုတော့ မပြင်းထန်တဲ့အတွက် အမြန်စွမ်းအင်ရမယ့် ဂလိုင်ကိုဂျင်ကို သွားမထိတော့ဘူးလို့ ဆိုကြတယ်။ ဒါကြောင့် ဒီသီအိုရီက “အဆီလောင်ကျွမ်းဇုံ” မှာ တန့်နေနိုင်မယ့် မပြင်းထန် Cardio Workouts တွေကို ကြာကြာကစားဖို့ အားပေးထားတာပါပဲ။

ဒါပေမယ့် ဒါကနည်းနည်းတော့ အယူအဆမှားနေသေးတယ်။ မပြင်းထန်အားကစားတွေမှာ အဆီလောင်တာ အမှန်ဆိုသော်လည်း အဆီလောင်နှုန်းကနှေးတယ်။ ဒီတော့ ပြင်းထန်အားကစားတွေက အဆီလောင်မှုကိုမှီဖို့ဆိုရင် အားကစားလုပ်ချိန်ပိုလိုလာတာပေါ့။

ပြင်းထန်အားကစားတွေမှာ အမြန်ရစွမ်းအင် ဂလိုင်ကိုဂျင်ကို အရင်သုံးပေမယ့်လဲ ဂလိုင်ကိုဂျင်သိုးမှီးထားတာတွေကို အမြန်ကုန်စေပြီး အဆီကိုသွားထိဖို့က မြန်ပါတယ်။ ဆိုလိုတာက ပြင်းထန်အားကစားတွေရဲ့ စုစုပေါင်းကယ်လိုရီလောင်နှုန်းက အဆီ+ဂလိုင်ကိုဂျင်ဖြစ်လို့ လောင်ကျွမ်းစေရာမှာ ပိုအာနိသင်ရှိနေတယ်။ လောင်ကျွမ်းသောကယ်လိုရီစုစုပေါင်းကများရင် ဝိတ်ကျဖို့လဲမြန်မှာပဲ။

Training ဇုံလေးခု

နှလုံးခုန်နှုန်းကို monitor လုပ်ရင်းကစားတာက သင့်ခန္ဓါကိုယ်ရောက်ရှိနေတဲ့ ဇုံတွေကိုသိနိုင်သလို လေ့ကျင့်ခန်းအပြင်းအထန်ပေါ်မူတည်ပြီး သင့်ခန္ဓါကိုယ်ဘယ်လိုတုန့်ပြန်သလဲဆိုတာပါ သိနိုင်ပါတယ်။ နှလုံးခုန်နှုန်းကိုကြည့်ပြီး Training ဇုံလေးခုကို တွက်ကြည့်နိုင်ပါတယ်။

သွေးပူဇုံဆိုတာက နှလုံးသွေးကြောအဖွဲ့အစည်း၊ ကြွက်သားများနဲ့ အဆစ်များ လေ့ကျင့်ခန်းလုပ်ရန်အတွက် စပြင်တဲ့အချိန်ပါ။ ဒီမှာ သင်က အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၆၀ – ၇၀ % မှာ ရောက်နေပါပြီ။ ထိုအခြေအနေဟာ ဒီတိုင်းဆက်သွားရင်အချိန်အကြာကြီးလုပ်နိုင်မယ်လို့ ထင်မိတဲ့အချိန်မျိုးဖြစ်ပါတယ်။ ဒီဇုံရဲ့အလွန်ကတော့ ပြောနေခဲ့တဲ့ အဆီလောင်ကျွမ်းဇုံပါပဲ။ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၇၀ – ၈၀ % ကို ရောက်နေမယ်။ ဒီဇုံဟာလဲ ချွေးထွက်ပြီး ပုံမှန်ထက်နည်နည်းပိုအသက်ရှုနေရပြီဆိုပေမယ့် သက်တောင့်သက်သာရှိနေဆဲပဲ။ ဒီဇုံမှာ ဂလိုင်ကိုဂျင်ထက် အဆီကိုပိုလောင်စေတယ်ဆိုသော်လည်း နောက်လာမယ့်အဆင့်တွေနဲ့စာရင် အဆီလောင်မှုမှာ အတော်နည်းနေပါသေးတယ်။

နောက်တစ်ဆင့်မှာလဲ သက်တောင့်သက်သာနည်းနည်းရှိနေသေးပြီး အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၈၁ – ၉၀% ထိရောက်နေပါလိမ့်မယ်။ ဒီဇုံကို အေရိုးဗစ်ဇုံလို့ခေါ်ပြီး စကားကို တိုတိုလောက်သာ ပြောနိုင်တော့မယ်။ ဒီအချိန်မှာလောင်တဲ့ ကယ်လိုရီကတော့ အဆီထက် ဂလိုင်ကိုဂျင်ဖက်ကို ရောက်သွားပြီ။ ခြုံကြည့်ရင်တော့ ကယ်လိုရီအများအပြား လောင်နေပြီလို့ဆိုနိုင်ပါတယ်။ (ဒါ့အပြင် အေရိုးဗစ်ဇုံက နှလုံးညှစ်အားကိုပိုစေတာမို့ နှလုံးကျန်းမာရေးကောင်းစေပါတယ်။)

နောက်ဆုံးတော့ အမြန်ဆုံးနှလုံးခုန်နှုန်းရဲ့ ၉၄ – ၁၀၀% ထိရောက်ပါပြီ။ ဒီအချိန်ကို အန်အေရိုးဗစ်နယ်နိမိတ်လို့သတ်မှတ်ပါတယ်။ ပင့်သက်ရှိုက်အောင့်မောနေပြီး စကားလဲမပြောနိုင်တော့။ ပြင်းထန်တဲ့အချိန်ဖြစ်ပြီးေ တစ်မိနစ်ထက်ပိုမနေနိုင်တဲ့အဆင့်ဖြစ်တဲ့အပြင် ဂလိုင်ကိုဂျင်ကလဲ ပြန်ဖြည့်ဖို့ အလျင်မမှီနိုင်တဲ့အချိန်ပါပဲ။ အန်အေရိုးဗစ်ကာလက အဆီနဲ့အေရိုးဗစ်ဇုံကို ချဲ့ပေးပြီး ကယ်လိုရီအမြောက်အများကို သုံးစေပါတယ်။ ဒါကြောင့် ဒီကာလဟာ afterburn (ခဏတာ ဇီဝရုပ်ဖြစ်ပျက်နှုန်း မြန်သွားခြင်း) ဝင်လာတဲ့အချိန်ပါပဲ။ ဒါကို လေ့ကျင့်ခန်းလုပ်ပြီးနောက် အောက်စီဂျင်ဆက်သုံးနေခြင်းလို့လဲခေါ်တယ်။ မပြင်းထန်အားကစားတွေနဲ့ယှဉ်လိုက်တဲ့အခါမှာ ပြင်းထန်အားကစားလုပ်ပြီးတဲ့နောက် သင့်ခန္ဓါကိုယ်က ကယ်လိုရီတွေကိုပိုပြီးဆက်လောင်စေပါတယ်။ ပြင်းထန်အားကစားတွေက လေ့ကျင့်ခန်းလုပ်စဉ်ရော လုပ်ပြီးတဲ့နောက်ရောပါ ကယ်လိုရီတွေကိုလောင်နေစေတာမို့ ပိုအကျိုးများပြီး နှလုံးကိုပိုကျန်းမာစေပါတယ်။ ဒါပေမယ့်လို့ သင်က မပြင်းထန်တာကိုပဲကြိုက်တယ်ဆိုရင်တော့ တူညီတဲ့ကယ်လိုရီလောင်ကျွမ်းမှုကိုရချင်ရင် အချိန်ကိုပိုကြာကြာလုပ်ဖို့တော့ လိုပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The Truth About Heart Rate and Exercise. (n.d.). Retrieved August 06, 2017, from http://www.webmd.com/fitness-exercise/features/the-truth-about-heart-rate-and-exercise#1

Waehner, P. (2017, March 30). The Real Truth About Your Fat Burning Zone – Get Out of It for Weight Loss. Retrieved August 06, 2017, from https://www.verywell.com/the-truth-about-the-fat-burning-zone-1231545

Quinn, E. (2016, July 5). The Truth About “The Fat Burning Zone”. Retrieved August 06, 2017, from https://www.verywell.com/the-fat-burning-zone-3119977

Waehner, P. (2017, May 18). 3 Ways to Burn More Fat With Exercise. Retrieved August 06, 2017, from https://www.verywell.com/body-into-fat-burning-machine-1231548

Paul Rogers | Reviewed by a board-certified physician. (2017, February 2). How to Burn More Fat When You Exercise. Retrieved August 06, 2017, from https://www.verywell.com/how-to-burn-more-fat-secrets-of-exercise-physiology-3498340

ယခုပုံစံ

01/02/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီးအခွံကို စားပေးရင် ကျန်းမာမှာလား!

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement