backup og meta

မုတ်သုံရာသီ မှာ ဘာရောဂါတွေ အဖြစ်များဆုံးလဲ၊ ဘယ်လိုကာကွယ်ကြမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Most common diseases in the monsoon season and how can you prevent the (general population, infectious diseases)

    မုတ်သုံရာသီမှာ ဘာရောဂါတွေ အဖြစ်များဆုံးလဲ၊ ဘယ်လိုကာကွယ်ကြမလဲ

    မုတ်သုံရာသီ လို့ ခေါ်ကြတဲ့ မိုးရာသီကို ရောက်လာခဲ့ပြီနော်။ နွေအပူကို ကြိတ်မှိတ်သည်းခံရင်း မုတ်သုံလေနဲ့အတူ ရောက်လာမယ့် မိုးရေစက်တွေကို မျှော်နေခဲ့ကြတာပေါ့။

    ဒါပေမယ့် တစ်ခါတလေ မိုးလေးတဖွဲဖွဲ နဲ့အတူ မဖိတ်ခေါ်ဘဲ ပါလာတတ်တဲ့ ရောဂါပိုးတွေကိုတော့ မေ့မထားသင့်ပါဘူး။ မိုးရာသီဆို ဒီရောဂါတွေ ကူးစက် ဖြစ်ပွားမှု အများဆုံးပါပဲ –

    အအေးမိ ၊ တုပ်ကွေး

    မိုးလေး အေးပြီဆို ဟပ်ချိုး၊ အဟွတ် ဇာတ်လမ်းတွေ၊ တုပ်ကွေးကွေးရတဲ့ ကိစ္စတွေ တွေ့ရပါတော့မယ်။ ဒီရာသီမှာ အအေးမိ၊ တုပ်ကွေးက အဖြစ်များဆုံး မဟုတ်လား။

    ရာသီဥတု အပြောင်းအလဲကြောင့်၊ ဗိုင်းရပ်စ်ပိုးကြောင့် အအေးမိတတ်တယ်၊ တုပ်ကွေးဖြစ်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် လေထုထဲကနေ ကူးစက်ရာကနေ နှာစေးတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်တွေ ကိုက်ခဲတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ အဖျားတက်တာတွေ ဖြစ်လာတော့မယ်လေ။

    သွေးလွန်တုပ်ကွေး

    သွေးလွန်တုပ်ကွေးကို Aedes Aegypti လို့ခေါ်တဲ့ ခြင်ကျားတွေကနေ တဆင့် ကူးစက်တာပေါ့။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့အခါ အဆစ်တွေနဲ့ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ နုံးချိတာ၊ အရေပြားမှာ အင်ပြင်လိုမျိုး အနီကွက်တွေထွက်တာတွေ ခံစားရနိုင်ပြီး ပြင်းထန်ရင် အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။

    ငှက်ဖျား

    မုတ်သုံရာသီမှာ အဖြစ်များတဲ့ရောဂါ တစ်မျိုးပါ။ မသန့်ရှင်းတဲ့ ရေတွေမှာ ပေါက်ဖွားရှင်သန်တဲ့ Anopheles ခြင်တစ်မျိုးကြောင့် ဖြစ်တာဖြစ်ပြီး မိုးရာသီမှာ ရေဝပ်တဲ့နေရာတွေမှာ ပေါက်ပွားရှင်သန်ကြပါတယ်။ ငှက်ဖျားရောဂါခံစားရတဲ့အခါ အဖျားတက်တာ၊ ကိုယ်လက်တွေကိုက်ခဲတာ၊ ချမ်းတုန်တာ၊ ချွေးထွက်တာတွေကို ခံစားရနိုင်ပြီး မကုသဘဲနေရင် အသားဝါတာ၊ ပြင်းထန်တဲ့သွေးအားနည်းရောဂါ၊ ကျောက်ကပ်နဲ့ အသည်းထိခိုက်ပျက်စီးတာတွေ အထိ ခံစားရနိုင်ပါတယ်။

    ဝမ်းရောဂါ

    နောက်ထပ် အဖြစ်များတဲ့ မိုးရာသီရောဂါတစ်ခုကတော့ ကာလဝမ်းရောဂါပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာ၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ကာလဝမ်းရောဂါ ဖြစ်ပွားတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့အခါ အော့အန်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရေဓာတ်ဆုံးရှုံးတာနဲ့ ကြွက်တက်တာတွေ ခံစားရနိုင်ပါတယ်။ ကာလဝမ်းရောဂါက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။။

    တိုက်ဖွိုက်

    တိုက်ဖွိုက်ရောဂါဟာ ရေမှာ ပေါက်ဖွားတဲ့ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကနေ တဆင့် ကူးစက်နိုင်သလို ရောဂါကူးစက်ခံထားရတဲ့ သူရဲ့မစင်ကြောင့် ညစ်ညမ်းနေတဲ့ရေကနေလည်း ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။

    တိုက်ဖွိုက် ဖြစ်တဲ့အခါ အဖျားတာရှည်တာ၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

    အစာအဆိပ်သင့်ခြင်း

    အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းတာ (Gastroenteritis) နဲ့ အစာအဆိပ်သင့်တာက မုတ်သုံရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေပါ။ မသန့်ရှင်းတဲ့ သို့မဟုတ် ရောဂါပိုးပါတဲ့ အစားအသောက်ကနေ ဖြစ်စေတာပေါ့။ ဒီရောဂါကိုခံစားရတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊အော့အန်တာ နဲ့ဝမ်းလျှောတာတွေ အပြင် အဖျားတက်တာ နဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဝမ်းပျက် ဝမ်းလျှောခြင်း

    ဝမ်းရောဂါလောက် မပြင်းထန်ပေမယ့် မသန့်ရှင်းတဲ့ ရေနဲ့ အစားအသောက်တွေကြောင့် ဒီရာသီမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ ဒီဖြစ်နိုင်ခြေကို ပံ့ပိုးပေးတာကတော့ ရောဂါပိုးသယ်ဆောင် တတ်တဲ့ ယင်ကောင်တွေပါပဲ။

    အရေပြားပြဿနာ

    စိုစွတ်တဲ့ရာသီ မို့ မှိုပိုးတွေလည်း ပေါက်ဖွားလွယ်ပါတယ်။ စိုထိုင်းမှုရှိတဲ့နေရာ၊ အသုံးအဆောင်တွေမှာ မှိုပိုးတွေ ဖြစ်လာတတ်ပြီး အရေပြားမှာ ယားယံတာ၊ အင်ပြင်ထွက်တာ၊ ဓာတ်မတည့်မှုဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားမှိုပိုး ဝင်ရောက်တဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ လိမ်းဆေး၊ သောက်ဆေးတွေနဲ့ ကုသမှုခံယူရနိုင်ပါတယ်။

    ဒါတွေကို ကာကွယ်ဖို့က –

    ကိုယ်ခံအား ကောင်းအောင် နေရပါမယ်၊ ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်မိသားစုကို ဂရုစိုက်ရပါမယ်နော်။ ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါ –

  • အာဟာရပြည့်ဝအောင် စားသုံးပါ။
  • အိပ်ရေးဝအောင်အိပ်ပါ။
  • သန့်စင်တဲ့ ရေကို သောက်ပါ၊ ရေကို ကျိုချက်သောက်ပါ။
  • လက်ကို မကြာခဏ သန့်စင်အောင် ဆေးကြောပါ။
  • တစ်ကိုယ်ရည်သန့်ရှင်းမှု အထူးဂရုစိုက်ပါ။
  • အိမ်နဲ့ ပတ်ဝန်းကျင် ရေကျန်၊ ရေဆိုး မကျန်ရှိပါစေနဲ့။
  • လတ်ဆတ်၊ သန့်ရှင်းတဲ့ အစားအသောက်တွေပဲ စားသုံးပါ။
  • ခြင်ကိုက်မခံရအောင် ခြင်ပြေးဆေး၊ ခြင်နိုင်လိမ်းဆေးတွေ သုံးပါ။ လုံခြုံအောင် ဝတ်စားပါ။
  • ရရှိနိုင်တဲ့ ကာကွယ်ဆေးတွေ ထိုးနှံထားပါ။
    • အရေပြားမှိုပိုးဝင်ရောက်တာတွေမဖြစ်အောင်ခြောက်သွေ့တဲ့အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ
    • အစားအစာကို အိမ်မှာကိုယ်တိုင်ပြင်ဆင်စားသောက်ပါ။ အပြင်စာတွေ တတ်နိုင်သမျှရှောင်ပါ
    • လူထူတဲ့နေရာတွေမသွားပါနဲ့
    • နှာချေ၊ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို (လက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူး သို့မဟုတ် တံတောင်ဆစ်နဲ့) ဖုံးအုပ်ပါ။

    ဒီတစ်ခါ မုတ်သုံမှာ ရောဂါဘယ အလုံးစုံကင်းလို့ ကျန်းမာပျော်ရွှင်နိုင်ကြစေဖို့ အကြံပြုဖော်ပြပေးလိုက်ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement