စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တယ်။
ပြေးတာပဲ ဖြစ်ဖြစ် ဘောလုံးကန်တာပဲ ဖြစ်ဖြစ် ဘယ်လိုအားကစားမျိုးကိုပဲ လုပ်လုပ် ဒါဟာ လေ့ကျင့်ခန်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် endorphins လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတမျိုးကို ဦးနှောက်က ထွက်ရှိစေပြီး endorphins ဟာ စိတ်လက်ကြည်သာစေကာ ဖိအားတွေကို လျော့ကျစေပါတယ်။ အလွယ်တကူ မြင်သာအောင် ပြောမယ်ဆိုရင် ကစားပွဲတခုခုမှာ သင်အာရုံစိုက်နေရင် စိုးရိမ်ပူပန်မှုတွေ၊သောကတွေကို တွေးဖို့သင်သတိမရတော့ပါဖူး။ ဒါဟာ အရှင်းဆုံး အချက်ပါပဲ။ အားကစားလုပ်ခြင်းဟာ သင့်ခန္ဓါကိုယ်အပူချိန်ကို မြှင့်တင်ပေးနိုင်ပြီး အကျိုးဆက်အနေနဲ့ သင့်စိတ်ကို တည်ငြိမ်စေပါတယ်။
ခန္ဓါကိုယ် အချိုးအစား ပိုကြည့်ကောင်းလာမယ်။
ဒီအချက်က ပြောနေဖို့တောင် မလိုပါဖူး။ အားကစားလုပ်တဲ့အခါ အဆီပိုတွေကျတဲ့အတွက် ဝသူတွေပိန်ပြီး၊ပိန်သူတွေ ကြွက်သားထွက်လာကာ အရင်ကထက် ပိုကြည့်ကောင်လာတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုကျေနပ်လာပါမယ်။”မိမိကိုယ်ကို ကျေနပ်မှု ပိုရှိလာခြင်း” ဟာ အားကစားလုပ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတစ်ခုလို့ “အသုံးချ အားကစားစိတ်ပညာ အသင်းကြီး” က တရားဝင် စာရင်းတို့ထားပါတယ်။ လူပေါင်း ၇၀၀၀နီးနီးမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရလည်း အဆိုပါ အချက်ကို ထောက်ခံနေတာကို တွေ့ရပါတယ်။ အားကစားလုပ်တဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ကြတယ်လို့လည်း သိရှိရပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိစေတဲ့ အချက်များ
ဒင်္ဂါးပြားရဲ့ မျက်နှာစာ နှစ်ဖက်လိုပါပဲ၊ ကောင်းတာနဲ့ မကောင်းတာဟာ အမြဲဒွန်တွဲနေပါတယ်။ အနိုင်ရလိုစိတ်ပြင်းထန်လာတာနဲ့ ရန်လိုဒေါသကြီးလာတာတွေဟာ ဆယ်ကျော်သက်တွေအတွက် မကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ San Diego မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကပြုလုပ်တဲ့ ၂၀၁၁ သုတေသန စာတမ်းအရ ရှုံးနိမ့်မှုကြောင့် ဒေါသထွက်ခြင်းက ဘောလုံးသမားတွေ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တဲ့နှုန်းကို (ချစ်သူ/မိန်းမ ကိုရိုက်နှက်တာ) ဆယ်ရာခိုင်နှုန်းလောက်ပိုလာစေတယ်လို့ ဆိုပါတယ်။ ကစားရင်း ထိခိုက်ဒဏ်ရာရပြီး အနားယူနေရတဲ့ အားကစားသမားတွေ အနေနဲ့လည်း ပျင်းရိတာ၊စိတ်ဓါတ်ကျတာ၊ မချင့်မရဲ ဖြစ်တာ အစရှိတဲ့ စိတ်ခံစားမှုတွေကို ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။ ဒီဒဏ်ရာတွေကြောင့် ပင်ပန်းနွမ်းနယ်တာ၊ စိတ်တင်းကြပ်တာ၊ ရန်လိုတာ၊ ဒွိဟများတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။