သူတို့၏ နောက်ကြောင်းနဲ့ အခြေအနေများကိုလည်း စစ်ဆေးမည်ဆိုသည်အကြောင်းကို ကြိုပြောပြထားပါ။ အကယ်၍ သင်သည်လျှောက်ထားလာသော လူနာစောင့်နှင့် ပတ်သက်ပြီး စိတ်ကြိုက်ဖြစ်ပြီးဆိုလျှင် သူ့ကို ကားမောင်းလိုင်စင်၊ ကိုယ်ရေးအချက်အလက်၊ လူမှုဝန်ထမ်းကဒ်၊ အရင်အိမ်လိပ်စာများ အပါအဝင် အိမ်လိပ်စာ စာရင်း နှင့်တကွ လူတွေ့ အင်တာဗျူးခေါ်လိုက်ပါ။
အကယ်၍ ဆွေမျိုး၊ မိတ်ဆွေများထံမှ ထောက်ခံမှု ရရှိထားသော လူနာစောင့်ဖြစ်နေရင်တောင် လုံးလုံးလျားလျား ယုံကြည်လက်ခံဖို့ မသင့်သေးပါဘူး။ သူများအတွက် အဆင်ပြေပေမဲ့ ကိုယ့်လူနာနဲ့ အဆင်ပြေချင်မှ ပြေမှာပါ။ ထို့ကြောင့် လူနာစောင့် လျာထားသူအားလုံးရဲ့ အချက်အလက်တွေကို သေချာလေ့လာသင့်ပါတယ်။
အင်တာဗျူးစစ်ဆေးပါ။
မျက်နှာချင်းဆိုင် ထိုင်ပြီး အင်တာဗျူး စစ်ဆေးခြင်းက အကောင်းဆုံးနည်းလမ်းပါ။ သင်သည် အခြားမိသားစုဝင် (သို့) သင့်တော်သော သူငယ်ချင်းတစ်ယောက်ကို အကြံဉာဏ်၊ယူဆချက်တွေ ပေးနိုင်ဖို့ အင်တာဗျူးအချိန်ခေါ်ထားသင့်ပါတယ်။
လူနာစောင့်နဲ့ လူနာအကြား ဆက်ဆံရေး၊ အခြေအနေဘယ်လို ရှိသလဲဆိုတာ ကြည့်ရှုနိုင်တဲ့ အခွင့်အရေးတစ်ခု ဖန်တီးဖို့ မမေ့ပါနဲ့။ ထိုအပိုင်းကို အင်တာဗျူးဖြေပြီးနောက် သင်သဘောကျသော လူနာစောင့်နဲ့ လူနာကို တွေ့ပေးနိုင်ပါတယ်။ (သို့) အကောင်းဆုံး လူနာစောင့် နှစ်ယောက်လောက်ကို ဖိတ်ပြီး မိသားစုဝင်တွေနဲ့ ဆုံပေးနိုင်ပါတယ်။
အင်တာဗျူးပြီးနောက်မှာတော့ သင့်အထင်အမြင်တွေကို မိသားစုဝင်၊ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ အချိန်အကြာကြီး မဆွဲပါနဲ့။ လူနာစောင့်ကောင်းတစ်ယောက်သည် အခြားအလုပ်ကို ရှာသွားရင် သင်သူ့ကို လက်လွှတ်လိုက်ရမှာစိုးလု့ိပါ။