အားကစားလုပ်တဲ့အချိန်မှာ စီးတဲ့ ဖိနပ်၊ သာမန်အချိန်တွေမှာ စီးတဲ့ဖိနပ်စသဖြင့် ခွဲခြားထားတာဟာ ကောင်းမွန်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ တစ်ချို့ဖိနပ်တွေဟာ သီးသန့်ဒီဇိုင်းထုတ်ထားတာမို့ သာမန်အချိန်တွေမှာ စီးရင် အဆင်မပြေနိုင်ပါဘူး။
ခြေထောက်မှာ ထိခိုက်ဒါဏ်ရာရနေတာလိုမျိုး တစ်ချို့အခြေအနေတွေမှာ ခြေဖဝါးအထူးကုလိုမျိုး ကျန်းမာရေးနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဝယ်ယူတာကလည်း ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ရှိနေတဲ့ ဖိနပ်ကိုပဲ ဇွတ်ဆက်စီးနေတာက ရောဂါပျောက်ကင်းမှုနှုန်းကို နှေးကွေးစေပါလိမ့်မယ်။
မှန်ကန်တဲ့ ဖိနပ်ကို ရွေးချယ်မစီးဖြစ်ရင် ဘာတွေဖြစ်လာနိုင်သလဲ
ဖိနပ်ကို ခက်ခက်ခဲခဲထိုးသွင်းနေရပြီ၊ ဝတ်ထားချိန်မှာ ကျပ်ထုပ်နေတာမျိုး၊ လမ်းလျှောက်တိုင်း ဖိနပ်ကတစ်ခြား လူကတစ်ခြားဖြစ်နေတာမျိုးတွေ ကြုံနေရပြီဆိုရင် ကိုယ်နဲ့ အံကိုက်မဖြစ်တဲ့ ဖိနပ်မျိုးတွေကို စီးမိနေတာ သေချာပါပြီ။ ဒီလိုဆိုဘာတွေဖြစ်လာနိုင်သလဲ?
သေချာတာကတော့ ဖိနပ်ပွန်းတာတွေ၊ အဆစ်လွဲတာတွေ၊ ခြေဖမိုးက သွေးကြောတွေယောင်ယမ်းတာမျိုးတွေ၊ ထိခိုက်ဒါဏ်ရာရတာတွေဖြစ်နိုင်ချေများပါတယ်။
အရမ်းကျပ်တဲ့ ဖိနပ်မျိုးတွေကို မကြာခနစီးဖြစ်နေမယ်ဆိုရင် ခြေဖနောင့်ကိုလည်း ထိခိုက်နိုင်ပြီးတော့ ဆက်စပ်ရောဂါတွေအဖြစ် Plantar fasciitis လို ခြေဖနောင့်ကြွက်သား နာကျင်ယောင်ယမ်းမှုမျိုးတွေ ကြုံရနိုင်ပါတယ်။
မှားယွင်းတဲ့ အပြေးဖိနပ်တွေစီးပြီး ပြေးနေမိမယ်ဆိုရင် ဒူးခေါင်းအထိ ထိခိုက်နိုင်ပြီး iliotibial band syndrome အထိ ဖြစ်နိုင်ချေရှိပါတယ်။
ဒီလို ကိုယ်နဲ့မကိုက်တဲ့ ဖိနပ်မျိုးတွေကို စီးဖြစ်နေရင် ကယ်လ်စီယံဓာတ်လျော့နည်းတာနဲ့ စိတ်ဖိစီးမှုများတာမျိုးတွေလည်း ဖြစ်နိုင်ချေရှိပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။