ဖုန်တက်ပြီဆိုကတည်းက သန့်ရှင်းရေးမလုပ်ထားဘူးဆိုတာကို ပြနေတာပါပဲ။ လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင် နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ဒီတော့ ပစ္စည်းတစ်ခုက ဖုန်ပါတက်နေပြီဆိုရင် ရောဂါပိုးမွှားတွေ ကပ်နေတာက ဒါ့ထက်တောင် ပိုများရင် များနေမှာပါ။ ဒီလိုမျိုး ရောဂါပိုးမွှားတွေ များနေတဲ့အခါ
နောက်တစ်ခုက စိတ်ကျန်းမာရေးပါ။ မကောင်းတဲ့ အနံ့အသက်၊ ဖုန်နံ့၊ မှိုနံ့တွေကို ရှူရှိုက်နေရတာ၊ မျက်စိရှေ့တည့်တည့်မှာ ရှုပ်ပွနေတဲ့ အရာတွေကို အမြဲလိုလို မြင်နေရရင် စိတ်ကပါ ရှုပ်လာတော့မှာပါပဲ။ မကောင်းတဲ့ ခံစားချက်တွေများလာတဲ့အခါ ခန္ဓာကိုယ်က မကောင်းတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေက လူတွေကို
- စိတ်မကြည်၊ ဒေါသဖြစ်လွယ်စေခြင်း၊
- အာရုံစူးစိုက်မရစေခြင်း၊
- တီထွင်ဖန်တီးနိုင်စွမ်း ကျစေခြင်း၊
- စိတ်ဓာတ်ကျစေခြင်း၊
- ညအိပ်မပျော်စေခြင်း၊
- ခေါင်းမူးခေါင်းကိုက်စေခြင်း စတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
နေအိမ်ညစ်ပတ်တယ်ဆိုတာ ရောဂါပေါင်းစုံဖြစ်လာစေဖို့ တံခါးပေါက် ဖွင့်ပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် ဒီနေ့ကစပြီးတော့ ကိုယ့်အတွက်ရော ကိုယ့်မိသားစုကျန်းမာရေးအတွက်ပါ အိမ်သန့်ရှင်းရေးကို အလေးထားပြီး ဂရုစိုက်ဆောင်ရွက်ပေးပါ။ တစ်နေ့ကို အချိန်နာရီဝက်လောက်ပဲ ပေးပြီး ကိုယ့်အနီးပတ်ဝန်းကျင်လောက်ကို သန့်ရှင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ မလုပ်ချင်ဘူး၊ ပျင်းတယ်ဆိုပြီး ဆင်ခြေပေးတဲ့ အကျင့်ကို စဖျောက်ပါတော့။ အခုလိုမျိုး ကိုဗစ်ရောဂါလို ကပ်ဘေးဆိုက်နေတဲ့အချိန် ဘယ်မှလည်း မသွားရ၊ အချိန်တွေ အားနေမယ့်အတူတူ အကျိုးရှိမယ့်အရာလေး တစ်ခုခု လုပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။