မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
သွေးထဲတွင် ဂလူးကို့စ် သို့မဟုတ် သကြားဓါတ် နည်းခြင်းသည် သွေးထဲသကြားဓါတ်များပုံမှန် ပမာဏအောက် နည်းပါးသွားသောအခါတွင် ဖြစ်ပွားပါသည်။ ခန္ဓါကိုယ်အတွက် စွမ်းအင် ရင်းမြစ် ဖြစ်သောဂလူးကို့စ် သကြားကိုအစားအစာ မှ ရရှိပါသည်။
ကာဗွန်ဟိုက်ဒရိတ် သည် ဂလူးကို့စ် ၏ အစားအစာမှရသောအဓိကရင်းမြစ်ဖြစ်ပါသည်။ ထမင်း၊ အာလူး၊ ပေါင်မုန့်၊ ပြောင်းမုံ့ ညက်ဖြင့် လုပ်ထားသောမုန့်၊ ကောက်ပဲသီးနှံများ၊ နို့၊ သစ်သီးများ နှင့် သကြားလုံးများသည် ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝသောအစားအစာများဖြစ်ပါသည်။
သရက်ရွက်သည် သွေးထဲသကြားကိုထိန်းချုပ်ရာတွင် အရေးပါသောအခန်းမှ ပါဝင်ပါသည်။ သရက်ရွက်မှ ပြုလုပ်သောအင်စူလင် ဟော်မုန်းသည် ဆဲလ်များစွမ်းအင်ထုတ်ရန် အတွက် ဂလူးကို့စ် သုံးရာတွင် ကူညီပေးပြီးသွေးထဲဂလူးကို့စ် ကိုလျော့ကျစေပါသည်။
သွေးထဲဂလူးကို့စ် ပမာဏကိုထိန်းချုပ်ရာတွင် အရေးပါသောအခြားဟော်မုန်းတစ်မျိုးမှာ glucagon ဖြစ်ပြီးသွေးထဲသကြားပမာဏကိုများစေပါသည်။ သရက်ရွက်မှ လုံလောက်သော glucagon ကိုမထုတ်လွှတ်နိုင်သောအခါ သွေးထဲသကြားပမာဏသည် ကျဆင်းပြီးသွေးထဲသကြားဓါတ်နည်းခြင်းကိုဖြစ်စေပါသည်။
သွေးထဲသကြားဓါတ်နည်းခြင်းသည် အရွယ်ရောက်ပြီးသူများနှင့် ၁၀နှစ်အထက် ကလေးများတွင် အဖြစ်မများပါ။
insulin ဖြင့် ကုသနေရသောဆီးချို သွေးချို လူနာများနှင့် ဆရာဝန် ညွှန်ကြားချက် မရှိဘဲဆီးချိုသွေးချိုကိုကုသနေသောလူနာများတွင် အဖြစ်များပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်းသည် ဟော်မုန်းနည်းပါးခြင်းအကျိတ်ဖြစ်ခြင်းစသောအခြားရောဂါ များကိုကုသမှုများ ၏ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်နိုင်ပါသည်။
သွေးထဲသကြားဓါတ်နည်းခြင်း၏ရောဂါလက္ခဏာများမှာ—
မူးဝေခြင်း၊ တုန်ယင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မကြာခဏချွေးပြန်ခြင်း၊ ဆာလောင်ခြင်း၊ နှလုံးခုန်သံမြန်ခြင်း နှင့် အသားအရောင် ဖျော့တော့ခြင်းတို့ ပါဝင်ပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်းသည် အိပ်နေစဉ် ဖြစ်ပွားနိုင်ပြီးအိမ်မက်ဆိုးများမက်စေနိုင်ပါသည်။
သကြားဓါတ်သည် ခန္ဓါကိုယ်အားစွမ်းအင် ထောက်ပံ့ပေးသောကြောင့် သွေးထဲသကြားဓါတ်နည်းသောသူများသည် မောပန်းခြင်း နှင့် မသက်မသာခြင်းများကိုဖြစ်စေပါသည်။ သွေးထဲသကြားရုတ်တရက် လျော့နည်းသွားခြင်းသည် မူးမေ့ခြင်း နှင့် တက်ခြင်းကို ဖြစ်စေပါသည်။
အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။
အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သွေးထဲသကြားဓါတ်နည်းခြင်းသည် လျင်မြင်စွာဖြစ်ပွားနိုင်ပါသည်။ အောက်ပါတို့ ဖြစ် ပွားပါကဆရာဝန် နှင့် သွားပြပါ။
သင့်တွင် ဆီးချိုသွေးချိုရှိကြောင်းကိုသင်၏ ဆွေမျိုးများအားအသိပေးထားသင့်ပါသည်။ သွေးထဲသကြားဓါတ်နည်းခြင်းသည် ဆိုးရွှားပါကသတိလစ်ခြင်းနှင့် တက်ခြင်းတို့ကို ဖြစ်စေသောကြောင့် ဖြစ်လာနိုင်သောအရေးပေါ်အခြေအနေများအတွက် ဆွေမျိုးများကိုအသိပေးထားသင့်ပါသည်။
Insulin နှင့်ဂလူးကို့စ်တို့သည်မျှခြေတွင်မရှိသောအခါ သွေးထဲသကြားဓါတ်နည်းခြင်းဖြစ် ပေါ်ပါသည်။ ဟောမုန်းမညီမျှခြင်းကိုဖြစ်စေသောအကြောင်းရင်းများမှာ
အောက်ပါအချက်များသည် သွေးထဲသကြားဓါတ်နည်းခြင်းကို ဖြစ်ပေါ်စေပါသည်။
ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများမရှိခြင်းသည် သင့်အားရောဂါမရနိုင်ဟုမဆိုလိုပေ။ ဤအချက်များသည် ကိုးကားချက်များသာလျှင်ဖြစ်သည်။ ပိုမိုများပြားသောအချက်အလက် များအတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါလက္ခဏာများသည် သွေးထဲသကြားဓါတ်နည်းခြင်းရှိကြောင်းကို ပြသသောအကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ဆေးရုံတက်နေရာပါကသွေးထဲသကြားဓါတ်နည်းခြင်းကိုသတ်မှတ်ရန် fasting blood sugar tests နှင့် အခြားသွေးစစ်မှုများလုပ်ဆောင်နိုင်ပါသည်။
သွေးထဲသကြားဓါတ်နည်းခြင်း ဖြစ်ချိန်တွင် Insulin နှင့် ကလူးကို့စ် ညီမျှခြင်းကိုပုံမှန် ပြန်ရောက်စေရန် သကြားကို ခန္ဓါကိုယ်သို့ အမြန် ထောက်ပံ့သင့်ပါသည်။
၁၅မိနစ်မှ ၂၀ မိနစ်အတွင်းပုံမှန် သကြားပမာဏသို့ မရောက်ပါကသရေစာများထပ်မံစားသုံးပြီးနောက် ၁၅မိနစ်မှ ၂၀ မိနစ်တွင် ပြန်လည်စစ်ဆေးကြည့်ပါ။
သွေးထဲသကြားဓါတ်နည်းခြင်းကြောင့် သတိလစ်ခြင်းတက်ခြင်းတို့ဖြစ်ပါက glucagon ထိုးဆေးအမြန် ထိုးရန် လိုအပ်ပါသည်။
အောက်ဖော်ပြပါလူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများသည်သွေးထဲသကြားဓါတ်နည်းခြင်းကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။