Meniere’s ရောဂါ ဆိုသည်မှာ နားအတွင်းပိုင်းပြဿနာတစ်ခုဖြစ်ပြီး ချာချာလည်ခေါင်းမူးခြင်း၊ နားကြားတစ်ချက် မကြားတစ်ချက်ဖြစ်ခြင်း၊ တစ်ဖြည်းဖြည်းနှင့် အကြားအာရုံ လုံးဝဆုံးရှုံးခြင်း၊ နားအူခြင်း၊ နားထဲတွင်တစ်စုံတစ်ရာနှင့်ပြည့်နှက်နေသကဲ့သို့ ဖိအားခံစားရခြင်းတို့ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။
Meniere’s ရောဂါဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပေမဲ့ အသက် ၂၀ မှ ၅၀ ကြားမှာ စဖြစ်လေ့ရှိပါတယ်။ ၎င်းဟာ နာတာရှည်ရောဂါတစ်မျိုးဖြစ်သော်လည်း ကုသမှုအမျိုးမျိုးဟာ ရောဂါလက္ခဏာတွေကို သက်သာစေပြီး သင့်ဘဝအပေါ် ရေရှည်သက်ရောက်နိုင်မှုကို လျော့နည်းစေပါတယ်။
ဒီရောဂါဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Meniere’s ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
Meniere’s ရောဂါရဲ့ အကြောင်းရင်းကိုတော့ မသိရှိနိုင်သေးပါဘူး။ သက်သေမပြရသေးတဲ့ နာမည်ကြီးယူဆချက်တစ်ခုကတော့ နားအတွင်းပိုင်းရှိအရည် (endolymph) ပမာဏမူမမှန်မှုကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။ ဤအချက်ကို ရင်ခွဲစစ်ဆေးမှုများ၌် မကြာခဏတွေ့ရှိရပေမဲ့ ၎င်းကြောင့် ခေါင်းချာချာလည်မူးသည့်အကြိမ်များ ဖြစ်ရသလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။
Meniere’s ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်ကစစ်ဆေးခြင်းတစ်ရပ်ကိုလုပ်ဆောင်ပြီးရောဂါရာဇဝင်လည်းယူပါမယ်။ ၎င်းရောဂါဟုအတည်ပြုနိုင်ဖို့
အကြားအာရုံကို အကဲဖြတ်ခြင်း
အကြားအာရုံစစ်ဆေးခြင်းဆိုသည်မှာ မတူညီသော အသံအနိမ့်အမြင့်များကို သင်ဘယ်လောက်သိသလဲဆိုတာနဲ့ အသံဆင်တူသော စာလုံးများကို ဘယ်လောက်ခွဲခြားနိုင်သလဲ ဆိုတာကိုစစ်ဆေးခြင်းဖြစ်ပါတယ်။ အဆိုပါရောဂါခံစားနေရသူများသည် ကြိမ်နှုန်းနိမ့်အသံများ သို့မဟုတ် ကြိမ်နှုန်းနိမ့်မြင့်ပေါင်းစပ်ထားသောအသံများကို နားထောင်ရာ၌ပြဿနာရှိတတ်ပြီး ကြိမ်နှုန်းအလယ်အလတ်အသံများကိုနားထောင်ရာ၌ ပုံမှန်အတိုင်းကြားရနိုင်ပါတယ်။
ဟန်ချက်ထိန်းနိုင်မှုအကဲဖြတ်ခြင်း
၎င်းရောဂါရှိသူများသည် ခေါင်းချာချာလည်မူးသည့်ဖြစ်စဉ်များမဖြစ်သည့်အချိန်တွင် ပုံမှန်ဟန်ချက်ထိန်းနိုင်မှုအာရုံပြန်လည်ရရှိပါတယ်။ သို့သော်ဟန်ချက်ထိန်းမှုပြဿနာများဆက်လက်ရှိနေနိုင်ပါသေးတယ်။ နားအတွင်းပိုင်း၏လုပ်ဆောင်ချက်ကိုစစ်ဆေးမှုများမှာ
အခြားအခြေအနေများကိုဖယ်ထုတ်ပစ်ရန်စစ်ဆေးမှုများ
သွေးစစ်ဆေးမှုများနှင့် အခြားစမ်းသပ်စစ်ဆေးမှုများ ကို သုံး၍ Meniere’s ရောဂါနှင့်ဆင်တူသော ပြဿနာများကို ထုတ်ဖယ်ပစ်နိုင်ပါသည်။ ဥပမာ ဦးနှောက်အကျိတ် သို့မဟုတ် အာရုံကြောစနစ်များ မာကြောချို့ယွင်းလာသည့်ရောဂါ (multiple sclerosis)
Meniere’s ရောဂါကိုပျောက်ကင်းအောင်ကုသနည်းမရှိပါဘူး။ ဒါပေမဲ့ အချို့သောကုသနည်းတွေက ရောဂါပြင်းထန်မှုလျော့နည်းအောင်နဲ့ ခေါင်းမူးသည့်အကြိမ်ရေနည်းသွားအောင်ကူညီနိုင်ပါတယ်။ ၎င်းရောဂါကြောင့်အကြားအာရုံဆုံးရှုံးမှုအတွက်တော့ ကုသရန်နည်းလမ်းမရှိပါဘူး။ သိပ်မပြင်းထန်တဲ့ကုသမှုပဲဖြစ်ဖြစ် ပြင်းထန်တဲ့ ကုသမှုပဲဖြစ်ဖြစ် ခေါင်းမူးတာကိုရပ်တန့်စေဖို့ပဲ ကုသတာ ဖြစ်ပါတယ်။
ခေါင်းချာချာလည်မူးနေတဲ့အချိန်မှာသူ့ရဲ့ပြင်းထန်မှုကိုသက်သာစေမဲ့ဆေးတွေကို သင့်ဆရာဝန်ကပေးနိုင်ပါတယ်။
Meniere’s ရောဂါရှိသူအချို့သည် ခန္ဓါကိုယ်ကိုထိုးဖောက်စရာမလိုသည့် အောက်ပါကုသနည်းလမ်းများမှ အကျိုးရှိနိုင်ပါသည်။
အထက်တွင်ဖော်ပြထားသော မပြင်းထန်သည့်ကုသမှုများမအောင်မြင်ပါက သင့်ဆရာဝန်မှ အောက်ပါပြင်းထန်သည့်ကုသမှုများအနက်မှအချို့ကို ထောက်ခံနိုင်ပါတယ်။
နားအလည်ပိုင်းသို့ဆေးထိုးထည့်ခြင်း။ ဆေးများကိုနားအလည်ပိုင်းသို့ထိုးကာအတွင်းနားသို့စုပ်ယူစေပြီး ချာချာလည်မူးသည့်လက္ခဏာများသက်သာစေခြင်း။
ခွဲစိတ်မှု
အကယ်၍ Meniere’s ရောဂါကြောင့်ဖြစ်သော ခေါင်းချာလည်မူးခြင်းများသည် ပြင်းထန်ကာ အားလျော့ထိခိုက် (နေ့စဉ်လုပ်ငန်းဆောင်တာများမလုပ်နိုင်သည်အထိ ထိခိုက်)စေပြီး အခြားကုသမှုများကအကူအညီမဖြစ်လျှင် ခွဲစိတ်ခြင်းဟာရွေးချယ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။ ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကတော့
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Meniere’s ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အငန်ဓါတ်နှင့် စိတ်ဖိစီးမှာသာ် အကြားအာရုံနှင့် ဟန်ချက်ကိုသက်ရောက်စေနိုင်သည်။ ခေါင်းချာချာလည်မူးခြင်းကိုအစမပျိုးမိစေရန် အောက်ပါအချက်များကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။