backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ

thalassemia ရောဂါဆိုတာဘာလဲ။

thalassemia ဆိုတာ မူမမှန်တဲ့ ဟေမိုဂလိုဘင်တွေ ထုတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သွေးရောဂါတမျိုးပါ။ တကယ်လို့ သင့်ကလေးမှာ thalassemia ရောဂါရှိတယ်ဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဟေမိုဂလိုဘင်ဓါတ်နဲ့ သွေးနီဥတွေဟာ ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဒီလိုရောဂါမျိုးကို Mediterranean ဒေသ၊အာဖရိက နဲ့ အာရှဒေသက ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။thalassemia ရောဂါ အမျိုးအစား အများကြီးရှိပါတယ်။ တချို့အမျိုးအစားတွေက ဘာရောဂါလက္ခဏာမှ မပြသလို တချို့အမျိုးအစားတွေကလည်း အချိန်မီ ကုသမှုမပေးရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ကလေးမှာ thalassemia ရှိနေကြောင်း ဘယ်လိုသိမလဲ။

thalassemia ရောဂါရဲ့ လက္ခဏာတွေက

-အားနည်းမယ်။

-ပင်ပန်းနွမ်းနယ်နေမယ်။

-အသားအရေဖြူဖျော့မယ်။

-မျက်နှာကအရိုးတွေငေါလာမယ်။

-အရပ်အမောင်းပုသေးမယ်။

-ဆီးမည်းမယ်။

-ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။

ကလေးမှာ ဘာလို့thalassemia ဖြစ်ရတာလဲ။

thalassemia ဟာ ဟေမိုဂလိုဘင်ထုတ်ပေးတဲ့ gene မှာ အပြစ်အနာအဆာပါတာကြောင့် ဖြစ်ရတာပါ။ ဒီလို ပါတာကြောင့် ဟေမိုဂလိုဘင်ဓါတ်ကို ပုံမှန်အတိုင်း မထုတ်နိုင်တော့ပါဖူး။ ကလေးငယ်ဟာ ဒီ gene ကို မိဘတဦးဆီက ဒါမှမဟုတ် နှစ်ဦးလုံးဆီက ဆက်ခံရနိုင်ပါတယ်။ တကယ်လို့ သင်ရောသင့်လက်တွဲဖော်မှာပါ ပုံမှန်မဟုတ်တဲ့ gene ပါပြီဆိုရင် မွေးလာမယ့် ကလေးမှာ thalassemia major (အပြင်းစား thalassemia) ပါလာမှာပါ။ တကယ်လို့ အပြစ်အနာအဆာရှိတဲ့ gene ဟာ အဖေ ဒါမှမဟုတ် အမေ တယောတ်ဆီ ကပဲ လာတယ်ဆိုရင်တော့ သင့်ကလေးမှာ thalassemia minor (အပျော့စားပုံစံ) ဖြစ်လာပြီး ရောဂါသယ်ဆောင်သူတွေ အဖြစ်(အပြစ်အနာအဆာရှိတဲ့ gene သယ်ဆောင်သူတွေအဖြစ်) ရှိနေမှာပါ။

ဆေးကုသမှုခံယူမယ်

thalassemia ဟုတ်မဟုတ် သေချာသိနိုင်ဖို့အတွက် ရောဂါလက္ခဏာတွေရဲ့ အနေအထားကိုကြည့်ပြီး သင့်ဆရာဝန်က သွေးစစ်ခိုင်းပါလိမ့်မယ်။ ဒီလို စစ်လိုက်မယ်ဆိုရင်တော့ thalassemia ဟုတ်မဟုတ် အတိအကျ သိရမှာပါ။ စစ်ရမယ့် test လေးတွေကတော့ အချင်းဆဲလ်ကို စစ်ဆေးတာ၊ရေမြွှာရည်ကို စစ်ဆေးတာ နဲ့ သန္ဓေသားရဲ့ သွေးကို စစ်ဆေးတာ စသဖြင့် ဖြစ်ပါတယ်။Thalassemia minor ဆိုရင် အထူးတလည်ကုသဖို့ မလိုပေမယ့် major ဆိုရင်တော့ လစဉ်သွေးသွင်းကုသပေးရပါတယ်။ ဒါပေမယ့် သွေးခဏခဏ သွင်းပြန်တော့ ခန္ဓါကိုယ်ထဲမှာ သံဓါတ်တွေ ပိုလျှံစုပုံလာပြီး နှလုံး နဲ့ အသည်းကို ထိခိုက်စေပါတယ်။ ဒီလို ထိခိုက်တာကို ကြိုတင်ကာကွယ်ဖို့အတွက် ခန္ဓါကိုယ်ထဲက မလိုအပ်တဲ့ ပိုလျှံသံဓါတ်တွေကို ဖယ်ရှားစွန့်ပစ်ပေးမယ့် ဆေးတွေကို ကြိုပြီး သုံးနိုင်ပါတယ်။

သည်းခြေကျောက်တည်တာ၊ ခန္ဓါကိုယ်ပုသေးတာ၊နှလုံးကောင်းကောင်း အလုပ်မလုပ်နိုင်တာနဲ့ ကူးစက်ရောဂါတွေဝင်လွယ်တာဟာ thalassemia ရဲ့ အဓိက နောက်ဆက်တွဲ ပြဿနာတွေပါ။ သွေးသွင်းပြီး ကုသမယ်ဆိုရင်လည်း သံဓါတ်တွေစုပုံပြီး နောက်ဆက်တွဲတွေ ဖြစ်လာဦးမှာပါ။

ကိုယ့်ကလေးမှာ thalassemia မဖြစ်အောင် ကာကွယ်နိုင်သလား။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဆိုတဲ့စကားဟာ thalassemia အတွက်တော့ သိပ်မမှန်ပါဖူး။ တကယ်လို့ အဖေ ဒါမှမဟုတ် အမေဟာ thalassaemia ရောဂါသယ်ဆောင်သူဖြစ်မယ်ဆိုရင် ကလေးအနေနဲ့ အပြစ်အနာအဆာရှိတဲ့ gene ကိုဆက်ခံပြီး သူလေးလည်းပဲ thalassemia ရောဂါသယ်ဆောင်သူဖြစ်ဖို့ အခွင့်အလမ်းက ငါးဆယ် ရာခိုင်နှုန်းရှိပါမယ်။ တကယ်လို့ သင့်ကလေးဟာ alpha thalassemia major လို့ စစ်ဆေးချက်အဖြေထွက်ရင် သင့်ကလေးအသက်ရှင်ဖို့ ရာခိုင်နှုန်းက အတော်နည်းပါတယ်။ ဒါကြောင့် တချို့မိဘတွေဟာ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ဝန်ဖျက်ချဖို့ စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကောင်းဆုံးခေတ်အမီဆုံးကုထုံးတွေနဲ့ကုရင်တောင်မှ သင့်ကလေး အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့နေရဖို့က မသေချာလှလို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement