backup og meta

ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်စရာလိုအပ်မလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်စရာလိုအပ်မလား

    လူတိုင်းလိုလို သိထားတာ တစ်ခုက နွေရာသီရဲ့ အပူချိန် အရမ်းပြင်းတဲ့ ရက်တွေမှာပဲ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုတယ်လို့ပေါ့။ တကယ်ကတော့ ဆောင်းရာသီရဲ့ အေးမြတဲ့ ရက်တွေမှာလည်း နွေရာသီရဲ့ နေ့ရက်တွေလိုပဲ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုအပ်ပါတယ်နော်။ ဘာကြောင့် ဒီလိုပြောရတာလဲ၊ တကယ်ပဲ ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်ဖို့ လိုလို့လားဆိုပြီး သံသယရှိတယ်ဆိုရင် ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ ဖတ်ကြည့်လိုက်ဖို့ ပြောချင်ပါတယ်။

    ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်ဖျော်ရည် သောက်စရာလိုအပ်မလား

    တကယ်ကတော့ ရာသီဥတုက အေးပဲအေးအေး ပူပဲပူပူ အပူချိန်က ရှိနေမှာပဲ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်ပါတယ်။

    လေ့လာမှု အချို့အရ ရာသီဥတု အေးမြတာက နေရတာ အေးတယ် ဆိုပေမယ့် နွေရာသီလိုပဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နေနိုင်သလို သိမြင်မှုစွမ်းရည်အပေါ်မှာလည်း သက်ရောက်နေနိုင်ပါတယ်။ တကယ်ကတော့ အေးမြတဲ့ ရာသီဥတုက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအပူချိန်ကို ထိန်းညှိဖို့ ခက်သလို ရေနဲ့ အာဟာရ လိုအပ်ချက်ကလည်း မြင့်ပါတယ်။ ဆောင်းရာသီမှာ တစ်ခုရှိတာက ရာသီဥတု အေးနေတာကြောင့် ရေသောက်ဖြစ်ဖို့ ခဲယဉ်းပြီး ကိုယ်တွင်းမှာ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးနေတာကိုတောင် သိနိုင်ဖို့ ခက်ခဲနေတာမျိုး ရှိနိုင်ပါတယ်။

    ဆောင်းရာသီမှာ အေးတာကို အံတုဖို့ လူတွေက နွေးနိုင်သမျှ နွေးအောင် လုပ်ဆောင်တာ၊ အနွေးထည်တွေ ဝတ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာကြောင့် ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေက တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာပါ။ နွေရာသီလို သိသိသာသာ သတိပြုမိနိုင်ဖို့ ခက်ခဲတာတော့ ရှိနိုင်တာပေါ့။ နောက်တစ်ချက်က နွေရာသီလိုမျိုး ရေခဏခဏ မသောက်မိတာ၊ အေးတယ်ဆိုပြီး ကော်ဖီလိုမျိုး ကဖင်းပါတဲ့ သောက်စရာတွေကို သောက်တာတွေက ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေပြီး ဓာတ်ဆားဓာတ်တွေပါ ဆုံးရှုံးတာမျိုး ဖြစ်စေပါတယ်။

    ပတ်ဝန်းကျင် လေထုက အေးမြနေတာကြောင့် ရေသောက်ဖြစ်ဖို့က အတော်လေး ခက်ခဲပါတယ်။ မြင်သာတဲ့ ဥပမာ ပေးရရင် ဆောင်းရာသီရဲ့ နေ့ရက်တွေမှာ နွေရာသီရဲ့ နေ့ရက်တွေလောက် ရေမသောက်ဖြစ်ဖူးပေါ့။ ရာသီဥတု အေးနေတာကြောင့်လည်း ရေဆာတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့ ရေဓာတ်ကို မရရှိတဲ့အခါ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်တာကို ဖြစ်စေပါတယ်။ တကယ်ကတော့ ရာသီဥတု အေးနေပေမယ့်တောင် ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေဓာတ် ရရှိအောင် ဖြည့်ပေးဖို့ လိုမှာပါ။

    ရာသီဥတု အခြေအနေက ဘယ်လိုဖြစ်ဖြစ် ချွေးထွက်တာ၊ ဆီးသွားတာ၊ ဝမ်းသွားတာတွေ ရှိနေတာကြောင့် ကိုယ်တွင်းက ရေဓာတ်ကတော့ ဆုံးရှုံးမှု ရှိနေမှာပါ။ ချွေးမထွက်ဘူးဆိုရင်တောင်မှ အရေပြားက တဆင့် ရေဓာတ်ကတော့ ဆုံးရှုံးနိုင်ပါသေးတယ်။ အိမ်အတွင်းမှာ အသုံးပြုတဲ့ အပူပေးစနစ် နဲ့ ခြောက်သွေ့တဲ့ လေထုကြောင့် ကိုယ်တွင်းက ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကတော့ ဆောင်းရာသီမှာလည်း ဆုံးရှုံးနေမှာပါပဲ။

    ဆောင်းရာသီက အားကစားရာသီလို့ ဆိုရလောက်အောင် ဆောင်းရာသီမှာ ကိုယ်လက်လေ့ကျင့်ခန်းတွေကို ပုံမှန်ထက် ပိုလုပ်ဖြစ်တာကလည်း ကိုယ်တွင်းက ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးစေရတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။

    နောက်ဆုံး တစ်ချက်အနေနဲ့ ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းစေဖို့ ပုံမှန် သွေးပေါင်ချိန် ပမာဏကို ထိန်းညှိဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေနဲ့ တစ်ရှူးတွေ ဆဲလ်တွေ ကျန်းမာစေဖို့ လုံလောက်တဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ရရှိဖို့ လိုမှာပါ။ ဒါကြောင့်ပဲ ဆောင်းရာသီမှာ ဓာတ်ဆားဖြည့်အချိုရည် သောက်ဖို့ လိုတယ်လို့ ပြောရတာပါ။

    အေးမြတဲ့ ဆောင်းကာလမှာ နေ့ရက်တိုင်းကို ကျန်းမာပြီး တက်ကြွလန်းဆန်းစွာ ကျော်ဖြတ်နိုင်စေဖို့အတွက် ဓာတ်ဆားဖြည့်အချိုရည်းလေး သောက်ပြီး ကိုယ်တွင်းမှာ လုံလောက်တဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးလိုက်ဖို့ မမေ့နဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement