အဓိပ္ပါယ်ဖွင့်ဆိုချက်
Goiter (လည်ပင်းကြီးခြင်း) ကဘာလဲ။
လည်ပင်းကြီးခြင်းဆိုတာ တကယ်တော့ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းပုံမှန်မဟုတ်ကြီးထွားလာတာဖြစ်ပါတယ်။ အလုံးအကျိတ်ကင်ဆာတော့မဟုတ်ပါဘူး၊ များသောအားဖြင့် နာကျင်မှုမရှိပေမယ့် ကြီးမားလွန်းရင်တော့ ချောင်းဆိုးစေပြီး မျိုရ၊ အသက်ရှူရခက်စေပါတယ်။
Goiter (လည်ပင်းကြီးခြင်း) က ဘယ်လောက်အဖြစ်များသလဲ
အလွန်ကိုအဖြစ်များပြီး အမျိုးသမီးတွေမှာများသောအားဖြင့် ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အားပေးသောအခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။
လက္ခဏာများ
Goiter (လည်ပင်းကြီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
- လည်ပင်းအခြေမှာသိသာတဲ့အဖုပေါ်လာခြင်း – မိတ်ကပ်လိမ်းချိန်၊ မုတ်ဆိတ်ရိတ်ချိန်ဆိုပိုသိသာပါတယ်။
- လည်ချောင်းတွင်တင်းကြပ်ခြင်း
- ချောင်းဆိုးခြင်း
- အသံပြောင်းခြင်း
- မျိုရခက်ခြင်း
- အသက်ရှူရခက်ခြင်း
ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် အသေးစိတ်အတွက်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
တကယ်လို့အထက်လက္ခဏာများတွေ့ရရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ်အလုပ်လုပ်ပုံချင်းမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။