ဆေးလိပ်သောက်တယ်ဆိုရင်တော့ Cystoscopy မလုပ်မီ ရက်သတ္တပတ်ပေါင်းများွာ ကြိုတင်ပြီး ဆေးလိပ်သောက်ခြင်းကို ရပ်တန့်မှသာ နောက်ဆက်တွဲဆိုးကျိုးတွေကို လျှော့ချနိုင်ပြီး ရေရှည်ကျန်းမာရေးကို တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။
ရောဂါရှာဖွေခြင်း
Rigid Cystoscopy နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။
Cystoscopy ကို မေ့ဆေး (သို့) ခါးထုံဆေးကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ မိနစ် ၃၀ ထက်နည်းပြီး ကြာမြင့်နိုင်ပါတယ်။
သင့်ဆရာဝန်က Cystoscope ကို ဆီးအိမ်မှတစ်ဆင့် ထည့်လိုက်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ဆီးအိမ်နံရံမှ ပြဿနာတွေကို ရှာဖွေဖို့နဲ့ လိုအပ်ရင် အသားစယူဖို့ Cystoscope ကို အသုံးပြုနိုင်ပါတယ်။ တကယ်လို့ သင့်ဆရာဝန်က အကျိတ်အသေး (သို့) ကျောက်တုံးကိုတွေ့တယ်ဆိုရင် Cystoscope မှတစ်ဆင့် ဖယ်ရှားနိုင်ပါတယ်။
ရောဂါ ကုသခြင်းများ
Rigid Cystoscopy လုပ်ပြီးသွားချိန် ဘာလုပ်သင့်သလဲ။
Cystoscopy လုပ်ပြီးတဲ့ တစ်နေ့တည်းမှာ ထုံဆေး၊ မေ့ဆေးက ပြန်ကောင်းပြီး ဆီးသွားနိုင်ပြီဆိုရင် အိမ်ပြန်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက သင့်ကို အနည်းငယ် ကြာကြာနေစေဖို့ အကြံပေးနိုင်ပါတယ်။
သင့်ကျန်းမာရေး လုံးဝပြန်မကောင်းမချင်း ကားမောင်းခြင်း၊ စက်ကိရိယာ မောင်းနှင်ခြင်း၊ အန္တရာယ်ရှိသော လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းတွေကို အနည်းဆုံး ပထမ ၂၄ နာရီ အတွင်း မပြုလုပ်သင့်ပါဘူး။ တကယ်လို့ ထုံဆေး အရှိန်မပြေသေးရင် စာရွက်မှာ sign ထိုးခြင်း၊ အရက်သောက်ခြင်းတို့ကို ၂၄ နာရီခန့် ရှောင်ကျဉ်သင့်ပါတယ်။
ပထမအကြိမ် ဆီးသွားချိန်မှာ စူးရှတဲ့နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ပိုမိုဆီးသွားစေဖို့အတွက် နေ့စဉ် ရေ သုံးလီတာလောက်ကို သောက်သင့်ပါတယ်။
များသောအားဖြင့် မာတဲ့ ဆီးပိုက်ကိုအသုံးပြုတဲ့ rigid cystoscopy ဟာ နာကျင်မှုကို မဖြစ်စေနိုင်ပါဘူး။ တကယ်လို့ သင်သက်တောင့်သက်သာမရှိဘူးဆိုရင်တော့ ပုံမှန်အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ paracetamol ကို သောက်နိုင်ပါတယ်။ သင့်ကို ဆရာဝန်က အထူးမမှာကြားရင် Cystoscopy လုပ်အပြီး တစ်နေ့တည်းမှာ အလုပ်ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို နေ့စဉ်လှုပ်ရှားမှုကို အမြန်ဆုံးပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးစောင့်ရှောက်သူ (သို့) ဆရာဝန်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။ Cystoscope ကြည့်ပြီးချိန်မှာ ဘာတွေ့လဲဆိုတာကို ကျန်းမာရေးစောင့်ရှောက်သူက ပြောပြမှာ ဖြစ်ပြီး ကုသမှုနဲ့ လိုအပ်တဲ့ follow-up ကို စီစဉ်ပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်မှာ မေးခွန်းတွေ၊ စိုးရိမ်စိတ်တွေရှိရင် ဆရာဝန်၊ ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Cystoscopy လုပ်အပြီးမှာ ဘာတွေ ဖြစ်လာမှာလဲ။
Cystoscopy လုပ်နေစဉ်နဲ့ လုပ်အပြီးမှာ ဆီးသွားစဉ် သွေးစအနည်းငယ်ကို တွေ့ရနိုင်ပါတယ်။ Cystoscopy လုပ်စဉ် အသားစယူတဲ့အမျိုးသမီးအများစုမှာလည်း ဆီးသွားစဉ် သွေးစတွေကို မြင်ရနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက ဆီးအိမ်အတွင်းကို ဆီးပိုက်ထည့်ပြီး ရေထည့်ပေးခြင်းအားဖြင့် သွေးစတွေကို ဆေးချနိုင်ပြီး ကျန်ရှိနေတဲ့ သွေးခဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ရောဂါပိုးဝင်ခြင်း – တကယ်လို့ မကြာခဏ ဆီးသွားလိုပြီး တစ်ခါသွားရင် မသက်မသာနဲ့ ဆီးအနည်းငယ်သာ သွားတယ်ဆိုရင် သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ဆိုးရွားလာတယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ပိုးသတ်ဆေးနဲ့ ကုသဖို့ လိုအပ်နိုင်ပါတယ်။
ဆီးပြွန်ကျဉ်းခြင်း – ဆီးပြွန်အတွင်း အမာရွတ်တစ်ရှူး ဖြစ်ပေါ်မှုကြောင့် ဖြစ်ပါတယ်။ ဒါဟာ Cystoscopy ပထမဆုံးအကြိမ် လုပ်အပြီးမှာ ပုံမှန်ဖြစ်ပါတယ်။ ဒါဖြစ်လာခဲ့ရင် ခွဲစိတ်ပြီး ဖယ်ထုတ်ဖို့လိုပါတယ်။ ဖြစ်ဖို့ရာနှုန်းကတော့ လူနာအယောက် ၁၀၀၀ မှာတစ်ယောက် ဖြစ်ပါတယ်။
ဆီးအိမ်အတွင်း အပေါက်ဖြစ်ခြင်း – ဒါဖြစ်ခဲ့ရင်တော့ သင့်ဆရာဝန်က ဆီးအိမ်အတွင်း ဆီးပိုက်ထည့်ပြီး အနာကျက်စေပါလိမ့်မယ်။ တကယ်လို့ ဒီအပေါက်က မကျက်ဘူးဆိုရင် ခွဲစိတ်မှု လိုအပ်နိုင်ပါတယ်။
သင့်မှာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။