Bee Stings (ပျားတုပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ပျားဆိပ်တက်ရင် အောက်ပါစစ်ဆေးချက်တွေ ပြုလုပ်ပါလိမ့်မယ်။
အရေပြားစစ်ဆေးခြင်း
ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ ပျားအဆိပ်အနည်းငယ်ကို လက်၊ ခက်ပြင် စတဲ့နေရာမှာ ထိုးသွင်းပါလိမ့်မယ်။ ဒီစစ်ဆေးနည်းဟာ အန္တရာယ်မရှိပါဘူး။ ပျားဆိပ်ကို ဓါတ်မတည့်ရင် စမ်းသပ်ထားတဲ့နေရာမှာ အဖုအပိတ့် ဖြစ်လာနိုင်ပါတယ်။
သွေးစစ်ခြင်း
ကိုယ်တွင်းခုခံပစ္စည်း ပမာဏကို တိုင်းတာပြီး ပျားဆိပ်အပေါ် ကိုယ်ခံအားစနစ်က ဘယ်လိုတုံ့ပြန်သလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းကို သွေးနမူနာပို့ပြီး စစ်ဆေးပါတယ်။
ဒီနည်းလမ်း၂မျိုးစလုံးကို အတူတွဲပြီးလည်း ပြုလုပ်တတ်ကြပါတယ်။ ပျားဆိပ်နဲ့တူနိုင်တဲ့ တခြားဓါတ်မတည့်ခြင်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။
Bee Stings (ပျားတုပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
အများစုမှာတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။
နောက်ထပ် ပျားတုပ်မခံရအောင် အကာအကွယ်ဝတ်ခြင်း၊ လိမ်းဆေးလိမ်းခြင်း၊ ပျားများတဲ့ဝန်းကျင်ကိုရှောင်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။
ပျားတုပ်ခံရပြိး ဓါတ်မတည့်သူတွေမှာ အောက်ပါအတိုင်း ပြုလုပ်သင့်ပါတယ်။
- အစွယ်ကျန်ခဲ့ရင် ချက်ချင်းနုတ်ပါ။ ခရက်ဒစ်ကတ်ပြားနဲ့တောင် သပ်ချနိုင်ပါတယ်။
- ရေခဲကပ်ပါ။ လိုအပ်ရင် တနာရီမှာ မိနစ် ၂၀ကပ်ပါ။ ရေခဲကို အဝတ်နဲ့ထုပ်ပြီးကပ်ပါ။
- Diphenhydramine (Benadryl), loratadine (Claritin) စတဲ့ ဟစ်စ်တမင်းဆန့်ကျင်ဆေးတွေ သောက်ပါ။ ယားယံရောင်ရမ်းတာ သက်သာပါလိမ့်မယ်။
- လိုအပ်ရင် အကိုက်အခဲပျောက်ဆေးများ သောက်ပါ။
- မေးခိုင်ကာက၊ွယ်ဆေးထိုးခဲ့တာ ၁၀နှစ်ထက် ကြာခဲ့မယ်ဆိုရင် ထပ်ထိုးပါ
- အင်းဆက်အကိုက်ခံရခြင်း အများစုကတော့ ဆေးဝါးကုသမှု မလိုအပ်ပါဘူး။
ဓါတ်မတည့်မှုဖြစ်တယ်လို့သိရင် အရင်ကလည်း ဆိုးဆိုးရွားရွား ကြုံဖူးရင် ဆေးရုံဆေးခန်းပြပါ။
ဟစ်စ်တမင်း ဆန့်ကျင်ဆေးများ မြန်နိုင်သမျှ မြန်မြန်သောက်ပါ။
အပီနက်ဖရင်းဆေးကို ဆရာဝန်ညွှန်ထားရင် အသင့်ယူဆောင်ထားပြီး ဆရာဝန်ညွှန်ပြတဲ့အတိုင်း သုံးစွဲပါ။
ပျား (သို့) နကျယ်ကောင်အတုပ်ခံရခြင်းအတွက် ဆေးဝါးကုသမှု
- တကောင်လောက်အကိုက်ခံရင် ပြသနာမရှိပါဘူး။ ဒဏ်ရာကို သန့်ရှင်းပြီး ပဋိဇီဝလိမ်းဆေး လိမ်းနိုင်ပါတယ်။
- ကျန်ခဲ့တဲ့ အစွယ်တွေကို ဖယ်ရှားပါ။
- ယားယံတဲ့အခါ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ သောက်ပါ။
- နာကျင်မှုရှိရင် အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
- မေးခိုင်ကာကွယ်ဆေးထိုးခဲ့တာ ကြာခဲ့ပြီဆိုရင် ထပ်ထိုးပါ။
သာမန်ဓါတ်မတည့်တဲ့ လက္ခဏာဖြစ်တဲ့ အဖုအပန့်များ၊ ယားယံခြင်းများပဲရှိပြီး အသက်၇ှူခက်ခြင်းမရှိရင် အရေးကြီးလက္ခဏာတွေမရှိရင် ကို ဟစ်စ်တမင်း ဆန့်ကျင်ဆေးများနဲ့ ကုသနိုင်ပါတယ်။ စတီးရွိုက်နဲ့လည်း ကုသနိုင်ပါတယ်။
အရေးပေါ်ကြုံရရင် ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်၊ လူနာတင်ယာဉ်ပေါ်မှာဖြစ်ဖြစ် ကုသနိုင်ပါတယ်။
နေကောင်းရင် အိမ်မှာပဲနေပြီး ဆေးသောက်နိုင်ပါတယ်။
ပိုဆိုးတဲ့လက္ခဏာတွေရှိပြီး အသက်ရှူရခက်တာမျိုးလည်း ရှိရင် ဟစ်စ်တမင်း၊ စတီးရွိုက်၊ အပီနက်ဖရင်း စတာတွေနဲ့ ထိုးဆေးအဖြစ် ကုသရနိုင်ပါတယ်။ ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်၊ လူနာတင်ယာဉ်ပေါ်မှာဖြစ်ဖြစ် ကုသနိုင်ပါတယ်။ အရေးပေါ်ဌာနမှာ အချိန်ကြာကြာ စောင့်ကြည့်ခံရပြီး တခါတရံ ဆေးရုံတက်ရတာမျိုးလည်း ရှိတတ်ပါတယ်။
ဆိုးရွားတဲ့အခြေအနေဖြစ်တဲ့ သွေးပေါင်ကျခြင်း၊ အသက်ရှူရခက်ခြင်းနဲ့ တခြားပြသနာတွေရှိရင် အရေးပေါ် ကုသမှုခံယူဖို့ လိုပါတယ်။
လေပြွန်ထဲ အသက်ရှူပြွန်ထည့်ပြီး ရှူရတတ်ပါတယ်။
ဟစ်စ်တမင်း၊ စတီးရွိုက်၊ အပီနက်ဖရင်း စတာတွေနဲ့ ထိုးဆေးအဖြစ် ကုသရနိုင်ပါတယ်။
အရည်ဓါတ်များကို သွေးကြောမှတဆင့် ပေးသွင်းနိုင်ပါတယ်။ ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်၊ လူနာတင်ယာဉ်ပေါ်မှာဖြစ်ဖြစ် ကုသနိုင်ပါတယ်။
အရေးပေါ်ဌာနမှာ အချိန်ကြာကြာ စောင့်ကြည့်ခံရပြီး တခါတရံ ဆေးရုံတက်ရတာမျိုး အထူးသဖြင့် အထူးကြပ်မတ်ကုသမှု ခံယူရခြင်းမျိုးလည်း ရှိတတ်ပါတယ်။
ပျားကောင်ရေများစွာ အတုပ်ခံရရင်တော့ အရေးပေါ်ပြရပြီး ဆေးရုံတက်ရတတ်ပါတယ်။ သွေးစစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။
ပါးစပ်နဲ့ လည်ချောင်းထဲမှာ အတုပ်ခံရရင် အရေးပေါ်ဌာနမှာ စောင့်ကြည့်ခံရနိုင်ပြိး ပိုဆိုးလာရင် အထူးကြပ်မတ်ကုသဌာနမှာ နေရတတ်ပါတယ်။
မျက်လုံးမှာ ဖြစ်ရင်တော့ မျက်စိဆရာဝန်နဲ့ပြရပါမယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပျားတုပ်ခြင်း အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
ပြင်ပမှာ အချိုရည်တွေသောက်ရင် သတိထားပါ။
အဝကျယ်တဲ့ခွက်တွေကို သုံးတာဟာ အထဲမှာ ပျားရှိမရှိ မြင်နိုင်ပါတယ်။ သောက်မယ့်ဗူးတွေ၊ ပိုက်တွေကိုလည်း သေချာစစ်ဆေးပါ။
အစားအစာထည့်ထားတဲ့ ပန်းကန်တွေ၊ အမှိုက်ပုံးတွေကို သေချာစွာ ဖုံးအုပ်ထားပါ။
အမှိုက်များ၊ ကြွေကျပြီး အသီးများ၊ တိရစ္ဆာန်မစင်များကို ရှင်းလင်းပစ်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
အပြင်မှာ လမ်းလျှောက်တဲ့အခါ ထိပ်ပိတ်ဖိနပ်စီးပါ။
တောက်ပပြီး ပန်းပုံပါတဲ့ အဝတ်တွေဟာ ပျားတွေကို ဆွဲဆောင်နိုင်တာမို့ မဝတ်ပါနဲ့။
လျော့ရဲတဲ့အဝတ်အစားတွေဟာ ပျားတွေဝင်ရောက်သွားနိုင်တာမို့ မဝတ်ပါနဲ့။
ကားမောင်းစဉ်မှာ မှန်တင်ထားပါ။
ပန်းပင်တွေ စိုက်ခင်းတွေ ရေလောင်းပေါင်းသင်ချိန်မှာ အင်းဆက်တွေကို နှိုးဆွသလိုဖြစ်တတ်တာမို့ သတိနဲ့ လုပ်ကိုင်ပါ။
ပျားအုံတွေ အိမ်အနီးမှာရှိရင် ကျွမ်းကျင်သူတွေ အကူအညီနဲ့ ဖယ်ရှားပါ။
ပျားကောင်ရေ အနည်းငယ်နဲ့တွေ့ရချိန်မှာ တည်ငြိမ်စွာနဲ့ ဝေးရာကိုလျှောက်သွားပါ။ သူတို့ကို သွားခြောက်ခြင်းဟာ အတုပ်ခံရစေနိုင်ပါတယ်။
ပျားတုပ်ပြီဆိုရင်၊ ပျားတွေ အမအျားကြီးတွေ့ရရင် ပါးစပ်နဲ့ နှာခေါင်းကိုကာပြီး နေရာမှ အမြန်ခွာပါ။
ပျားတကောင်တုပ်လိုက်ပြီဆိုရင် တခြားပျားတွေကို ဆွဲဆောင်တဲ့ ဓါတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဖြစ်နိုင်ရင် အဆောက်အဦထဲ၊ ကားထဲဝင်ပြီး ပိတ်ထားပါ။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။