အဓိပ္ပါယ်ဖွင့်ဆိုချက်
Swollen glands (အကျိတ်ရောင်ခြင်း) ကဘာလဲ။
အကျိတ်ရောင်တယ်ဆိုတာဟာ ခန္ဓါကိုယ်က ရောဂါတွေကို တိုက်ထုတ်နေရတယ်ဆိုတာကို ပြသတာပါ။ ၂ပတ်၃လောက်ကြာရင် သူ့ဘာသာသူသက်သာလာပါလိမ့်မယ်။ အကျိတ်တွေဟာ ပဲလုံးအရွယ်ရှိပြီး သွေးဖြူဥတွေ ပါဝင်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြားအရာတွေကို တိုက်ထုတ်ပေးတဲ့နေရာမှာ ကူညီထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားစနစ်ကြီးရဲ့ အရေးကြီး အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်တစ်လျောက်မှာ တည်ရှိပါတယ်။