home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

အကြိတ်လွန်သွားတဲ့ အစားတလိုင်းတို့အတွက် အကျိုးပြုမယ့်အစားအစာများ

ဒါ့ကြောင့် အစားများသွားတဲ့အခါ ဘာလေးတွေနဲ့ ဖြေလို့ရလဲဆိုတာ အစားတလိုင်းလေးတွေကို အကြံပေးလိုက်မယ်နော်။ ဒါလေးတွေက ကူညီပေးပါလိမ့်မယ် –

ဒိန်ချဉ်

ဒိန်ချဉ်ရဲ့အကျိုးပြုဘက်တီးရီးယားအစွမ်းကြောင့် အစားအစာကြောင့် ဒါမှမဟုတ် အစားများလို့ဖြစ်လာတဲ့ ဗိုက်ပြဿနာတွေကိုပြေလည်စေနိုင်ပါတယ်။lactobacillus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေကြောင့် အူတွင်းဘက်တီးရီးယားတွေကို ထိန်းညှိပေးနိုင်ပြီး ဝမ်းပြဿနာနဲ့လေပြဿနာကိုဖြေရှင်းပေးနိုင်ပါတယ်။

ငှက်ပျောသီး

အစားအသောက်တွေစားပြီးတဲ့အခါ အာခေါင်ခြောက်၊ရေငတ်ပြီးသွေးတိုးနေတာတွေ ကြုံဖူးတယ်မလား။ ဒါဆို ငှက်ပျောသီးလေးသာ စားလိုက်ပါ။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ကြွယ်ဝလို့ အငန်များတဲ့အစားအစာတွေရဲ့ သက်ရောက်မှုကို သက်သာစေပြီးသွေးဖိအားကိုကျစေပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းရေနွေးကြမ်းတစ်ဖန်ခွက်မှာ ကိုလက်စထရောကိုကျစေတဲ့flavonoidsတွေ အပြည့်အဝပါဝင်ပါတယ်။ ဒါ့ကြောင့် စားပြီးရင် လက်ဖက်စိမ်းသောက်လိုက်တာနဲ့ အကျိုးမပြုတဲ့သွေးတွင်းကိုလက်စထရော(LDL) ပမာဏကိုလျော့ကျစေနိုင်တယ်၊သွေးဖိအားကိုလည်း ပုံမှန်ပြန်ဖြစ်စေပါတယ်။

အခွံမာသီးနဲ့ အစေ့အဆန်များ

အစားများခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကိုတိုးစေတဲ့အတွက် အခွံမာသီးနဲ့ အစေ့အဆန်လေးနည်းနည်းတော့စားပေးသင့်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီး၊မြေပဲနဲ့ တခြားအစေ့အဆန်တွေက အကျိုးပြုအဆီဓါတ်(omega-3 fatty acids)၊ မပြည့်ဝဆီတွေနဲ့ ဗီတာမင် E တို့ကြွယ်ဝတဲ့အတွက်သွေးတွင်းကိုလက်စထရောကိုကျစေပြီးသွေးကြောတွေကိုကာကွယ်ပေးနိုင်ပါတယ်။

ဟင်းနုနွယ်

အစားများများစားပြီးတဲ့အခါ ခန္ဓါကိုယ်မှာလုပ်ဆောင်စရာတွေ များပါတယ်။ ဟင်းနုနွယ်မှာ အဆီတွေချေဖျက်တဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်ကို မြန်စေနိုင်တဲ့ ဗီတာမင်B2 ကြွယ်ဝပါတယ်။ ဗီတာမင် B တွေကရောဂါတွေကိုတိုက်ဖျက်ရာမှာ အကူအညီပေးနိုင်ပါတယ်။ ဒီအရွက်ကို အပူပေးရုံပေးပြီး စားပေးတာအကောင်းဆုံးပါ။ ကြာကြာပြုတ်ရင်တော့ ဗီတာမင်နဲ့သတ္တုဓါတ်တွေ ပါသွားနိုင်ပါတယ်။ ဥပမာဟော့ပေါ့စားတယ်ဆိုရင်နောက်ဆုံးပြီးခါနီးကျ အရွက်ကိုဖျောပြီးစားလိုက်ပါ။

ချင်း

ချင်းက အစာခြေလမ်းကြောင်းအတွင်းမှာရှိတဲ့ ကြွက်သားတွေကိုပြေလျော့စေပြီးလေတွေဖယ်ရှားပေးပါတယ်။ အစာကြေမြန်စေတယ်။ အားလုံးစားလို့ပြီးတဲ့အချိန် ချင်းရေနွေးကြမ်းတစ်ခွက်သောက်လိုက်ရင် ကွက်တိပဲလေ။

လိမ္မော်သီး

ဗီတာမင် C ကြွယ်ဝပြီး အရသာရှိတယ်၊ အအီပြေစေတဲ့ လိမ္မော်သီးလေးက ကိုယ်တွင်းဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး အဆီတွေကို ပိုပြီးချေဖျက်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားလည်းကောင်းစေတယ်။ လိမ္မော်သီးနဲ့ အချိုတည်း ဒါမှမဟုတ် လိမ္မော်ရည်လေးသောက်ပါ။ (အချိုများတဲ့ပုလင်းအချိုရည်တွေထက် အသီးဖျော်ရည်က ပိုကောင်းပါတယ်)

ရေသောက်ပါ

ခန္ဓါကိုယ်ထဲ စားသောက်ထားသမျှကိုရေနဲ့ဆေးချလိုက်ပါ။ရေသောက်ခြင်းက အစာကြေမြန်စေရုံမက ဝမ်းကိုပျော့စေပြီး အစာစွန့်စနစ်ကိုလွယ်ကူစေပါတယ်။ အစားတလိုင်းလေးတွေ အဆင်ပြေပါစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။