အနံ့ခံအာရုံပျက်ယွင်းတယ် ဆိုတာဟာ သင့်နှာခေါင်းက အနံ့ခံအာရုံဆုံးရှုံးသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် နှာခေါင်းပိုင်းဆိုင်ရာ ရောဂါ (သို့) ဦးနှောက်ထိခိုက်မှု တစ်ခုခုမှာ ဖြစ်ပွားတတ်ပြီး အချို့သောသူတွေကတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေတတ်တာ ဖြစ်ပါတယ်။
လူတစ်ဦးရဲ့ အနံ့ခံအာရုံကို ဖြစ်စဉ်အချို့နဲ့ ထိန်းချုပ်ထားပါတယ်။ ပထာမဦးစွာ အရာဝတ္ထုတစ်ခုကထွက်ပေါ်လာတဲ့ မော်လီကျူးတစ်ခု (ဥပမာ – ပန်းတစ်ပွင့်ရဲ့ ရနံ့) ဟာ နှာခေါင်းတွင်းမှာ အများဆုံးတွေ့ရတဲ့ အနံ့ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။
အဆိုပါ အနံ့ဦးနှောက်ဆဲလ်တွေကတဆင့် အနံ့အာရုံကို သတ်မှတ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို သတင်းအချက်အလက်တွေပေးပို့ပါတယ်။ ဒီလိုဖြစ်စဉ်ကို အနှောက်အယှက်ပေးတဲ့ မည်သည့်အရာမဆို (ဥပမာ – နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ (သို့) အနံ့ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း) ဟာ အနံ့အာရုံဆူုံးရှုံးမှုကို ဖြစ်စေတတ်ပါတယ်။
ယေဘုယျအားဖြင့် အနံ့ခံစွမ်းရည်ဟာ အရသာခံစွမ်းရည်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အနံ့အာရုံမရှိခဲ့ရင် ကျွန်ုပ်တို့ရဲ့ လျှာမှာရှိတဲ့ အရသာခံဖုတွေဟာ အရသာအနည်းငယ်ကိုသာ ခံစားသိရှိနိုင်မှာဖြစ်ပြီး ဘဝကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။
အဖြေကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါ။ အနံ့အာရုံနဲ့ပတ်သက်တဲ့ပြသနာ ခံစားနေရသူတွေကို တိတိကျကျမေးမြန်းဖော်ပြထားတဲ့ စာရင်းဇယားတွေ မရှိသေးလို့ပဲ ဖြစ်ပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သိသာထင်ရှားတဲ့ရောဂါလက္ခဏာကတော့ အနံ့အာရုံလျော့နည်းဆုံးရှုံးလာတာပါပဲ။ အချို့သူတွေမှာ အနံ့အာရုံစတင်ပြောင်းလဲလာတာကို သတိထားမိလာပါတယ်။ ဥပမာ – အချို့အရာဝတ္ထုတွေဆီက ရင်းရင်းနှီးနှီး ရနေကျ အနံ့ မရတော့တာမျိုး။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အကယ်၍ အောက်ပါအချက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အနံ့ခံအာရုံပျက်ယွင်းခြင်း ဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေ များစွာရှိပါတယ်။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
သင့်ဆရာဝန်ဟာ သင့်ရဲ့လတ်တလောရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ နှာခေါင်းပိုင်းဆိုင်ရာကို စစ်ဆေးခြင်း၊ ခန္ဓါကိုယ်အစိတ်အပိုင်းများအားလုံး စမ်းသပ်စစ်ဆေးခြင်း၊ သင့်ရဲ့ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း အစရှိသည်ကို ပြုလုပ်ပါလိမ့်မယ်။
အနံ့ခံအာရုံပျက်ယွင်းတာ ကို သင်ဘယ်အချိန်က စတင်ခံစားနေရသလဲ၊ အနံ့အာရုံတစ်ခု(သို့) အားလုံးကို ခံစားသိရှိမှု မရှိတော့တာလား၊ အရသာခံအာရုံ ကောင်း၊မကောင်း အစရှိသည်တို့ကို သင့်ဆရာဝန်က မေးမြန်းနိုင်ပါတယ်။ ရောဂါရှာဖွေဖို့ စမ်းသပ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပါလိမ့်မယ်။
သင့်အခြေအနေအပေါ်မူတည်ပြီး အောက်ပါအတိုင်း တစ်မျိုး(သို့) တစ်မျိုးထက်ပိုတဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေကို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။
မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေသူတွေဟာ သူ့သက်တမ်းတလျှောက်လုံး အနံ့ခံအာရုံ မရရှိနိုင်တော့ပဲ အနံ့အာရုံရဲ့သဘောကို သိရှိဖို့ပင် ခဲယဉ်းပါလိမ့်မယ်။
လက်ရှိမှာတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းသူတွေကို ကုသဖို့ နည်းလမ်းမရှိသေးပါဘူး။ သို့သော်လည်း အခြားသော အနံ့ခံအာရုံပျက်ယွင်းစေတတ်တဲ့ ရောဂါများကတော့ ရောဂါအကြောင်းအရင်းခံကို ကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းတတ်ပါတယ်။
သင့်ရောဂါအခြေအနေအပေါ်မူတည်ပြီး အထောက်အကူပြုနိုင်တဲ့ ဆေးကုသမှုများကတော့
အောက်ပါလူနေမှုပုံစံတွေနဲ့ အိမ်သုံးကုထုံးတွေက အနံ့ခံအာရုံပျက်ယွင်းတဲ့ရောဂါရှင်တွေမှာ အကျိုးပြုပါလိမ့်မယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ် ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။