နှစ်ရက်သုံးရက်လောက် ရေပူနဲ့ ရေမချိုးသင့်ပါဘူး။ ပထမအပတ်မှာ အနာကို ခြောက်အောင် ထားသင့်ပါတယ်။
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ အထူးသဖြင့် ပုခုံးလှုပ်ရှားမှုပါတဲ့ လေ့ကျင့်ခန်းတွေကို ပထမတစ်ပတ် မလုပ်သင့်ပါဘူး။ နေပြန်ကောင်းလာချိန်အထိ နှစ်ပတ်ကနေ လေးပတ်လောက် လိင်ဆက်ဆံမှုကို ရှောင်ကျဉ်သင့်ပါတယ်။
Electro-magnetic fields တွေဟာ pacemaker ကို နှောင့်ယှက်နိုင်တာကြောင့် ဖုန်း၊ အိုင်ပေါ့ အစရှိတဲ့ လျှပ်စစ်ကိရိယာတွေကို pacemaker နဲ့ ၆ လက်မ (၁၅ စင်တီမီတာအတွင်း) သယ်ဆောင်ခြင်း မပြုလုပ်သင့်ပါဘူး။ လေယာဉ်ကွင်းမှာ လုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားမယ်ဆိုရင် သင့်မှာ pacemaker ထည့်ထားကြောင်း ပြောပြသင့်ပါတယ်။
နေ့စဉ်အသုံးပြုတဲ့ အိမ်သုံးပစ္စည်းတွေကိုတော့ သတိထားဖို့မလိုအပ်ပါဘူး။
သင့်ဆရာဝန်က သင်ဘယ်အချိန် ကားပြန်မောင်းနိုင်တယ်ဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။
သင်လုပ်နိုင်တဲ့အလုပ်အမျိုးအစား (အထူးသဖြင့် စက်ကိရိယာတွေ ပါဝင်တဲ့အလုပ်ဆိုရင်)ကို ထိခိုက်နိုင်ပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရေရှည်ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူတွေကို မေးမြန်းသင့်ပါတယ်။
ပုံမှန်စစ်ဆေးမှုတွေကို ခြောက်လ တစ်ကြိမ်ပြုလုပ်သင့်ပါတယ်။
ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
Pacemaker တပ်ပြီးရင် ဘာတွေ ဖြစ်နိုင်သလဲ။
ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့
ခွဲရာ၊ ပိုက်ထည့်ရာမှ သွေးထွက်ခြင်း
ပိုက်ထည့်တဲ့နေရာမှာ သွေးကြောဒဏ်ရာရရှိခြင်း
ခွဲရာ၊ပိုက် ရောဂါပိုးဝင်ခြင်း
Pneumothorax – ပတ်ဝန်းကျင်မှာရှိတဲ့ အဆုတ်ကို ခွဲစိတ်စဉ် ထိုးမိမယ်ဆိုရင် ထွက်လာတဲ့လေတွေဟာ အဆုတ်မြှေးထဲမှာ ပိတ်မိနိုင်ပါတယ်။ ဒါဟာ အသက်ရှူခက်ခဲခြင်းကို ဖြစ်စေပြီး ဆိုးရွားတဲ့အခြေအနေတွေမှာ အဆုတ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။
တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ကလေးနို့တိုက်နေရင်လည်း ဆရာဝန်ကိုပြောထားသင့်ပါတယ်။
ဆေးမတည့်ခြင်းတွေ၊ latex နဲ့ မတည့်ခြင်းရှိရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။
လူနာအချို့အတွက်တော့ ခွဲစိတ်နေစဉ် ခွဲစိတ်စားပွဲပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေရခြင်းဟာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်အခြေအနေနဲ့ပတ်သက်ပြီး အခြားဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ဒီခွဲစိတ်မှုကိုမပြုလုပ်မီ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။