မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Bilirubin test ကို သွေးထဲတွင် ဘီလီရူဘင်ပမာဏကို စစ်ရန် သုံးပါသည်။ ဘီလီရူဘင် ဆိုသည်မှာ သွေးနီဥများပြိုကွဲသည့်အခါ ထွက်လာသော လိမ္မော်ဝါရောင်ရှိသော စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဘီလီရူဘင်သည် အသည်းကို ဖြတ်သန်းပြီး ဝမ်းသွားသည်မှ တဆင့်စွန့်ထုတ်သည်၊ ဆီးထဲတွင် လည်း အနည်းငယ်ပါဝင်သည်။
အသည်းသို့ မရောက်မီ ဘီလီရူဘင်သည် အခြားအရာများနှင့် မပေါင်းစပ်ရသေးပါ။ အသည်းတွင် ဘီလီရူဘင်သည် သကြားနှင့် ပေါင်းပြီး ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်အမျိုးအစားဖြစ်သွားသည်။ ထိုအမျိုးအစားသည် အသည်းကို ဖြတ်သန်းပြီး အူမကြီးထဲသို့ ရောက်ရှိပြီး မူရင်းပုံစံသို့ ပြန်ပြောင်းကာ ခန္ဓါကိုယ်မှ စွန့်ထုတ်သည်။
ဓါတ်ခွဲခန်းအများစုသည် ရေတွင် ပျော်ဝင်နိုင်သော ဘီလီရူဘင်ကို စစ်ဆေးသည့် စစ်ဆေးမျှုများကို ပြုလုပ်ကြသည်။ စုစုပေါင်းပမာဏထဲမှ ထိုအမျိုးအစားကို နှုတ်လိုက်သော် ရေတွင် မပျော်ဝင်သော အခြားအမျိုးအစား ပမာဏကို ရရှိသည်။
နှစ်မျိုးလုံးတွင် ပုံမှန်ပမာဏထက်ပိုခြင်းသည် အသည်းတွင် ပြသနာတစ်ခုခု ရှိကြောင်း ရည်ညွှန်းပါသည်။ တခါတရံတွင် ဘီလီရူဘင် ပမာဏများခြင်းသည် သွေးဆဲလ်များ ပြိုကွဲခြင်းကြောင့်ဖြစ်နိုင်ပါသည်။
ဆရာဝန်သည် အသည်းမကောင်းသော လက္ခဏာများရှိသော လူနာများတွင် ဘီလီရူဘင် ကို အခြားစစ်ဆေးမှုများနှင့် တွဲပြီး လုပ်ခိုင်းတတ်သည်။ လူတစ်ယောက်တွင် အောက်ပါ လက္ခဏာများရှိလျှင် ဘီလီရူဘင် စစ်ရနိုင်သည်။
• အသားဝါနေခြင်း
• အရက်အရမ်းသောက်သည့် ရာဇဝင်ရှိခြင်း
• ဆေးကြောင့် အဆိပ်ဖြစ်သော လက္ခဏာများရှိခြင်း
• အသည်းရောင်ပိုးရှိခြင်း
အခြားသော လက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။
• ဆီးအရောင် သည် ပယင်းရောင်ကဲ့သို့ မဲခြင်း
• ပျို့အန်ခြင်း
• ဗိုက်နာခြင်း၊ဗိုက်ဖောင်းခြင်း
• မောပန်းနွမ်းနယ်ခြင်း၊တခါတရံ နာတာရှည် အသည်းရောဂါနှင့် တွဲဖြစ်တတ်သည်။
မွေးကင်းစများတွင် အသားဝါလျှင် ဘီလီရူဘင်ပမာဏကို မဖြစ်မနေစစ်ခိုင်းရသည်။
စစ်ဆေးမှုကို သွေးအားနည်းရောဂါရှိသော လူများတွင်လည်း စစ်ခိုင်းနိုင်သည်။ သွေးပျက်စီးမှုများခြင်းကို သိရှိရန် သွေးစစ်ခြင်း၊ reticulocyte count, haptoglobin, and LDH ကဲ့သို့သော အခြားသော စစ်ဆေးမှုများကို လည်း လုပ်ရန် လိုအပ်ပါသည်။
တခါတရံ ဘီလီရူဘင်သည် များစွာသော စစ်ဆေးမှုများလုပ်သည့်အထဲမှ တစ်ခုဖြစ်သည်။ အသည်းကို စစ်ဆေးရန် စစ်ဆေးမှုများစွာပြုလုပ်သည့်အနက် bilirubin, alanine transaminase (ALT), asparate transaminase (AST), alkaline phosphatase (ALP), albumin, total protein, နှင့်အခြားစစ်ဆေးမှုများ ပါဝင်သည်။
ဘီလီရူဘင်သည် မမွေးမီ သင့်ကလေးတွင် သွေးနီဥများပျက်စီးခြင်း ကဲသို့သော အခြေအနေရှိသည်ဟု ထင်လျှင် ကလေး၏ ရေမွှာရည်ထဲတွင်လည်းစစ်ဆေးနိုင်သည်။
ဘီလီရူဘင်သည် ဆီးထဲတွင် လည်း စစ်ဆေးနိုင်သည်။ ပုံမှန်အားဖြင့် ဆီးထဲတွင် ဘီလီရူဘင် များစွာ မပါဝင်ပါ။ ဆီးထဲတွင် ဘီလီရူဘင်ပမာဏကို ပုံမှန်မဟုတ်ပဲ တွေ့ရှိပါက အကြောင်းရင်းကို ရှာရန် အခြားစစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည် ခန္ဓါကိုယ်မှ ဘီလီရူဘင်ကို မစွန့်ထုတ်နိုင်သောကြောင့် ဖြစ်ပါသည်။
စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး ၄နာရီအတွင်း အစားအသောက်များ မစားရပါ။ စစ်ဆေးမှုကို ထိခိုက်စေနိုင်သော ဆေးများသောက်နေခြင်းကို ရပ်ရန် ဆရာဝန်မှ ညွှန်ကြားနိုင်ပါသည်။ စစ်ဆေးမှု မတိုင်ခင် အခြားပြင်ဆင်မှုများ အထူးအထွေ မလိုအပ်ပါ။
ဆေးများစွာသည် ဘီလီရူဘင် ပမာဏကို ပြောင်းလဲစေနိုင်ပါသည်။ သင်သောက်နေသော ဆေးများနှင့်ပတ်သတ်ပြီး ဆရာဝန်နှင့် တိုင်ပင်ပါ။
သင့်ဆရာဝန်ကို ပြောပြရန်လိုအပ်သည်များမှာ
• သင်သောက်နေသော ဆေးများရှိလျင်
• ဆေးများကို ဓါတ်မတည့်ခြင်းရှိလျှင်
• သွေးပြသနာများရှိလျှင်၊ သွေးကျဲဆေးများသောက်နေလျှင်၊
• ကိုယ်ဝန်ရှိနေလျှင် ၊ ရှိနေနိုင်လျှင်
စစ်ဆေးမှုပြုလုပ်ရန် သွေးပမာဏ အနည်းငယ်သာလိုအပ်ပါသည်။ သွေးကို လက်မောင်း သို့မဟုတ် လက်၏ သွေးပြန်ကြောမှ အပ်ဖြင့်ဖောက်ကာ ရယူပြီး စစ်ဆေးသည့် ပြွန်ထဲတွင် ထည့်သည်။
သွေးဖောက်သည့် နေရာကို သွေးတိတ်စေရန် ပတ်တီးဖြင့် ခဏစည်းထားပေးသည်။ ထိုနေ့တွင် လက်ကို အလေးအပင်များမရန် မသုံးသင့်ပါ။
သင့်တွင် မေးမြန်းလိုသည်များရှိလျှင် သင့်အတွက် အကောင်းဆုံးအဖြေကို ရနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ပုံမှန်ရလဒ်
ကလေးကြီးများနှင့် လူကြီးများတွင် ပုံမှန်ရလဒ်သည် ရေတွင်ပျော်ဝင်နိုင်သော ဘီလီရူဘင်အတွက် ၀ မှ ဝ.၃ မီလီဂရမ် milligrams per deciliter (mg/dL) ဖြစ်ပြီး နှစ်မျိုးပေါင်းသည် ဝ.၃ မှ ၁.၉ မီလီဂရမ် milligrams per deciliter (mg/dL) ဖြစ်သည်။
မွေးကင်းစကလေးများတွင် ဘီလီရူဘင်များခြင်းသည် ပုံမှန်ဖြစ်သည်။ မွေးကင်းစကလေးတွင် ပုံမှန်သည် ၅ မီလီဂရမ်အောက်ဖြစ်သည်။ ၆၀ ရာခိုင်နှုန်းသော ကလေးများတွင် အသားဝါရောဂါဖြစ်ပြီး ဘီလီရူဘင်သည် ၅ မီလီဂရမ်ထက်ကျော်တတ်သည်။
ရလဒ်များသည် ဓါတ်ခွဲခန်းအပေါ် မူတည်ပြီးပြောင်းလဲနိုင်ပါသည်။ ပုံမှန်ရလဒ်သည် ကလေးများနှင့် အမျိုးသမီးများတွင် အနည်းငယ်ကွာခြားနိုင်ပါသည်။ ထို့အပြင် ရလဒ်သည် အစားအသောက်၊ ဆေးဝါးများ နှင့်အားကစားလှုပ်ရှားမှုများကြောင့် သက်ရောက်မှုရှိနိုင်ပါသည်။ သင့်ဆရာဝန်ကို ထိုအချက်များရှိလျှင် စစ်ဆေးချက်အဖြေကို မှန်ကန်စွာသုံးသပ်နိုင်ရန် ပြောပြထားပါ။
သွေးထဲတွင် ဘီလီရူဘင် ပမာဏများနေခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည်။
• သည်းခြေအိတ်ကို ပိုးဝင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း ကဲ့သို့သော ရောဂါများ
• အသည်း၏ လုပ်ဆောင်ချက်ကို သက်ရောက်နိုင်သော Gilbert’s syndrome ကဲ့သို့သော မွေးရာပါ ရောဂါများ၊ အချို့လူများတွင် ထိုရောဂါကြောင့် အသားဝါနိုင်သော်လည်း အန္တရာယ်မရှိသည်လည်း ဖြစ်နိုင်ပါသည်။
• အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ ကဲ့သို့သော အသည်းပျက်စီးစေသော ရောဂါများ၊
• သည်းခြေကျောက်တည်ခြင်းနှင့် မုန့်ချိုအိတ် ကင်ဆာ ကဲ့သို့သော သည်းခြေပြွန် ပိတ်စေသော ရောဂါများ၊
• sickle cell disease နှင့် သွေးသွင်းခြင်းမှ ဓါတ်မတည့်ခြင်း ကဲ့သို့သော သွေးနီဥများကို မြန်မြန်ပျက်စေသော ရောဂါများ၊
• ဘီလီရူဘင်ကို တက်စေသော ဆေးများကို သောက်ခြင်း။ ပိုးသတ်ဆေးများ၊ သားဆက်ခြားဆေးများ၊ ဒိုင်ယာဇီပင်၊ (Valium), flurazepam, indomethacin (Indocin) ကဲ့သို့သော ဆေးများ ပါဝင်သည်
ဆေးရုံနှင့် ဓါတ်ခွဲခန်းပေါ်မူတည်ပြီး စစ်ဆေးမှု အဖြေသည် ကွဲပြားနိုင်ပါသည်။ သင့်စစ်ဆေးမှု အဖြေကို ပိုမို နားလည်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
PasteTextHere
PasteTextHere
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။