backup og meta

လူကြီးမိဘတွေရဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဉာဏ်စွမ်းရည် လျော့ကျမသွားရအောင် ဘယ်လိုကူညီပေးမလဲ

လူကြီးမိဘတွေရဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဉာဏ်စွမ်းရည် လျော့ကျမသွားရအောင် ဘယ်လိုကူညီပေးမလဲ

သက်ကြီးပိုင်းအရွယ်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်၊ တွေးခေါ်နိုင်စွမ်းတို့က ကျဆင်းသွားပြီလို့ ကာလရှည်ကြာ လက်ခံထားကြပါတယ်။ ဒါ့ကြောင့် လူကြီးတွေဟာ တီဗီပဲ အဆက်မပြတ် ထိုင်ကြည့်နေတာ၊ ကျန်းမာရေးနဲ့မညီတာတွေစားတာ၊ ပွစိပွစိပိုပြောလာတာ၊ စိတ်ဖိစီးမှုတွေတိုးလာတာ တွေနဲ့ပဲ နေ့စဉ်ဘဝကို ဖြတ်သန်းလာကြပြီး အနာဂတ်အတွက် စိတ်ကူးတွေ၊ ဦးတည်ချက်တွေကို စွန့်ပစ်လိုက်ကြပါတယ်။

အစာအာဟာရ

လူကြီးတွေအတွက်က အားဆေးတွေထက် အစားအစာကရတဲ့အာဟာရတွေကို ပိုဦးစားပေးဖို့ ဆရာဝန်တွေက ညွှန်းပါတယ်။ ဦးနှောက်ကျန်းမာရေးအတွက် ဓါတ်စာတွေက ဦးနှောက်ဆီကို သွေးလည်ပတ်မှုကောင်းစေပြီး အဆီနဲ့ကိုလက်စထရောနည်းပါးတဲ့အပြင် ဗီတာမင်တွေ၊ omega-3s နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်မှု မြင့်မားတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်း အကျိုးအာနိသင်တူတူပါပဲ။ ဦးနှောက်ကျန်းမာရေးအတွက် – စွပ်ပြုတ်၊ အသားပေါင်းတွေ၊ ပဲအမျိုးမျိုး၊ အသီးအရွက်တွေရောစပ်ထားတဲ့ ဆော့စ်အချဉ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ဘယ်ရီသီးတွေ၊ ထောပတ်သီး၊ လက်ဖက်ရည်ကြမ်းတို့အပြင် ဆော်လမွန်ငါး၊ သစ်ကြားသီး၊ ငါးသေတ္တာငါး၊ လက်ဖက်စိမ်း၊ ချောကလက်၊ ကြက်ဥတို့က စားသုံးသင့်တဲ့စာရင်းမှာ ပါဝင်ပါတယ်။

ဒီလို လိုအပ်တဲ့အာဟာရဓါတ်တွေ၊ ဗီတာမင်တွေရရှိနိုင်ဖို့ အစားအစာတွေအပြင် လူကြီးတွေအတွက် စီမံထုတ်လုပ်ထားတဲ့ Abbott Nutrition ရဲ့ Ensure လို ဖြည့်စွက်အာဟာရတွေနဲ့လည်း ကူညီအားဖြည့်ပေး နိုင်ပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓါတ် ၂၆ မျိုးပါဝင်တဲ့ Ensure က ကယ်လိုရီစားသုံးမှု ပမာဏကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးပြီး အာဟာရပြည့်အောင်လည်း အထောက်အကူပေးနိုင်ပါတယ်။ သူ့မှာ ပြည့်ဝတဲ့ ကယ်လိုရီဓါတ်တွေနဲ့ ပရိုတင်းတွေ ပါရှိတာကြောင့် ကျန်းမာတဲ့ပုံမှန်ကိုယ်အလေးချိန်ရရှိအောင် အားဖြည့်နိုင်ပါတယ်။

Ensure Plus က သက်ကြီးပိုင်းအရွယ်တွေအတွက်အာဟာရလိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်တဲ့အပြင် နာတာရှည်ရောဂါတွေကြောင့် ခံတွင်းပျက်၊ အစားမဝင်သူတွေမှာလည်း Ensure Plus က ကွက်လပ်ဖြည့်ပေး နိုင်ပါတယ်။ ခဏဖြစ်ဖြစ်၊ ရေရှည်ဖြစ်ဖြစ် ပုံမှန်သောက်သုံးသွားရင် Ensure Plus ကြောင့် ခန္ဓါကိုယ်မှာလိုအပ် သမျှအာဟာရဓါတ်တွေကို ရရှိစေမှာဖြစ်ပါတယ်။

လူကြီးမိဘတွေမှာ အရိုးပွရောဂါ၊ အဆစ်ရောင်ရောဂါနဲ့ ခန္ဓါကိုယ်ကြံ့ခိုင်ရေးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်မလာအောင်၊ ဖြစ်လာရင်လည်း ရောဂါဆက်မတိုးအောင် ကိုယ်လက်လှုပ်ရှားမှုက အရေးကြီးပါတယ်။ တခါတရံ ဦးနှောက် ကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းတွေလိုပါတယ်။

သက်ကြီးပိုင်းအရွယ် မိဘတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိုးဆွပေးတဲ့လှုပ်ရှားမှုနည်းလမ်းတွေ စီစဉ်ပေးတာက သူတို့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ နဲ့ ဘဝအရည်အသွေးအတွက် ပိုကောင်းစေပါလိမ့်မယ်။

မှတ်ဉာဏ်နဲ့ အတွေးဉာဏ် လုပ်ဆောင်ချက်ပိုကောင်းစေဖို့

၁။ ကစားနည်းတွေနဲ့အဖြေရှာ – လူကြီးမိဘတွေကို တခုခုမလုပ်ခင် စဉ်းစားဆုံးဖြတ်ရတဲ့ ဉာဏ်သုံးကစားနည်းတချို့ သင်ပြပေးပါ။ တခြားသူတွေနဲ့ ဖဲချပ်ကစားတာကလည်း ဦးနှောက်ဉာဏ်ရည် ကိုနှိုးဆွပေးနိုင်ပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံမှုပိုရစေပါတယ်။ စကားလုံးဆက် ကစားနည်းတွေ၊ ရုပ်ပုံပဟေဠိ၊ စကားလုံးပဟေဠိတို့အပါအဝင် ပဟေဠိအဖြေရှာရတဲ့ဂိမ်းတွေက ပိုကောင်းပါတယ်။

၂။ မြေးမြစ်တွေကိုပါဝင်ကစားခိုင်းပါ – ကလေးတွေကို ပဟေဠိဂိမ်းတွေမှာ အဘိုးအဘွားတွေနဲ့အတူ နေ့တိုင်းဝင်ကစားခိုင်းပါ။ ကစားလို့ပြီးသွားရင် အဘိုးအဘွားတွေကိုရော၊ ကလေးတွေကိုပါ ဂုဏ်ပြုချီးမွမ်းပေးပါ။ ပျော်ပျော်ရွှင်ရွှင် ပဟေဠိဖြေရှင်းရင်း ချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေးရနိုင်တာက အကျိုးအမြတ်တစ်ခုပါပဲ။

၃။ ဒိုင်ယာရီ စရေးခိုင်းပါ – လူကြီးမိဘတွေကို ဒိုင်ယာရီစရေးဖို့ အကြံပေးပြီး စာအုပ်ကောင်းကောင်း၊ ဘောပင်ကောင်းကောင်းဝယ်ပေးလိုက်ပါ။ ကိုယ်လုပ်ဆောင်ခဲ့သမျှကို လက်ရှိမှတ်ဉာဏ်နဲ့ မှတ်တမ်းတင် ဖို့အပြင် နောက်ရက်တွေမှာ လုပ်ဆောင်ချင်တဲ့အရာတွေ၊ အစီအစဉ်တွေအကြောင်းကိုလည်း ထည့်ရေးဖို့ အကြံပြုပါ။ တစ်ရက်တစ်ရက် အကြောင်းရေးချလာတာနဲ့အမျှ စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျခြင်းအကြောင်း တွေ လျော့ပါးပျောက်ကွယ်လာပါလိမ့်မယ်။

၄။ အာဟာရကို ဂရုစိုက်ပေးပါ – လူကြီးတွေအတွက် သင့်လျော်တဲ့အာဟာရဓါတ်ရရှိနိုင်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်မှုများတဲ့အစာအာဟာရဖြစ်ဖို့ပါပဲ။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဦးနှောက်နဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ ကော်ဖီနဲ့ ကဖင်းဓါတ်ကလည်း ဦးနှောက်အတွက် ကောင်းတယ်လို့ သုတေသနအများစုက ဖော်ပြကြပါတယ်။

၅။ ဆေးလိပ်ဖြတ်ခိုင်းပါ – ဆေးလိပ်သောက်တယ်ဆိုတာ ကောင်းကျိုးမရှိဘဲ ဦးနှောက်အပေါ်ဆိုးကျိုးပဲ များစေပါတယ်။ ဆေးလိပ်သောက်တတ်တဲ့ မိဘရဲ့အနီးမှာ ဆေးလိပ်ပြာခွက်တွေ၊ မီးခြစ်တွေကို ဖယ်ရှားထားပြီး ကိုယ်ဆေးလိပ်သောက်ချင်ရင်တောင် ကွယ်ရာမှာသွားသောက်ပါ။

၆။ လမ်းလျှောက်ထွက်ခိုင်းပါ – လူကြီးတွေရဲ့ဦးနှောက်ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုက အရေးကြီးပါတယ်။ နေ့တိုင်း အိမ်အနီးတဝိုက် သို့မဟုတ် ခြံဝင်းထဲမှာ အဖော်တစ်ယောက်နဲ့ လမ်းလျှောက်ခိုင်းပါ။ မိဘတစ်ဦးဦးက လမ်းလျှောက်ဖို့အခက်အခဲရှိနေရင် အိမ်ထဲမှာပဲ လမ်းလျှောက်သလိုပုံစံမျိုး ခြေတစ်ဖက်စီကို ၁၀ စက္ကန့်လောက်ကြွပြီး တစ်နေ့ကို မိနစ် ၃၀ လောက် လှုပ်ရှားပေးတာက ပိုကောင်းပါလိမ့်မယ်။ ဒီနည်းက ဦးနှောက်အတွက် သွေးလည်ပတ်မှုကောင်းစေနိုင်တဲ့ အပြင် အဆုတ်၊နှလုံး၊နဲ့တခြားရောဂါဝေဒနာတွေအတွက်လည်း အကျိုးရလဒ်ကောင်းစေနိုင်ပါတယ်။

၇။ ဧည့်သည်တွေဖိတ်ပါ – အထီးကျန်ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် တကယ့်ကိုရန်သူပါ။ အထူးသဖြင့် ပွဲလမ်းသဘင်တွေ၊ တွေ့ဆုံပွဲတွေ၊ လူမှုဆက်ဆံရေးတွေမှာ မပါဝင်နိုင်တော့တဲ့အခါမျိုးမှာ ပိုဆိုးပါတယ်။ အပတ်စဉ် ဒါမှမဟုတ် ရံဖန်ရံခါလောက်ဖြစ်ဖြစ် အမေနဲ့အဖေ ရဲ့ဧည့်သည်တွေကိုအိမ်လာဖို့ ဖိတ်ကြားပေးပါ။ သူတို့အချင်းချင်း ဇရာအကြောင်း ပြဿနာတွေမဆွေးနွေးကြဘဲ ဟိုးအရင်က အကြောင်းတွေ၊ ပွဲတွေ၊ အထူးသဖြင့် အတွေ့အကြုံဗဟုသုတတွေအကြောင်းပဲ ပြောဆိုဆွေးနွေးကြဖို့ အကြံပြုပါ။ ဒါမှမဟုတ် နောက်လ၊ နောက်နှစ်တွေမှာ သူတို့ဘာတွေလုပ်ချင်တဲ့ဆန္ဒရှိသလဲ၊ မနက်ဖြန်ဘာလုပ်ကြမလဲ စသဖြင့် ပြောဆိုကြဖို့ တိုက်တွန်းပါ။

၈။ ရယ်မောပျော်ရွှင်အောင်ထားပါ – ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ပါး လို့ ဆိုရိုးရှိပါတယ်။ ရယ်မောခြင်းအားဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ မိဘတွေက အရမ်းကို အထီးကျန်နေတယ်ဆိုရင် ရုပ်ရှင်တွေ၊စာအုပ်တွေက စိတ်ပျော်စေနိုင်ပါတယ်။ ဟာသရုပ်ရှင်တွေ ကြည့်ရင်းနဲ့ စိတ်ဓါတ်ကျခြင်းကို ကုစားနိုင်ပြီး မကောင်းတဲ့ခံစားချက်တွေကို ပြေလည်စေပါတယ်။

၉။ အပြင်ခေါ်သွားပါ – တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက်တော့ ကိုယ့်မိဘတွေနဲ့အတူ အပြင်သွားပါ။ စားသောက်ဆိုင်လိုက်ကျွေးတာ၊ ကိုယ့်အနီးတဝိုက်က အရောင်းပွဲတော်၊ ဖျော်ဖြေပွဲတစ်ခုခုကိုသွားတာမျိုး လည်းအဆင်ပြေပါတယ်။ ဒီလိုခေါ်သွားပေးခြင်းအားဖြင့် အပြင်လောကကို အဆက်အသွယ်မပြတ်တော့ဘဲ ကိုယ်ဟာလည်း ဒီလောကထဲမှာ အပါအဝင်ဖြစ်နေသေးတယ်လို့ လူကြီးမိဘတွေ ခံစားမိလာအောင် လုပ်ပေးနိုင်ပါတယ်။

၁၀။ လုပ်ဆောင်နိုင်စွမ်းရှိသေးတယ်လို့ အသိအမှတ်ပြုပေးပါ – ငယ်တုန်းမှာ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ချိန်က အရေးပါတယ်၊လေးစားခံရတယ်လို့ ခံစားခဲ့ရပေမယ့် အသက်ကြီးလာတဲ့အခါ ဒါတွေ ပျောက်ဆုံးသွားပြီလို့ လူကြီးတွေကထင်ကြပါတယ်။ သူတို့ကို တစ်နေရာရာကနေ ဝင်ကူလုပ်ဆောင်ခိုင်းပေးပြီး ကိုယ်တိုင်ဖြစ်မြောက်အောင်လုပ်ဆောင်စေပါ။ လုပ်နိုင်တယ်ဆိုတဲ့ စိတ်လေး ခံစားမိလာစေဖို့ပါ။ မိဘတွေရဲ့ လုပ်ဆောင်ချက်အသေးအမွှားလေးတွေကိုတောင် ချီးမွမ်းအသိအမှတ်ပြုပေးပါ။

ချစ်ခင်ရတဲ့ လူကြီးမိဘတွေအတွက် လိုအပ်ချက်တွေက အမြဲပြောင်းလဲနေတာကြောင့် လူငယ်တွေအနေနဲ့ အမြဲမပြတ် လေ့လာပြီး သင့်လျော်သလိုတုံ့ပြန် စောင့်ရှောက်ပေးရမှာပါ။ လမ်းညွှန်ထောက်ပြတာတွေက ကောင်းမွန်ပေမယ့် ကိုယ်တဲ့မိဘချစ်စိတ်ချင်းတူ၊ တွေ့ကြုံနေရတာချင်းတူတဲ့သူတွေနဲ့ အပြန်အလှန်အားပေးပြီး အကြံဉာဏ်တွေ ဖလှယ်တာကလည်း အကျိုးရှိနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What to do to strengthen your parents’ memory and brain function

http://www.boomers-with-elderly-parents.com/Elderly-Parents-Activities.html

https://www.agingcare.com/articles/improve-brain-function-agility-memory-in-elders-133301.htm

ယခုပုံစံ

02/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သက်ကြီးရွယ်အိုတွေမှာ ကြွက်သားဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင်ကာကွယ်ခြင်း

မျက်စိမကောင်းတဲ့ သက်ကြီးရွယ်အိုတွေကို ဘယ်လိုကူညီကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement