ပြောင်းပြန်အနေနဲ့ ရာသီဥတုကလည်းပူ လေ့ကျင့်ခန်းတွေလည်း ပြင်းပြင်းထန်ထန်လုပ်ထားရက်နဲ့ ချွေးလုံးဝ မထွက်ဘူးဆိုရင်တော့ သင့်မှာ anhidrosis လို့ခေါ်တဲ့ ချွေးလုံးဝ မထွက်နိုင်တဲ့ ပြဿနာရှိနေပါပြီ။
ချွေးထွက်တယ်ဆိုတာ ကိုယ်ခန္ဓါရဲ့ အပူချိန်ကို ထိန်းညှိပေးတာဖြစ်တဲ့အတွက်ကြောင့် ချွေးထွက်သန်တာထက်စာရင် ဒီ ချွေးလုံးမထွက်တာက တကယ်ကို သတိထားရမယ့် ကျန်းမာရေးတစ်ခုပါ။ ဒါ့ကြောင့် ကိုယ်တွေပူသလိုလိုဖြစ်နေပေမယ့် ချွေးလုံးဝ မထွက်ခဲ့ရင်တော့ဆရာဝန်နဲ့ သွားတိုင်ပင်ဖို့လိုအပ်ပါတယ်။
သွေးတွင်းသကြားဓါတ် 70 milligrams per deciliter ထက်နည်းသွားပြီဆိုတာနဲ့ ကိုယ်ခန္ဓါက တုန့်ပြန်မယ့် အချက်တွေထဲမှာ ချွေးစေးတွေပြန်လာတဲ့ အချက်လည်း အပါအဝင်တစ်ခုပါ။ ဒီလို သွေးတွင်းသကြားဓါတ်န်ညးသွားတဲ့အချိန်ဆို ကိုယ်ခန္ဓါကနေ adrenaline ဟော်မုန်းတွေ ထွက်လာပြီး ချွေးဂလင်းတွေကို လှုံ့ဆော်လိုက်တာကြောင့် ချွေးစေးတွေ ပြန်လာရတာဖြစ်ပါတယ်။ ဒါကြော့င် ကိုယ်က ဗိုက်ဆာနေပြီ ကတုန်ကယင်လည်းဖြစ်နေပြီ ချွေးစေးတွေလည်းပြန်နေပြီဆိုရင်တော့ သွေးတွင်းသကြားဓါတ်နည်းနေပြီလို့သာ မှတ်လိုက်ပါတော့။