Bradberry က “သင်္ဘော ဘေးဘယ်ညာ ရွေ့တာနဲ့၊ အပေါ်အောက် ရွေ့တာက သင်္ဘောအလယ်မှာ အနည်းဆုံးပါပဲ” လို့ ပြောခဲ့ပါတယ်။ အပြင်ဘက်ကို မျက်စိနဲ့ တစ်ပြေးညီ ကြည့်နိုင်အောင် ပြတင်းပေါက်ပါတဲ့ အခန်းကိုလည်း တောင်းချင်တောင်းနိုင်ပါတယ်။
အစားစားထားပါ
အကောင်းဆုံး အစားတွေက အဆာပြေ အစားအစာ ဖြစ်တဲ့ မုန့်ကြွပ်၊ ဘီစကွတ်မုန့် အငံ၊ ရိုးရိုးပေါင်မုန့်နဲ့ ဘီစကွတ် အချောင်းလေးတွေပဲ ဖြစ်ပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာထက် အစာတချို့ ရှိတာက ပိုကောင်းပါတယ်။ ဒါပေမယ့် အများကြီး မစားဖို့တော့ သတိထားရပါမယ်။ ဂျင်းအနည်းငယ်ကိုလည်း လိုကောင်းလိုပါလိမ့်မယ်။ ဂျင်းဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းအတွက် သက်သာစေတဲ့ သဘာဝ ထုတ်ကုန် တစ်မျိုးပါ။ ပူဒီနာ အရွက်မှာလည်း အစာအိမ်ကို ငြိမ်သက်ကောင်းမွန်စေတဲ့ သက်ရောက်မှု ရှိပါတယ်။ ဘီစကွတ်နဲ့ ရေ၊ သို့မဟုတ် ဆိုဒါနဲ့ တွဲပြီး စားသောက်ခြင်းကလည်း ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို သက်သာစေဖို့ အကူအညီ ပေးနိုင်တယ်လို့ လူတော်တော်များများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Acupressure လို့ ခေါ်တဲ့ လက်ပတ် ပတ်ပါ
အဲဒီ လတ်ပတ်တွေဟာ နာရီဝတ်နေကျ နေရာနားက လက်ကောက်ဝတ်ကို ဖိထားပါတယ်။ လူအများစုမှာ လက်ကောက်ဝတ်ကို ဖိအားပေးထားခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့ မူးဝေပြီး အန်ချင်စိတ် ဖြစ်ခြင်းကို သက်သာစေတာ တွေ့ရပါတယ်။ acupressure လက်ပတ်ကို ဆေးဆိုင်တချို့နဲ့ အွန်လိုင်း စတိုးတချို့မှာ ရနိုင်ပါတယ်။
မူးဝေ ပျို့အန်ချင်စိတ် ဖြစ်စေနိုင်တဲ့ လှုံ့ဆော်မှုတွေကို ရှောင်ကြဉ်ပါ
“ပင်လယ်မှာဖြစ်တဲ့ နေထိုင် မကောင်းခြင်း (seasickness) ရဲ့ အဓိက အချက်ကတော့ မူးဝေပျို့အန်ချင်စိတ် ဖြစ်ပေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မူးဝေခြင်းကို ဖြစ်စေတဲ့ လှုံ့ဆော်ချက်တွေ အားလုံးက Seasickness ကို ပိုဆိုးစေပါတယ်” လို့ Bradberry က ပြောခဲ့ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ အစပ်တွေ၊ ဖျော်ရည်၊ သံပုရာသီးကဲ့သို့ အက်ဆစ်ဓါတ်ရှိသော အစားအစာတွေ၊ အရမ်းပြည့်တင်းစေတဲ့ အစာတွေဟာ မူးဝေခြင်းကို အားပေးနေတာတွေပဲ ဖြစ်ပါတယ်။ အရက်ကို ရှောင်ခြင်းက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ ရေဓါတ် ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပြီး သင့် ခန္ဓါကိုယ်အတွက် ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးတာခြင်းတွေနဲ့ ပတ်သက်ပြီး ခံနိုင်ရည်ကို လျော့နည်းစေပါတယ်။ သင်ဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ ဖြစ်တတ်တယ် ဆိုရင်လည်း ပိုဆိုးစေပါတယ်။
ခရီးစဉ် လမ်းကြောင်းကို သေချာ ရွေးချယ်ပါ
ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ ဖြစ်တတ်တယ်ဆိုရင် သင်္ဘောအကြီးတွေနဲ့သာ သွားသင့်ပြီး ရေပြင် တည်ငြိမ်တဲ့ လမ်းကြောင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဥပမာ – အတ္တလန္တိတ် ပင်လယ်ရဲ့ တခြား နေရာတွေထက်စာရင် မက္ကဆီကို ပင်လယ်အော်နဲ့ ကရစ်ဘီယန် ပင်လယ်တွေဟာ ရေမျက်နှာပြင် ပိုတည်ငြိမ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း ထုတ်လုပ်တဲ့ သင်္ဘောအသစ်တွေဟာ ပိုပြီးတည်ငြိမ်တဲ့ နည်းစနစ်တွေနဲ့ တည်ဆောက်ထားတာကြောင့် ခံစားရတဲ့ လှုပ်ခါမှု၊ ရွေ့လျားမှုတွေကို လျော့နည်းစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။