ကျန်းမာရေးကောင်းမွန်စေဖို့ ကျွဲကောသီးစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ရှောက်သီးအကြီးစားလို့ ဆိုရလောက်အောင် ရှောက်သီးပုံစံနဲ့ ချဉ်တဲ့အရသာ ရှိတဲ့ ကျွဲကောသီးကတော့ တော်တော်များများ ကြိုက်တဲ့အသီးပါ။ အချိုအရသာပါတဲ့ ကျွဲကောသီးလည်း ရှိပါတယ်။ ကျွဲကောသီးဟာ ရာသီစာဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးတစ်မျိုးပါ။ ကျွဲကောသီးရဲ့ သိပ္ပံအမည်ကတော့ Citrus maximaပဲ ဖြစ်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်ချင်တယ်ဆိုရင်တော့ ကျွဲကောသီး စားပေးဖို့ လိုပါတယ်။ ကျွဲကောသီးမှာ မဂ္ဂနီဆီယမ် ဓါတ်တွေ ပါဝင်တာကြောင့် နှလုံး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ပိုတက်စီယမ် များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ သွေးထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။

အနာတွေရှိပြီး အနာတော်တော်နဲ့ မကျက်ဘဲ ရင်းနေတယ်ဆိုရင် ပိုးမွှားတွေ ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ကျွဲကောသီးဟာ ဒီလိုမျိုး ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့အအပြင် အအေးမိ ဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။

ဗီတာမင် အေ ပါဝင်မှုကတော့ အသားအရေအတွက် အထူးကောင်းမွန်စေပါတယ်။ ကျွဲကောသီးမှာ ဗီတာမင် အေ များများ ပါဝင်တာကြောင့် အရေပြားအတွက် သွေးလည်ပတ်မှု ရရှိစေပြီး မျက်ကွင်းညိုတာတွေ လျှော့ချပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းတာတွေကို လျှော့ချပေးနိုင်တဲ့ collagen လည်း ပါဝင်သေးတာမို့ နုပျိုစေမှာပါ။ ကျွဲကောသီး စားသုံးခြင်းဟာ အစက်အပျောက်တွေကို လျှော့ချပေးနိုင်သလို ဝက်ခြံတွေ မဖြစ်အောင်လည်း ထိန်းသိမ်းပေးပါတယ်။

ကျွဲကောသီးဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကြောင့် နာကျင်တာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကျွဲကောသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဆီးလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးပါပဲ။

ကျွဲကောသီးမှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ပါဝင်တာဟာ ရင်သားကင်ဆာနဲ့ အူကင်ဆာတွေ ဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ Estrogen ပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေ ပြန့်ပွားတာကိုလည်း ထိန်းချုပ်ထားပေးပြီး အမျှင်ဓါတ်ကတော့ အူမကြီး ကင်ဆာ မဖြစ်ဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။

ကျွဲကောသီးမှာ အချဉ်ဓါတ်နဲ့ အမျှင်ဓါတ် များများပါဝင်တာဟာ အငြင်းပွားစရာ လိုမယ်တောင် မထင်ပါဘူး။ တစ်နေ့ကို အမျှင်ဓါတ်(၂၅%) ရရှိမှသာ အစာခြေစနစ် ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပြီး ဝမ်းချုပ်ခြင်းကင်းဝေးမှာပါ။ နောက်ပြီးတော့ ကျွဲကောသီး စားသုံးခြင်းဟာ အစားစားချင်စိတ်ကိုလည်း တိုးတက်စေပါသေးတယ်။

အလုပ်တွေ ပင်ပန်းတဲ့အခါနဲ့ ကြွက်သားတွေ တောင့်တင်းအောင် အလုပ်လုပ်တဲ့အခါမှာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးတွေ မဖြစ်ချင်ဘူးဆိုရင်တော့ ကျွဲကောသီးလေး ကြိုတင်စားသုံးပေးဖို့ တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ကျွဲကောသီးမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်က ကြွက်သားတင်းမာမှုကို ပြေလျော့စေတာကြောင့်ပါ။

ကျွဲကောသီး များများ စားပေးသင့်တဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ကျွဲကောသီးဟာ အဆီပိုတွေကို လောင်ကျွမ်းစေပြီး ခန္ဓါကိုယ်အလေးချိန် ကျစေတာကြောင့်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဝတယ်လို့ ခံစားနေရရင်တော့ ကျွဲကောသီးလေး စားပေးပါ။ ကျွဲကောသီးမှာ ပိန်စေနိုင်တဲ့ အင်ဇိုင်းဓါတ်တွေ ပါဝင်ပါတယ်။

ကျွဲကောသီး စားသင့်တဲ့ အကြောင်းပြချက်တွေကို သိရပြီဆိုတော့ ကျွဲကောသီးပေါ်ချိန်ကျ မမေ့မလျော့စားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

ငရုတ်ပွသီး ၊ corona virus ၊ နေကြာစေ့ ၊ ကီဝီသီး ၊ လက်ဖက်စိမ်း ၊ သင်္ဘောသီး ၊ နနွင်း ၊ သစ်ကြားသီး ၊ ဒိန်ချဉ် ၊ မြင်းခွာရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ

ခံတွင်းကင်ဆာ ကင်ဆာဆဲလ် ကင်ဆာအဆင့် ကျန်းမာရေး ခံတွင်းကျန်းမာရေး စိတ်ခွန်အား မိသားစု ကင်ဆာကုထုံး အစာအာဟာရ ကျန်းမာစွာနေထိုင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ကင်ဆာရောဂါများ, အခြားကင်ဆာများ အောက်တိုဘာ 30, 2019 . 2 mins read

ဖုန်းလျှော့သုံးခြင်းဖြင့် ညဘက်အိပ်မပျော်တဲ့ပြဿနာကို ဖြေရှင်းကြမယ်

အိပ်မပျော်ခြင်း ဆယ်ကျော်သက် လူငယ် ဖုန်းအသုံးပြုခြင်း မျက်စိ အမြင်အာရုံထိခိုက်ခြင်း စိတ်ဖိစီးမှု ကျန်းမာစွာနေထိုင်ခြင်း ကျန်းမာရေးပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင် ကျွဲကောသီး

ကျွဲကောသီး လေးစားရတာ ရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်။ ဒါဆို ဘယ်လို အကျိုးကျေးဇူးတွေ ရှိတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

ကောင်းမွန်သောအာဟာရ နှင့် ကောင်းမွန်သောခုခံအားစနစ်၏ ဆက်စပ်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 11, 2020 . 2 mins read
အမြင်အာရုံအတွက် အမှားတစ်ရံနဲ့ အမှန်တရားများ

အမြင်အာရုံအတွက် အမှားတစ်ရံနဲ့ အမှန်တရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020 . 2 mins read
အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ

အတွေ့ရများသော အာဟာရဓာတ်ချို့တဲ့ခြင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် မေ 15, 2020 . 3 mins read