backup og meta

Tuberculin Skin Test (အရေပြား ကြူဘာကူလင် စစ်ဆေးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tuberculin skin test အရေပြား ကြူဘာကူလင် စစ်ဆေးခြင်း ဆိုတာဘာလဲ။

Tuberculin skin test ကို Mantoux tuberculin test လို့ ခေါ်ပြီး သင့်မှာ TB ရောဂါကာကွယ်မှုရှိဖူးသလားဆိုတာ စစ်ဆေးတဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် TB protein တွေကို အရေပြားအပေါ်လွှာရဲ့ အောက်ကို ထိုးသွင်းလိုက်တာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ TB bacteria နဲ့ ထိတွေ့ဖူးတယ်ဆိုရင် သင့်အရေပြားဟာ antigens တွေနဲ့ ဓါတ်ပြုတာကြောင့် ထိုးထားတဲ့နေရာမှာ နှစ်ရက်အတွင်း အနီဖု ထလာနိုင်ပါတယ်။

Tuberculin test မှာ သုံးတဲ့ antigens တွေကို purified protein derivative (PPD) လို့ ခေါ်ပါတယ်။ လူတစ်ယောက်ဟာ Chest X-ray (သို့) လက္ခဏာတွေမှတစ်ဆင့် TB ဖြစ်နိုင်တယ်ဆိုရင် ဒါဟာ TB ရောဂါကို ရှာဖွေဖို့ ကောင်းမွန်တဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။

Tuberculin test ဟာ သင် TB ရောဂါရရှိမှု ဘယ်လောက်ကြာနေလဲဆိုတာ မပြောနိုင်ပါဘူး။ ရောဂါကူးစက်မှုဟာ inactive လား၊ active လား၊ အခြားသူတွေကို ကူးနိုင်သလားဆိုတာ မပြောနိုင်ပါဘူး။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Tuberculin skin test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်မှာအောက်မှာအချက်တွေရှိရင် PPD skin test လုပ်ဖို့ လိုအပ်ပါတယ်။

  • TB ရှိသူနဲ့ နေဖူးရင်
  • ကျန်းမာရေးလုပ်သားအားလုံး စစ်ဆေးဖို့လိုအပ်တဲ့ ကျန်းမာရေးနယ်ပယ်မှာ အလုပ်လုပ်နေရင်

Steroids လိုဆေးတွေ၊ ကင်ဆာ၊ HIV၊ AIDS အစရှိတဲ့ရောဂါတွေကြောင့် ကိုယ်ခံအားစနစ် အားနည်းရင်။

Tuberculin skin test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Active TB infections တွေကို သေချာအောင်လုပ်ဖို့အတွက် tuberculin test အပြင် အခြား စစ်ဆေးမှုတွေဖြစ်တဲ့ Chest X-ray၊ Sputum cytology၊ sputum culture တွေကိုလည်း ပြုလုပ်သင့်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ positive skin test (သို့) chest X-ray ရှိပြီး TB symptoms မရှိဘူးဆိုရင် အခြားသူတွေကို မကူးနိုင်ပါဘူး။

အရင်တုံးက ဖြစ်ခဲ့ဖူးတဲ့ TB infection (သို့) အရင်က ကာကွယ်ဆေးထိုးဖူးခြင်းဟာ ပထမတစ်ကြိမ် စစ်ဆေးမှုကို negative ပြနိုင်ပြီး ရက်သတ္တပတ်အတွင်း ပြန်လည်စစ်ဆေးတဲ့ ဒုတိယအကြိမ်မှာတာ့ ကြားထဲမှာ ရောဂါပိုးကူးစက်မခံရရင်တောင် positive ပြနိုင်ပါတယ်။

အချို့အခြေအနေတွေမှာ tuberculosis ရှိသူတစ်ယောက်ဟာ tuberculin skin test ကို တုန့်ပြန်မှာ မဟုတ်ပါဘူး။

ကြိုတင်ပြင်ဆင်ခြင်း

Tuberculin skin test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

ဒီစစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။

  • အရင်က လုပ်ခဲ့ဖူးတဲ့ skin test အဖြေကို ပြောပြပါ။ အရင်က PPD skin test positive ပြခဲ့ဖူးရင် နောက်တစ်ကြိမ် ထပ်မံ မစစ်ဆေးသင့်ပါဘူး။
  • ကျန်းမာရေးအခြေအနေတွေ၊ ဆေးတွေဖြစ်တဲ့ steroids တွေဟာ ကိုယ်ခံအားစနစ်ကို သက်ရောက်မှုရှိပြီး စစ်ဆေးမှုအဖြေပေါ်ကိုလည်း သက်ရောက်မှုရှီပါတယ်။
  • တီဘီကာကွယ်ဆေး ထိုးဖူးလားဆိုတာနဲ့ ဘယ်တုံးက ထိုးဖူးလဲဆိုတာကိုပါ ပြောပြသင့်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Tuberculin skin test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

အရေပြားစစ်ဆေးမယ့်နေရာဟာ သန့်ရှင်းပြီး ခြောက်သွေ့သင့်ပါတယ်။ ပြီးရင်တော့ သင့်ဆရာဝန်က လက်ဖျံရဲ့ အတွင်းပိုင်းမှာ TB antigens တွေကို အရေပြားအလွှာအောက်ကို ထည့်မှာ ဖြစ်ပါတယ်။ အ ရည်တွေဟာ အရေပြားအောက်မှာ သေးငယ်တဲ့ အဖုလေး ဖြစ်နေမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က စစ်ဆေးတဲ့နေရာကို အမှတ်မှတ်ဖို့အတွက် ဘောပင်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ စစ်ဆေးတဲ့နေရာကို ပတ်တီး မစည်းထားသင့်ပါဘူး။

Tuberculin skin test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှုအပြီး ၂ ရက် ၃ ရက်ကြာရင် သင့်ဆရာဝန်က ဒီအရေပြားစစ်ဆေးမှုကို ကြည့်ရှုစေမှာ ဖြစ်ပါတယ်။

အဖြေကိုသိရှိခြင်း

အဖြေတွေက ဘာကို ဆိုလိုတာလဲ။

စစ်ဆေးမှုအပြီး ၂ ရက်ကနေ ၃ရက်အကြာမှာ တိုင်းတာတဲ့ အရွယ်အစားပေါ်မူတည်ပြီး သင့်ဆရာဝန်က အဖြေကို ပြောပြမှာ ဖြစ်ပါတယ်။ တကယ်လို့ အနီသာရှိမယ်ဆိုရင် သင့်မှာ TB bacteria မရှိပါဘူး။ တကယ်လို့ တိကျတဲ့အနီရောင်အဖုပါရှိမယ်ဆိုရင်တော့ တစ်ချိန်တည်းမှာပဲ သင့်မှာ TB ရောဂါပိုး ရှိနေပြီ ဖြစ်ပါတယ်။

စစ်ဆေးမှုအဖြေတွေဟာ သင့်ရဲ့ တီဘီဖြစ်နိုင်ခြေပေါ်လည်း မူတည်ပါတယ်။ တကယ်လို့ သင်ဟာ ဖြစ်နိုင်ခြေများတဲ့ အုပ်စုအတွင်းမှာ ပါဝင်တယ်ဆိုရင် သေးငယ်တဲ့အဖုကို ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာလို့ သတ်မှတ်နိုင်ပါတယ်။ တီဘီဖြစ်ဖို့အတွက် ဖြစ်နိုင်ခြေနည်းသူတွေမှာ TB infection လို့ပြောဖို့အတွက် ကြီးမားတဲ့အဖုဖြစ်ရန် လိုအပ်ပါတယ်။

ဖြစ်နိုင်ခြေပေါ်မူတည်ပြီး အုပ်စုသုံးစု ခွဲခြားထားပါတယ်။

  • HIV ရှိသူများ၊ TB ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုများသူများ၊ Chest Xrays မှာ တီဘီလို့မြင်ရသူများ၊ တီဘီလက္ခဏာ ပြသူများ။ အခြား တီဘီဖြစ်ဖို့ ဖြစ်နိုင်ခြေ များသူတွေကတော့ corticosteroids ပါတဲ့ဆေးတွေကို အချိန်ကြာမြင့်စွာသောက်နေသူများ၊ tumour necrosis factor-alpha antagonists တွေ သောက်နေသူများပဲဖြစ်ပါတယ်။
  • ဖြစ်နိုင်ခြေ အလယ်အလတ်ရှိတဲ့ အုပ်စုတွေမှာတော့ တီဘီအဖြစ်များတဲ့ တိုင်းပြည်ကို ခရီးသွားဖူးသူများ၊ ထိုတိုင်းပြည်မှ ရွှေ့လာသူများ၊ တရားမဝင်သောဆေးများကို သွေးကြောတွင်း ထိုးသွင်းသူများ၊ nursing homes မှာ နေသူများ၊ ဆေးရုံအလုပ်သမားများ၊ ဘိုးဘွားရိပ်သာ၊ ကျောင်း၊ ထောင်မှာ နေသူများ၊ အသက် ၄-၁၈ နှစ်အတွင်းရှိပြီး ရောဂါရှိသူလူကြီးနဲ့ ဆက်ဆံသူများ၊ အိမ်ရာမဲ့တွေ ပါဝင်ပါတယ်။ အခြားသူတွေကတော့ သူတို့ရှိရမယ် ကိုယ်အလေးချိန်ထက် ၁၀% ထက်ပိုပြီး လျော့နည်းသူများ၊ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ သွေးကင်ဆာ၊ ကင်ဆာနဲ့ အစာအိမ်ဖြတ်ထုတ်ထားသူတွေပဲ ဖြစ်ပါတယ်။
  • ဖြစ်နိုင်ခြေနည်းတဲ့အုပ်စုမှာတော့ အခြားအုပ်စုတွေမှာလို မဟုတ်ပဲ TB နဲ့ ထိတွေ့မှုနည်းတဲ့သူတွေ ပါဝင်ပါတယ်။

Positive reaction ဟာ တစ်ပတ်ကျော်ကြာတဲ့အထိ မြင်နိုင်ပါတယ်။

တိကျတဲ့ အဖြေကို ရရှိဖို့အတွက် Positive tuberculin test ဟာ ရောဂါကူးစက်နိုင်တဲ့အခြေအနေနဲ့ ဆက်နွယ်ခြင်းမ ရှိတာကြောင့် အခြားစစ်ဆေးမှုတွေဖြစ်တဲ့ Chest X-ray, sputum culture, သို့ နှစ်ခုလုံးကို ပြုလုပ်နိုင်ပါတယ်။ သူဟာ TB infection နဲ့ ကာကွယ်ဆေးထိုးခြင်းကို ခွဲခြားနိုင်ခြင်း မရှိပါဘူး။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Tuberculin skin test ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Tuberculin skin test နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:
Tuberculin Skin Test. http://www.webmd.com/a-to-z-guides/tuberculin-skin-tests?print=true. Accessed June 20, 2016.
PPD Skin Test (Tuberculosis Test). http://www.healthline.com/health/ppd-skin-test#TheTest3. Accessed June 20, 2016.
PPD skin test. http://www.nlm.nih.gov/medlineplus/ency/article/003839.htm.
Accessed June 20, 2016.
TB Screening Tests. http://labtestsonline.org/understanding/analytes/tb-skin/tab/glance/. Accessed June 20, 2016.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement