ဝမ်းဗိုက်အတွင်းမှန်ပြောင်းဖြင့်ရောဂါရှာဖွေကုသခြင်းဆိုတာဟာဝမ်းဗိုက်နဲ့တင်ပါးဆုံရိုးအတွင်းပိုင်းကကိုယ်တွင်းအင်္ဂါတွေကိုမှန်ပြောင်းနဲ့စစ်
ဆေးပြီးရောဂါကုသတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
မှန်ပြောင်းကြည့်ချိန်မှာပြဿနာတစုံတရာတွေ့ရင် တချိန်တည်းမှာပဲအသေးစားခွဲစိတ်မှုတွေ ပြုလုပ်ပါတယ်။
ဒီနည်းဟာ ဝမ်းဗိုက်နဲ့ တင်ပါးဆုံရိုးအတွင်းပိုင်းကနာကျင်ခြင်းနဲ့ အမျိုးသမီးများဓမ္မတာလာစဉ် ပြဿနာများ၊ မြုံခြင်းကိစ္စတွေမှာအကြောင်းရင်းများရှာဖွေရန် အသုံးဝင်ပါတယ်။
ဒါ့အပြင်သားအိမ်တစ်ရှူးသားအိမ်ပြင်ပရောက်ခြင်း (Endometriosis)ရောဂါ၊ ရောဂါပိုးဝင်ခြင်း၊ မျိုးပွားအင်္ဂါများတစ်ခုခုနှင့် တစ်ခုတွဲကပ်သွားခြင်း၊ မျိုးဥပြွန်ထိခိုက်ခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ မျိုးဥအိမ်အရည်အိတ်တည်ခြင်းစတဲ့ပြသနာတွေကိုရှာဖွေအတည်ပြုရာမှာလည်း အသုံးဝင်ပါတယ်။
တခြားစစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေရာမှာမထိရောက်တဲ့အခါ ဆရာဝန်ဟာ ဒီနည်းကိုအသုံးပြုပါတယ်။ ဒီနည်းနဲ့ အသားစရယူပါတယ်။
သင့်ရဲ့ဆရာဝန်ဟာ အောက်ပါ ကိုယ်တွင်းအင်္ဂါတွေကိုစစ်ဆေးဖို့မှန်ပြောင်းကြည့်တဲ့နည်းကိုညွှန်ပါလိမ့်မယ်။
အထက်ပါနေရာတွေကိုမှန်ပြောင်းကြည့် စစ်ဆေးပြီးချိန်မှာ ဆရာဝန်ဟာ အောက်ပါပြဿနာတွေရဲ့ အကြောင်းရင်းကိုရှာဖွေနိုင်ပါတယ်။
ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါကို ပဋိဇီဝဆေးနဲ့ ကာကွယ်နိုင်ပါတယ်။ အူရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊ ယခင်က ဝမ်းဗိုက်ခွဲစိတ်ဖူးခြင်းများရှိရင် မှန်ပြောင်းကြည့်ခြင်းမပြုလုပ်နိုင်ပါဘူး။
အတွေ့ရအများဆုံးနောက်ဆက်တွဲ ပြသနာကတော့ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြသနာတွေ ဖြစ်တာရှားပါတယ်။ ဒါပေမယ့် ခွဲစိတ်မှုနဲ့ဆိုင်တဲ့ အောက်ပါပြသနာတွေ ဖြစ်နိုင်ပါတယ်။
ကိုယ်တွင်းအင်္ဂါတခုခုကိုထိုးဖောက်မိတဲ့ ဖြစ်နိုင်ခြေ ပြသနာတော့ ရှိပါတယ်။ အူကိုပေါက်ထွက်စေနိုင် ပါတယ်။ ဝမ်းဗိုက်ခေါင်းထဲကို သွေးယိုနိုင်ပါတယ်။ အဲဒီပြဿနာတွေ ကြုံရင် ဝမ်းဗိုက်ကို ချက်ချင်းဖွင့်ပြီးခွဲစိတ်ကုသဖို့ လိုပါတယ်။
ဒီခွဲစိတ်မှုကိုမခံယူခင်မှာသတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကိုနားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။
မှန်ပြောင်းမကြည့်ခင် ၈နာရီအတွင်းအစားအစာမစားရပါ။ အရည်မသောက်ရပါ။
လက်ရှိသောက်နေတဲ့ဆေးတွေ အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေကိုရပ်ဆိုင်းထားဖို့ လိုနိုင်ပါတယ်။ ဆရာဝန်ကို မတိုင်ပင်ပဲဆေးပမာဏပြောင်းလဲခြင်း၊ ရပ်တန့်ခြင်းမလုပ်သင့်ပါ။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
မေ့ဆေးပေးလုပ်ဆောင်ပြီး၁၅မိနစ်ခန့် ကြာနိုင်ပါတယ်။
ဝမ်းဗိုက်မှာ ခပ်သေးသေးခွဲစိတ်ပါတယ်။
သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။
ခွဲစိတ်ပြီးမေ့ဆေးအရှိန်ကြောင့် သက်တောင့်သက်သာမရှိဘဲ မူးဝေနိုင်ပါတယ်။ ဆေးရုံကနေပြန်သွားပြီးအနာကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ခွဲစိတ်ပြီးရက်ပေါင်းအနည်းငယ် ကြာတဲ့အထိခွဲထားတဲ့နေရာမှာနာကျင်နိုင်ပါတယ်။ ခွဲစိတ်စဉ်မှာအစာအိမ်ထဲကိုလေအနည်းငယ် ထည့်သွင်းထားတာမို့ အစာအိမ်လေပွပြိးအောင့်နိုင်ပါတယ်။ တခါတရံအစာအိမ်မှ လေများ နှိုးဆွမှုကြောင့် ပခုံးထိပ်မှာပါ နာကျင်နိုင်ပါတယ်။ တစ်ရက်လောက်နေရင် သက်သာသွားမှာမို့ စိုးရိမ်စရာမလိုပါဘူး။
ခွဲစိတ်အပြီးပြန်လည်သက်သာခြင်းဟာတယောက်နဲ့ တယောက် မတူနိုင်ပါဘူး။ ဘာလက္ခဏာနဲ့ ဘာအကြောင်းတွေကြောင့် ခွဲစိတ်ခဲ့သလဲဆိုတာရယ်၊ ဘယ်လိုကျန်းမာရေးအခြေအနေရှိသလဲဆိုတာတွေ အပေါ် မူတည်ပါတယ်။ အများအားဖြင့် ၅ရက်ခန့် ကြာပြီးရင် ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။
မိမိကိုယ်ကို သတိထားစောင့်ကြည့်ပြီး အဖျား ၃၈ ဒီဂရီ စင်တီဂရိတ်ထက်ကျော်ခြင်း၊ ချမ်းတုန်ခြင်း၊ အစာအိမ်နာ ပိုဆိုးလာခြင်း၊ ခြေထောက်ဖောရောင်ခြင်း စတာတွေ ကြုံလာရင် ဆေးရုံကို ချက်ချင်း ပြရပါမယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။