backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်ပြီးနောက်ပိုင်းနာကျင်မှု ဆက်စပ်ပုံ


Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်ပြီးနောက်ပိုင်းနာကျင်မှု ဆက်စပ်ပုံ

မည်သည့် ဆေးကုသခြင်းမဆို ဘေးထွက်ဆိုးကျိုး အနည်းနှင့် အများ ရှိသည်။ မေ့ဆေးသည်လည်း ဆေးတစ်မျိုးပင်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း ကျန်းမာရေးကောင်းသူများတွင် အလွယ်တကူ သက်သာသွားအောင် ပြုလုပ်နိုင်သည်။ အောက်ပါတို့သည် ခွဲစိတ်ခြင်းမပြုမီ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပါသည်။

ပျို့အန်ခြင်း

ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင် အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်။ ၂၀-၃၀ ရာခိုင်နှုန်းသော လူနာများတွင် ဤလက္ခဏာများဖြစ်တတ်သည်။ ဆေးလိပ်သောက်သူများနှင့် လှုပ်ရှားမှုများတွင် မူတတ်သော အမျိုးသမီးလူနာများတွင် ဖြစ်နိုင်ချေပိုများသည်။ နား ခွဲစိတ်ခြင်းနှင့် အူလမ်းကြောင်းခွဲစိတ်ခြင်းတွင် အဖြစ်များသည်။

ဤဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန် သင့်ဆရာဝန်ကို မော်ဖင်းနှင့် ဓါတ်ငွေ့ မပါသော မေ့ဆေးကို အသုံးပြုရန် တောင်းဆိုနိုင်သည်။ လက္ခဏာများ ဆက်ရှိနေလျှင် ခွဲစိတ်ခြင်းမတိုင်မီ အအန်ပျောက်ဆေးကို ကြိုသောက်နိုင်သည်။

လည်ချောင်းနာခြင်း

လည်ချောင်းနာခြင်းနှင့် အသံဝင်ခြင်းသည် လူနာ ၄၀ ရာခိုင်နှုန်းတွင် ခွဲစိတ်ပြီး ပထမနာရီအတွင်းတွင် ဖြစ်ကြသည်။ အသက် ၅၀ အောက် အမျိုးသမီး များနှင့် ၃ နာရီထက်ပိုသော ခွဲစိတ်မှုများတွင် အဖြစ်များသည်။

Regional anesthetic တွင် ထိုပြသနာများကို ကာကွယ်နိုင်သည်။ အချို့ဆေးများသည် ကုသရာတွင် အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရသည်။ အေးခဲကုသခြင်း၊ အရောင်ကျသော ဆေးများပေးခြင်း၊ Tantum or Strepsils ကဲ့သို့သော ဆေးများသုံးခြင်းသည် နာကျင်မှုကို သက်သာစေသည်။

သွားပျက်စီးခြင်း

ရှားပါးသော ဘေးထွက်ဆိုးကျိုးဖြစ်သည်။ လူ ၂၀၀၀ တွင် ၁ ယောက်ခန့်သာ ဖြစ်နိုင်ပါသည်။ သွား နံပါတ်၂၅၊ ၂၆ တွင် အများဆုံးထိခိုက်ကြသည်။

ခံတွင်းသန့်ရှင်းရေး မကောင်းသော လူများနှင့် မေ့ဆေးပေးရာတွင် လေရှူရခက်သော လူနာများတွင် အဖြစ်များသည်။ လည်ချောင်းထဲသို့ ပိုက်ထည့်သည့်အခါ ကာကွယ်သည့် မှန်ပြားများထည့်ခြင်းဖြင့် သက်သာစေနိုင်သည်။

ချမ်းတုန်ခြင်း

ဤအခြေအေနေသည် ပြန်ကောင်းသည့် အချိန်အစောပိုင်းတွင် ဖြစ်သည်။ လူနာ ၂၅-၅၀ ရာခိုင်နှုန်းတွင် ဖြစ်တတ်သည်။ အကြောင်းရင်းသည် အပူချိန်ကျဆင်းခြင်းကြောင့် ဖြစ်သည်။ ခွဲစိတ်သည့်အခါ ဖျားခြင်းနှင့် စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ လူငယ် အမျိုးသားများတွင် အဖြစ်များသည်။

ခန္ဓါကိုယ် အပူချိန်ကျဆင်းခြင်းကို လုံးဝကာကွယ်ရန် မဖြစ်နိုင်သော်လည်း၊ ဆရာဝန်များက အနည်းငယ် သက်သာစေရန် ကြိုးစားကြသည်။ ခွဲစိတ်ပြီးနောက် ခံစားရသော လက္ခဏာများ သက်သာစေရန် သင့်ဆရာဝန်ကို ကြိုတင်ညွှန်ကြားချက်များ တောင်းခံနိုင်သည်။

ခွဲစိတ်ပြီးနောက် ဖြစ်တတ်သော နောက်ဆက်တွဲများသည် ရှောင်လွှဲ၍ မရနိုင်ပါ။ သို့သော် သိပ္ဗံပညာထွန်းကားလာသည့်အတွက် ဘေးထွက်ဆိုးကျိုးများကို သက်သာစေရန်၊ လျင်မြန်စွာပျောက်ကင်းစေရန် လုပ်ဆောင်နိုင်သည်။ သင့်ဆရာဝန်ကို သင့်ကျန်းမာရေးအတွက် စိတ်ချရစေရန် နောက်ဆုံးပေါ်နည်းလမ်းများကို အကူအညီတောင်းခံနိုင်သည်။

Hello ကျန်းမာရေးအဖွဲ့သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများနှင့် ကုသခြင်းများကို မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Su Sandy မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement