backup og meta

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။အရက်နဲ့ ကိုဒင်း ဓါတ်ပြုမှု

အရက်နဲ့ ကိုဒင်း ဘာလို့ ရောမသုံးရတာလဲ။

ကိုဒင်း(Codeine) ဟာ ဘိန်း (သို့) မူးယစ်ဆေးဝါး အနွယ်ဝင် ဆေးတစ်မျိုးဖြစ်ပါတယ်။ သူ့ကို မပြင်းထန်တဲ့ နာကျင်မှုကနေ အတော်အသင့် ပြင်းထန်တဲ့ နာကျင်မှုကို သက်သာစေဖို့အသုံးပြုပါတယ်။ ဒါပေမယ့် ကိုဒင်း ကို အများအပြားအသုံးပြုရင် စွဲသွားတတ်တယ်ဆိုတာကိုတော့ သတိပြုသင့်ပါတယ်။

အရက်နဲ့ ကိုဒင်း ဓါတ်ပြုမှု

အရက်နဲ့ ကိုဒင်း ဓါတ်ပြုမှု

ကိုဒင်း ကိုသောက်သုံးနေရင် အရက်ကို မသောက်ပါနဲ့။ သူတို့နှစ်ခုကို တစ်ပြိုင်နက် သောက်သုံးခြင်းဟာ အာရုံကြောစနစ်ကို အကျိုးသက်ရောက်မှုတွေ ရှိပြီး အိပ်ချင်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ထဲမှာ ဘာမှ မရှိခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်းနဲ့ တွေးတောမှုနဲ့ ဆုံးဖြတ်မှု မပြုလုပ်နိုင်ခြင်း အစရှိသည်တို့ကို တိုးမြှင့်စေနိုင်ပါတယ်။ ပိုမို ဆိုးရွားတဲ့ သူတွေမှာ သူတို့နှစ်ခုပေါင်းသောက်ခြင်းဟာ သွေးပေါင်ကျခြင်း၊ အသက်မရှူနိုင်ခြင်း၊ သတိလစ်ခြင်း၊ ကိုမာဝင်ခြင်းနဲ့ နောက်ဆုံးမှာ သေဆုံးခြင်း အထိ ဖြစ်စေနိုင်ပါတယ်။

ကိုဒင်း ဟာ စွဲတတ်တဲ့ ဆေးဖြစ်တာကြောင့် ဒီဆေးကို ဘယ်လိုသောက်ရမယ်ဆိုတာ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ လိုအပ်တာထက်ပိုပြီး သောက်မိရင် ကျိုးကြောင်းဆီလျော်အောင် တွေးတတ်တော့မှာ မဟုတ်ပါဘူး။ ဆေးသောက်ပြီးရင် စိတ်နိုးကြားမှုတွေလိုအပ်တဲ့ ကားမောင်းခြင်း၊ ကြီးမားတဲ့ စက်ကိရိယာတွေ အသုံးပြုခြင်း အစရှိသည်တို့ကို ဒီဆေးက သင့်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ မသိမချင်း မပြုလုပ်သင့်ပါဘူး။

အခြားဆေးတွေ၊ ဖြည့်စွက်စာတွေ သုံးနေတာမျိုးရှိရင် ဆေးအချင်းချင်း ဓါတ်ပြုတာမျိုးကို ရှောင်ရှားဖို့ သင့်ဆရာဝန်ကို ပြောပြပါ။ ဆရာဝန်ကို မပြောပဲ ဆေးစသောက်တာ၊ ရပ်လိုက်တာမျိုး မပြုလုပ်သင့်ပါဘူး။

အရက်နဲ့ ကိုဒင်း ဓါတ်ပြုခြင်း လက္ခဏာများ

အရက်နဲ့ ကိုဒင်း ဓါတ်ပြုခြင်း လက္ခဏာတွေ အများအပြား ရှိတတ်ပါတယ်။

• စကားမပီမသ ပြောခြင်း

• မျက်လုံးအမြင်အာရုံ ဝေဝါးနေခြင်း

• တုန့်ပြန်ချိန် ကြာမြင့်ခြင်း

• သေချာစွာတွေးတောနိုင်မှု ကျဆင်းခြင်း၊ ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်မှု ကျဆင်းခြင်း

• နှလုံးခုန်နှုန်း နှေးခြင်း

• သွေးခုန်နှုန်း ဖျော့တော့ခြင်း

• တက်ခြင်း

• ဆီးသွားခြင်းဆိုင်ရာ ပြဿနာများ

• ဂယောင်ဂတမ်းဖြစ်ခြင်း

• ခေါင်းမူးခြင်း တို့ပဲ ဖြစ်ပါတယ်။

အခြားဘာတွေ ဖြစ်နိုင်သေးလဲ။

နာကျင်ခြင်းကို ကုသရုံသာမက ကိုဒင်း အနည်းငယ် သောက်ခြင်းဟာ ချောင်းဆိုးခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် အဆိုးဆုံး သူ့ရဲ့ အကျိုးဆက်ကတော့ ဆေးစွဲတာ ပါပဲ။ အချို့အတွက်ကတော့ ကိုဒင်း စွဲဖို့ ရက်သတ္တပတ် အနည်းငယ် ကြာမြင့်ပေမယ့် အချို့အတွက်ကတော့ ပိုမို ကြာမြင့်တတ်ပါတယ်။

သင့်မှာ အောက်ဖေါ်ပြပါ အခြေအနေတွေ ရှိနေရင် ကိုဒင်း သောက်ဖို့ သင့်မသင့် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

• အသည်းရောဂါ

• ပန်းနာရင်ကျပ်၊ နာတာရှည် အဆုတ်ရောဂါ COPD၊ အိပ်စက်စဉ် အသက်ရှူ ရပ်ခြင်း၊ အခြား အသက်ရှူခြင်းနဲ့ ပတ်သက်တဲ့ ရောဂါများ

• အသက်ရှူခြင်းကို ထိခိုက်တဲ့ ကေျာရိုးမရဲ့ ပုံသဏ္ဍာန် မမှန်စွာ ကွေးကောက်ခြင်း

• ကျောက်ကပ်ရောဂါ

• ခေါင်းထိခိုက်ဖူးခြင်း (သို့) ဦးနှောက်အကျိတ်

• သွေးပေါင်ကျခြင်း

• အစာခြေလမ်းကြောင်း ပိတ်ခြင်း (အစာအိမ်၊အူ)

• သည်းခြေအိတ် (သို့) မုန့်ချိုအိတ် ရောဂါ

• သိုင်းရွိုက်ဂလင်း အလုပ်သိပ်မလုပ်ခြင်း

• အက်ဒီဆင်ရောဂါ (သို့) အခြား အက်ဒရီနယ်ဂလင်း ရောဂါများ

• ဆီးကျိတ်ကြီးခြင်း၊ ဆီးသွားမှု ဆိုင်ရာ ပြဿနာများ

• စိတ်ရောဂါ

• ဆေး (သို့) အရက်စွဲခြင်း

ကိုဒင်း ဟာ စိတ်ကျရောဂါ၊ စိတ်ရောဂါ၊ ပါကင်ဆန် ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ပြင်းထန်တဲ့ ရောဂါပိုးဝင်ခြင်းများအတွက် သုံးတဲ့ဆေးတွေ၊ ပျို့အန်ခြင်းတွေကို ကာကွယ်ဖို့ သုံးတဲ့ဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒီဆေးတွေ သောက်နေတယ်ဆိုရင် ဆရာဝန်ကို ပြောပြဖို့ လိုပါတယ်။

ကိုဒင်း ကို အသည်းမှာ ချေဖျက်ပြီး သွေးနဲ့ အခြားနေရာ အနှံ့ကို ပို့ဆောင်ပါတယ်။ ကိုဒင်း ရဲ့ ဆိုးကျိုးကတော့ အသက်ရှူနှုန်းကို သေစေလောက်အောင် နှေးစေခြင်းပါပဲ။ ဒါ့ကြောင့် ကလေးတစ်ယောက်ကို ကိုဒင်း ဘယ်တော့မှ မပေးသင့်ပါဘူး။ နို့တိုက်နေတယ်ဆိုရင်လဲ မိခင်က ကလေးကို နို့ကတစ်ဆင့် ရောက်ရှိပြီး အန္တရာယ် ပေးမှုကနေ ကာကွယ်ဖို့ ကိုဒင်း ကို ရှောင်ရှားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Concurrent Alcohol and Codeine Abuse.

http://drugabuse.com/library/concurrent-alcohol-and-codeine-abuse/.

Accessed April 17, 2017.

Codeine and Alcohol / Food Interactions.

https://www.drugs.com/food-interactions/codeine.html.

Accessed April 17, 2017.

Codeine.

https://www.drugs.com/codeine.html.

Accessed April 17, 2017.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား

ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement