backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Galactorrhea ( နို့ရည်စိမ့်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Galactorrhea ( နို့ရည်စိမ့်ခြင်း) ကဘာလဲ။

နို့ရည်စိမ့်ခြင်းသည် သားမြတ်ခေါင်းမှ နို့ရည်များစိမ့်ထွက်သော အခြေအနေဖြစ်ပြီး နို့တိုက်မိခင်များရှိ နို့ရည်ထွက်ခြင်းနှင့်မတူပါ။ နို့ရည်စိမ့်ခြင်းမှာ သူကိုယ်တိုင်သဘောအရ ရောဂါတစ်ခု မဟုတ်သော်လည်း အောက်ခံရောဂါတစ်ခု၏ လက္ခဏာဖြစ်နိုင်ပါသည်။ ကလေးတစ်ခါမှမမွေးဖူးသော သို့မဟုတ် သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည်။ သို့သော် နို့ရည်စိမ့်ခြင်းမှာ အမျိုးသားများရော တစ်နှစ်သားကလေးများတွင်ပါ ဖြစ်ပွားတတ်ပါသည်။ ရင်သားအား လွန်ကျူးစွာလှုံ့စော်မှုလုပ်ခြင်း၊ ဆေးဝါဘေးထွက်ဆိုးကျိုးများ၊ ပစ်ကျူထရီဂလင်း ပုံမှန်မဟုတ်ခြင်းများ စသည်တို့မှာ နို့ရည်စိမ့်ခြင်းဖြစ်နိုင်သော အကြောင်းရင်းများဖြစ်ပါသည်။ နို့ရည်စိမ့်ခြင်းမှာ နို့ထွက်စေသော ဟော်မုန်းဖြစ်သည့် ပရိုလက်တင်လယ်ဗယ် မြင့်လာခြင်းကြောင့် ဖြစ်ရကြောင်းဆိုပါသည်။

တစ်ခါတစ်ရံတွင်တော့ နို့ရည်စိမ့်ရခြင်းအကြောင်းရင်းကို ဆုံးဖြတ်လို့မရသည်လည်း ရှိပါသည်။ ထိုအခြေအနေမှာ အလိုလိုပျောက်ကင်းနိုင်၏။

Galactorrhea ( နို့ရည်စိမ့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ မျိုးပွားနိုင်သည့်အရွယ် အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်ပြီး ကလေးမမွေးဖူးသော အမျိုးသမီးများ၊ သွေးဆုံးပြီးသောအမျိုးသမီးများ၊ အမျိုးသားများ စသည်တို့တွင်လည်း ဖြစ်နိုင်ပါသည်။ အမျိုးသမီးများတွင်ဖြစ်လျှင် ဇီဝကမ္မအရဖြစ်တတ်သော်လည်း အမျိုးသားများတွင်တော့ ရောဂါကြောင့်ဟု အမြဲမှတ်ယူရမည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Galactorrhea ( နို့ရည်စိမ့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နို့ရည်စိမ့်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • သားမြတ်ခေါင်းမှ အမြဲလိုလို သို့မဟုတ် ခဏခဏ နို့များထွက်နေခြင်း
  • နို့ထွက်ရာတွင် နို့ပြွန်အများအပြားမှထွက်ခြင်း
  • အလိုလိုစိမ့်ထွက်နေခြင်း သို့မဟုတ် လက်နှင့်ဖိမှထွက်ခြင်း
  • တစ်ဖက်တည်း သို့ နှစ်ဖက်လုံးဖြစ်ခြင်း
  • ရာသီလာချိန်မမှန်ခြင်း သို့မဟုတ် လုံးဝမလာခြင်း
  • ခေါင်းကိုက်ခြင်း သို့မဟုတ် အမြင်အာရုံပြောင်းခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Galactorrhea ( နို့ရည်စိမ့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နို့ရည်စိမ့်ခြင်းတွင် အကြောင်းရင်းများစွာရှိသည်။ ၎င်းတို့အနက် အချို့မှာ

  • အကြိတ်များ (များသောအားဖြင့် benign ဖြစ်ပြီး cancer မဟုတ်ပါ) အထူးသဖြင့် ပစ်ကျူထရီဂလင်းတွင်ဖြစ်သာ အကြိတ်များ
  • ဟော်မုန်းများ၊ စိတ်ကျရောဂါဆေးများ၊ သွေးပေါင်ညှိဆေးများနှင့် တစ်ချို့သော စိတ်ငြိမ်ဆေးများ
  • ပျားရည်၊ စမုန်နက်၊ ဆူးလေပန်းဆေး၊ စမုန်စပါးနှင့် ပဲနံ့သာစေ့များ
  • ဆေးရွက်ကြီးနှင့် ဘိန်းလိုဆေးများ
  • ကိုယ်ဝန်
  • ရင်သားကိုထိခိုက်စေသော အဝတ်အစားများ (ဥပမာ ခြစ်မိနိုင်သော သိုးမွှေးရှပ်များ မတော်သော ဘရာစီယာများ)
  • ကိုယ်တိုင်ရင်သားကို နေ့စဉ်စမ်းသပ်ကြည့်တတ်ခြင်း
  • လိင်ဆက်ဆံစဉ် ရင်သားကို လှုံ့စော်ခြင်း
  • ကျောက်ကပ်ရောဂါ
  • ကိုယ်ဝန်တားသောက်ဆေး
  • မတက်ကြွသော သိုင်းရွိုက် (hypothyroid) ၎င်းမှာ ဟော်မုန်းထုတ်သော ဂလင်းတစ်မျိုးဖြစ်သည်။

တစ်ခါတစ်ရံတွင် နို့ရည်စိမ့်ခြင်းဖြစ်ရသည့်အကြောင်းရင်းကို မတွေ့ရတတ်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Galactorrhea ( နို့ရည်စိမ့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ဟော်မုန်လယ်ဗယ်များစစ်ခြင်း ကိုယ်ဝန်ရှိမရှိစစ်ခြင်းများ ပြုလုပ်ရန် သွေးစစ်ခြင်းများပြုလုပ်ခိုင်းနိုင်ပါသည်။ ပစ်ကျူထရီဂလင်းတွင် မူမမှန်မှုများရှိမရှိ သို့မဟုတ် အကြိတ်များရှိမရှိ သိစေရန်အတွက် သံလိုက်ဦးနှောက်ဓါတ်မှန်ပါ ရိုက်ခိုင်းနိုင်ပါသည်။ နို့ရည်စိမ့်ခြင်းအကြောင်းရင်းကို သိရပါက ထိုစမ်းသပ်မှုများကို လိုချင်မှလိုပါလိမ့်မည်။

Galactorrhea ( နို့ရည်စိမ့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လိုအပ်ပါက နို့ရည်စိမ့်ခြင်းကိုကုသရာတွင် အောက်ခံရောဂါကိုအထူးပြုပြီး ကုရမည်ဖြစ်သည်။

တစ်ခါတစ်ရံတွင် အောက်ခံအကြောင်းရင်းကို ဆရာဝန်များ မဆုံးဖြတ်နိုင်ပဲရှိတတ်ပါသည်။ ထိုအခါမျိုးတွင် သင့်အခြေအနေမှာ အနှောက်အယှက်ဖြစ်လောက်အောင် ဖြစ်နေပါကလည်း ဆေးကုသရန် လမ်းညွှန်ပါလိမ့်မည်။ ထိုကိစ္စများတွင် ပရိုလက်တင်ကိုတားသည့်ဆေးများ သို့မဟုတ် ပရိုလက်တင်ပမာဏ ကျစေသည့်ဆေးများကို ပေးပါလိမ့်မည်။ ပရိုက်လက်တင်ပမာဏ နည်းသွားသည်နှင့် နို့ရည်စိမ့်ခြင်းမှာ ပျောက်ကင်းသွားမည်ဖြစ်သည်။

ဆေးများ

ဆေးများကြောင့်ဖြစ်ရသည်ဆိုပါက ပမာဏပြောင်းခြင်း၊ ဆေးပြောင်းခြင်း၊ ဆေးရပ်ခြင်းများပြုလုပ်ရပါမည်။ ဆရာဝန်မှ ညွှန်ကြားမှသာ ဆေးပြောင်းလဲမှုများ ပြုလုပ်ရမည်ဖြစ်သည်။

Hypothyroidism

Levothyroxine ကဲ့သို့ဆေးများကိုသုံးပြီး သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းထုတ်လုပ်မှုနည်းပါးခြင်းကို ဆန့်ကျင်နိုင်ပါသည်။ (သိုင်းရွိုက်အစားထိုးကုထုံးဟုလည်းခေါ်သည်)

ပစ်ကျူထရီဂလင်းအကြိတ် (prolactinoma)

ဆေးများကိုသုံးပြီး အကြိတ်ကိုကျုံ့သွားစေခြင်း သို့မဟုတ် ခွဲစိတ်ဖယ်ရှားခြင်းများပြုလုပ်နိုင်ပါသည်။

အကြောင်းရင်းမသိရသောအခါ

Bromocriptine (Parlodel, Cycloset) သို့မဟုတ် Cabergoline ကဲ့သို့ ပရိုလက်တင်လယ်ဗယ်ကျဆေးများကို သုံးခြင်းဖြင့် နို့ရည်ထွက်ခြင်းကို တားဆီးနိုင် လျော့ချနိုင်ပါသည်။ ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်း၊ မူးဝေခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နို့ရည်စိမ့်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နို့ရည်စိမ့်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • လိင်ဆက်ဆံစဉ် ရင်သားများကို မလှုံ့စော်ပါနှင့်။
  • ကိုယ်တိုင်ရင်သားကို စမ်းသပ်ခြင်းများ သားမြတ်ခေါင်းကို ဆွခြင်းများအား ခဏခဏမလုပ်ရပါ။
  • ရင်သားနှင့် သားမြတ်ခေါင်းအား ပွတ်အားများစေမည့် အဝတ်အစားများကို ရှောင်ပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement