မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Antinuclear antibody (ANA) စစ်ဆေးခြင်း ဆိုသည်မှာ သင့်သွေးထဲတွင် ရှိသော ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်မည့် antibodies များ၏ ပုံစံများနှင့် ပမာဏကို တိုင်းတာသော စစ်ဆေးမှု ဖြစ်သည်။
ခန္ဓါကိုယ်၏ ကိုယ်ခံအားစနစ်သည် ပုံမှန်အားဖြင့် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်တို့လို ပြင်ပမှ ပစ္စည်းများကိုသာ တိုက်ထုတ် ဖျက်ဆီးပစ်သည်။ သို့သော် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော ရောဂါများတွင်မူ ကိုယ်ခံအား စနစ်သည် ခန္ဓါကိုယ်၏ ပုံမှန်တစ်သျှူးများအား တိုက်ခိုက်ဖျက်ဆီးပစ်၏။ လူတစ်ဦး၌ ကိုယ်ခံအားမှ တိုက်သောရောဂါ ရှိနေလျှင် ကိုယ်ခံအား စနစ်သည် ခန္ဓါကိုယ်၏ ကိုယ်ပိုင်ဆဲလ်များကို ပြင်ပမှ ပစ္စည်များကို ထင်စေပြီး ၎င်းတို့တွင် တွယ်ကပ်နေမည့် antibodies များကို ထုတ်ပါလိမ့်မည်။ ထိုဆဲလ်များအား ထိခိုက်စေပြီး ပျက်စီးစေပါလိမ့်မည်။ လေဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းနှင့် Systemic lupu erhthematosus တို့သည် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သောရောဂါ နမူနာများ ဖြစ်ပါသည်။
ANA စစ်ဆေးမှုအား သင့်တွင်ရှိသော လက္ခဏာများနှင့် စမ်းသပ်ရရှိမှုပေါ် မူတည်ပြီး စစ်ဆေးမည် ဖြစ်သည်။ တခြားသော စစ်ဆေးမှုများနှင့် ပေါင်းပြီး ကိုယ်ခံအားမှ ပြန်တိုက်သည့် ရောဂါများကို ရှာမည်ဖြစ်သည်။
သင့်၌ ကိုယ်ခံအားမှ ပြန်တိုက်သည့်ရောဂါများ ဖြစ်သော lupus, လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်း (သို့) Scleroderma ကဲ့သို့ ရောဂါများ ရှိကြောင်း သံသယဝင်လျှင် ဆရာဝန်က ANA ကို စစ်ခိုင်းမည် ဖြစ်သည်။
များစွားသော လေးဖက်နာ ရောဂါများသည် ဆင်ဆင်တူသည့် လက္ခဏာများ ရှိတတ်သည် – အဆစ်နာခြင်း၊ မောပန်းလွယ်ခြင်းနှင့် ဖျားနာခြင်း။ ANA စစ်ဆေးမှုသည် တိကျသော ရောဂါအမည် တပ်ရန် အတည်မပြုနိုင်သော်လည်း တချို့ရောဂါများ မရှိကြောင်းတော့ ပြောပြနိုင်၏။ ထို့အပြင် ANA စစ်ဆေးမှု Positive ဖြစ်လျှင် သင့်သွေးအား တချို့ ရောဂါများအတွက် တိကျသော antinuclear antibodies မျိုးကို ထပ်ပြီး သွေးစစ်ဆေးနိုင်ပါသည်။
ကိုယ်ခံအားမှ ပြန်တိုက်သော ရောဂါများအား ANA စစ်ဆေးမှု တစ်ခုတည်းနှင့် ရောဂါအမည် သေချာမတပ်နိုင်ပါ။ ပြည့်စုံသော ရောဂါရာဇဝင်၊ စမ်းသပ်ခြင်းနှင့် တခြားသော စစ်ဆေးချက်များကို ပေါင်းပြီး ANA စစ်ဆေးချက်နှင့်တွဲကာ SLE (သို့) လေးဖက်နာနှင့်တူသော အဆစ်ရောင်ခြင်းတို့အား ရောဂါအမည် တပ်နိုင်မည်ဖြစ်သည်။
တချို့ ကျန်းမာသော လူများတွင်လည်း သွေးတွင်း၌ ANA ပမာဏ မြင့်တက်နေနိုင်ပါသည်။ ဥပမာအားဖြင့် ကိုယ်ခံအားမှ ပြန်တိုက်သည့်ရောဂါ မိသားစု မျိုးရိုးရှိသော လူများတွင် မြင့်တက်နေနိုင်သည်။ ANA လယ်ဗယ်မြင့်လေလေ ကိုယ်ခံအားမှ ပြန်တိုက်သည့် ရောဂါ ရှိနိုင်ခြေ ပိုများလေလေ ဖြစ်သည်။ ANA လယ်ဗယ်သည် အသက်ကြီးလာသည်နှင့် တိုးလာမည်ဖြစ်သည်။
Antinuclear antibody စစ်ဆေးရန် ဘာတွေ ပြင်ဆင်ထားရမလဲ
အထူးတလည် ပြင်ဆင်ရန် မလိုပါ။ သို့သော် တချို့ဆေးများ – ကိုယ်ဝန် တားဆေး၊ Procainamind နှင့် thiazide ဆီးဆေးများသည် စစ်ဆေးမှုရလဒ်၏ တိကျမှုအား ထိခိုက်နိုင်သည်။ သင်သောက်နေသည့် ဆေးများအား ဆရာဝန်သိအောင် ပြောပြထားပါ။
ကျန်းမာရေး ကျွမ်းကျင်သူက သွေးဖောက်မည် ဖြစ်သည်။
သွေးနမူနာများကို ဓါတ်ခွဲရန်အတွက် ဓါတ်ခွဲခန်းကို ပို့ပါလိမ့်မည်။ သင်လည်း အိမ်သို့ပြန်နိုင်ပြီး ကိုယ်လုပ်စရာ ရှိသည်များကို ဆက်လုပ်နိုင်ပါသည်။
Antinuclear antibody အကြောင်း မေးခွန်းများရှိပါက ပိုမိုနားလည်စေရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Antinuclear antibodies များ ရှိလျှင် Positive ဖြစ်သည်။ သို့သော် Positive ရလဒ်ဆိုလျှင် သင့်၌ ရောဂါရှိနေပြီဟု မဆိုလိုပါ။ ရောဂါမရှိသော လူအများလည်း ANA စစ်ဆေးမှု Positive ဖြစ်နိုင်သည် – အထူးသဖြင့် ၆၅ နှစ်ထက် ကြီးသော အမျိုးသမီးများ။
Mononucleosis နှင့် တခြားသော နာတာရှည် ကူးစက်ရောဂါများသည်လည်း Antinuclear antibodies များ ဖြစ်ပေါ်ခြင်းနှင့် ဆက်နွှယ်နိုင်သည်။ တချို့ သွေးကျဆေးများနှင့် အတက်ကျဆေးများသည် Antinuclear antibody ထုတ်ရန် လှုံ့ဆော်နိုင်သည်။ သွေးတွင်း၌ ANA ရှိနေလျှင် အောက်ပါတို့ ဖြစ်နိုင်သည်။
ANA လယ်ဗယ် မြင့်တက်ခြင်းအား တစ်ခါတရံ အောက်ပါ ကိစ္စများတွင်လည်း တွေ့ရနိုင်သည်။
သင့်၌ ကိုယ်ခံအားမှ ပြန်တိုက်သော ရောဂါရှိကြောင်း သံသယရှိလျှင် ဆရာဝန်က စစ်ဆေးချက်တချို့ လုပ်ခိုင်းပါလိမ့်မည်။ ANA ရလဒ်သည် အချက်အလက် တစ်ပိုင်းသာဖြစ်ပြီး လက္ခဏာများ၏ အကြောင်းရင်းကို ရှာရန်အတွက် ဆရာဝန်ကို အထောက်အကူ ပြုပါသည်။
ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ်မူတည်ပြီး antinuclear antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။