backup og meta

Hepatitis A Virus Test (အသည်းရောင်အေပိုးစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hepatitis A Virus Test (အသည်းရောင်အေပိုးစစ်ဆေးခြင်း) ကဘာလဲ။

Hepatitis A Virus Test ဟာ အသည်းရောင် အေပိုးကို ဖြစ်စေတဲ့ ဗိုင်းရပ်ကို ကိုယ်ခန္ဓါက တုန့်ပြန်တဲ့ ပဋိပစ္စည်း (antibodies) တွေကို ရှာဖွေခြင်းဖြစ်ပါတယ်။ သင့်မှာ အခုအခါ (သို့) အရင်တုန်းက အသည်းရောင်အေ ဗိုင်းရပ်စ်ပိုး ရှိဖူးတယ်ဆိုရင် ဒီ ပရိုတင်း တွေ သွေးအတွင်းမှာ ရှိနိုင်ပါတယ်။ အသည်းရောင်အေဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ကာကွယ်ပြီး ကုသခြင်းစတင်ဖို့ ရောဂါရှိကြောင်း သိရှိဖို့လိုအပ်ပါတယ်။

အသည်းရောင်အေဗိုင်းရပ်စ် ဟာ ရောဂါရှိသူရဲ့ မစင်နဲ့ ညစ်ညမ်းနေတဲ့ အစာ၊ ရေတို့က တစ်ဆင့် ကူးစက်တတ်ပါတယ်။

• IgM anti-HAV antibodies တွေ ကသင့်မှာ မကြာသေးမီက အသည်းရောင်အေဗိုင်းရပ်စ် ရှိနေတယ်ဆိုတာကို ဖေါ်ပြပါတယ်။ IgM anti-HAV antibodies တွေကို ရောဂါပိုးဝင်ပြီး နှစ်ပတ်အတွင်းမှာ သွေးစစ်ကြည့်နိုင်ပါတယ်။ ဒီ ပဋိပစ္စည်း တွေဟာ ရောဂါပိုးဝင်ပြီး ၃ လကနေ ၁၂ လကြာတဲ့အခါ သွေးအတွင်းကနေ ပျောက်သွားတတ်ပါတယ်။

• IgG anti-HAV antibodies တွေက သင့်မှာ အသည်းရောင်အေဗိုင်းရပ်စ် ရှိတယ်လို့ ဖေါ်ပြပါတယ်။ ရောဂါပိုးဝင်ပြီး ၈ ပတ်ကနေ ၁၂ ပတ်အတွင်းမှာ IgG anti-HAV antibodies တွေဟာ သွေးထဲမှာ ပေါ်လာတတ်ပြီး အသည်းရောင်အေဗိုင်းရပ်စ် ကို တစ်သက်လုံး ပြန်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

အသည်းရောင်အေဗိုင်းရပ်စ် ကာကွယ်ဆေးဟာလည်း ဒီရောဂါပိုးကို ကာကွယ်ပေးပါတယ်။ သင့်မှာ ဒီကာကွယ်ဆေးထိုးထားပြီး anti-HAV antibodies ရှိနေတယ်ဆိုရင် ကာကွယ်ဆေးက အကျိုးသက်ရောက်မှု ရှိတယ်လို့ ဆိုလိုပါတယ်။

Hepatitis A Virus Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်မှာ အသည်းရောင် လက္ခဏာတွေ ရှိရင် သင့်ဆရာဝန်က ဒီစစ်ဆေးမှုကို ပြုလုပ်စေမှာပါ။ ဒီစစ်ဆေးမှုကို

• အခုလောလောဆယ် (သို့) အရင်တုံးက အသည်းရောင် ရောဂါပိုးရှိခြင်းကို သိရှိဖို့

• အသည်းရောင်ရောဂါပိုးက ဘယ်လောက်ကူးစက်ပြန့်ပွားနိုင်သလဲဆိုတာ သိရှိဖို

• အသည်းရောင်လူနာ ကုသမှုကို စောင့်ကြည့်ဖို့ အတွက် အသုံးပြုပါတယ်။

ဒီစစ်ဆေးမှု ပြုလုပ်တဲ့ အခြားအခြေအနေတွေကတော့

• နာတာရှည်အသည်းရောင်ခြင်း

• Delta agent (အသည်းရောင် ဒီ ရောဂါ)

• Nephrotic syndrome (ကျောက်ကပ်ရောဂါတစ်မျိုး) တွေ ပဲဖြစ်ပါတယ်။

ပြင်ဆင်မှု

Hepatitis A Virus Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

အသည်းရောင်အေဗိုင်းရပ်စ် ကို ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ သင့်မှာ ကာကွယ်ဆေး (သို့) Immunoglobulin (ခုခံအားဆေး)ထိုးထားတယ်ဆိုရင် အသည်းရောင်အေဗိုင်းရပ်စ် နဲ့ ထိတွေ့တာတောင်မှ ရောဂါပိုးဝင်မှုက ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အသည်းရောင်အေ ပဋိပစ္စည်းတွေ ဖြစ်လာဖို့ ရက်သတ္တပတ်ပေါင်း များစွာကနေ လပေါင်းများစွာအထိ ကြာမြင့်နိုင်တာကြောင့် ရောဂါပိုးကူးစက်ခံရမှုရဲ့ စောစီးတဲ့ အဆင့်တွေမှာ အဖြေမှာ အနုတ်လက္ခဏာပြနိုင်ပါတယ်။

သင့်ဆရာဝန်က သင့်မှာ အသည်းရောင် ရောဂါပိုးရှိနေတယ်လို့ ထင်ရင် အသည်းလုပ်ဆောင်မှု ဘယ်လောက်ကောင်းလဲဆိုတာ သိရှိဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေမှာတော့ သွေးအတွင်း bilirubin၊ alkaline phosphatase၊ alanine aminotransferase နဲ့ aspartate aminotransferase ပမာဏ စစ်ဆေးမှုတွေ ပါဝင်ပါတယ်။

အသည်းရောင်အေဗိုင်းရပ်စ် ဟာ နာတာရှည် ဖျားနာခြင်းတွေကို မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် ရောဂါပိုးကူးစက်မှုပျောက်သွားတဲ့ အချိန်မှာ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးဖို့ မလိုအပ်ပါဘူး။

Hepatitis A Virus Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

အထူးတလည် ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ သင့်ဆရာဝန်ကို စစ်ဆေးမှုနဲ့ပတ်သက်တဲ့ လိုအပ်ချက်၊ ဖြစ်နိုင်တဲ့ ဆိုးကျိုးနဲ့ ဘယ်လိုဆောင်ရွက်ရမယ်၊ အဖြေတွေက ဘာတွေဆိုလိုတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိရင် မေးမြန်းနိုင်ပါတယ်။

စစ်ဆေးမှု

Hepatitis A Virus Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သင့်ဆရာဝန်ဟာ သွေးထုတ်ယူမှာ ဖြစ်ပါတယ်။

• လက်မောင်းမှာ သွေးစီးဆင်းမှုကို ရပ်တန့်ဖို့ သားရေကြိုးတစ်ခုကို စည်းပေးမှာဖြစ်ပါတယ်။ ဒါဟာ သားရေကြိုးအောက်က သွေးပြန်ကြောတွေကို ဖောင်းလာစေပြီး အပ်ထိုးဖို့ လွယ်ကူစေမှာဖြစ်ပါတယ်။

• ဆေးထိုးမယ့်နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးလုပ်မှာ ဖြစ်ပါတယ်။

• သွေးပြန်ကြောအတွင်းကို အပ်ထိုးလိုက်မှာဖြစ်ပါတယ်။ တစ်ကြိမ်ထက် မက လိုအပ်နိုင်ပါတယ်။

• သွေးထည့်တဲ့ ဖန်ချောင်းထဲကို သွေးဖြည့်လိုက်မှာဖြစ်ပါတယ်။

• သွေးအလုံအလောက်ရပြီဆိုရင်တော့ သားရေကြိုးကို ဖြည်လိုက်မှာဖြစ်ပါတယ်။

• အပ်ဖယ်လိုက်ပြီး ဂွမ်းလုံးကို အပ်ထိုးတဲ့နေရာပေါ်တင်လိုက်မှာဖြစ်ပါတယ်။

• သွေးယူတဲ့နေရာမှာ ဖိထားသင့်ပြီး ပလပ်စတာ ကပ်ပေးနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

Hepatitis A Virus Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

အပ်ထိုးတဲ့နေရာမှာ ဘာမှမဖြစ်တာမျိုး (သို့) အနည်းငယ် စူးရှရှဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

စစ်ဆေးမှု ပြုလုပ်ပြီးရင်တော့ အိမ်ပြန်ပြီး ပုံမှန်အလုပ်တွေကို ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ သင့်ဆရာဝန်က သင့်ကို သွေးအဖြေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြန်ချိန်းနိုင်ပါတယ်။ သွေးအဖြေကို ငါးရက်ကနေ ၇ ရက်အတွင်း ရရှိမှာ ဖြစ်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hepatitis A Virus Test (အသည်းရောင်အေပိုးစစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

Hepatitis virus testing မှာ အနုတ်အဖြေ (negative)ရခဲ့ရင် ဒါဟာ hepatitis virus ရဲ့ ပဋိပစ္စည်း တွေ မရှိဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ အပေါင်း (positive)အဖြေကတော့ hepatitis A ပဋိပစ္စည်းတွေ ရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး အသည်းရောင်အေဗိုင်းရပ်စ် စစ်ဆေးခြင်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အသည်းရောင်အေဗိုင်းရပ်စ် စစ်ဆေးခြင်း နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အသည်းရောင်အေ ပိုး စစ်ဆေးခြင်း

Negative: Hepatitis A antibodies(ပဋိပစ္စည်း) တွေကို မတွေ့ရပါဘူး။

Positive: Hepatitis A antibodies (ပဋိပစ္စည်း) တွေကို တွေ့ရပါတယ်။ သင့်မှာ အခု ဖြစ်နေတဲ့ ရောဂါပိုးလား (သို့) အရင်တုန်းက ဖြစ်ခဲ့တဲ့ ရောဂါပိုးကူးစက်မှုလားဆိုတာကို သိရှိဖို့ အခြားစစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။

• IgM anti-HAV antibodies ကသင့်မှာ မကြာသေးမီက အသည်းရောင်အေပိုး ရှိနေတယ်ဆိုတာကို ဖေါ်ပြပါတယ်။ IgM anti-HAV antibodies တွေကို ရောဂါပိုးဝင်ပြီး နှစ်ပတ်အတွင်းမှာ သွေးစစ်ကြည့်နိုင်ပါတယ်။ ဒီ ပဋိပစ္စည်း တွေဟာ ရောဂါပိုးဝင်ပြီး လအနည်းငယ်ကြာတဲ့အခါမှာ လကြာတဲ့အခါ သွေးအတွင်းကနေ ပျောက်သွားတတ်ပါတယ်။

• IgG anti-HAV antibodies တွေကသာ သင့်မှာ အရင်တုံးက အသည်းရောင်အေ ဖြစ်ခဲ့ဖူးတယ် (သို့) ကာကွယ်ဆေးထိုးတာကို ဖေါ်ပြပါတယ်။ ဒါဟာ သင့်မှာ ရောဂါပိုးဒဏ်ကနေ ကာကွယ်ပြီးသားဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hepatitis A Virus Test http://www.webmd.com/hepatitis/hepatitis-a-virus-test. Accessed July 4, 2016.

Hepatitis A Testing https://labtestsonline.org/understanding/analytes/hepatitis-a/tab/test#is. Accessed July 4, 2016.

Hepatitis virus panel https://www.nlm.nih.gov/medlineplus/ency/article/003558.htm. Accessed July 4, 2016.

ယခုပုံစံ

19/09/2019

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement