ရုတ်တရက်ထပြီး ဗိုက်နာ ၊ မအောင့်မအည်းနိုင်ဖြစ်ဖူးလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 31, 2020 . 1 min read
Share now

အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း(IBS) ဆိုတာ အဖြစ်များတဲ့ နာတာရှည် အစာခြေစနစ်ပြဿနာတစ်ခုဖြစ်ပါတယ်။ သူ့လက္ခဏာတွေက များသောအားဖြင့် ဗိုက်ရစ်ရစ်ပြီးနာတာ၊ ဗိုက်အောင့်တာလေပွတာ၊ ဝမ်းလျှောတာ၊ ဝမ်းကိုက်သလို ‌မကြာခဏ အိမ်သာသွားရတာ၊ ဝမ်းချုပ်တာတို့ ဖြစ်တတ်တယ်။

သူ့ရဲ့ လက္ခဏာတွေက

များသောအားဖြင့် ဗိုက်နာ ခြင်းနှင့် နောက်ဖေးသွားတဲ့ အလေ့အကျင့်ပြောင်းလဲခြင်း တို့ဖြစ်တတ်ပါတယ်။ ဥပမာ – ဝမ်းချုပ်လေ့ရှိသူများက ဝမ်းသွားခြင်းနဲ့ ဝမ်းချုပ်ခြင်းတလှည့်စီခံစားရတာမျိုးဖြစ်တယ်။ ဗိုက်နာ တာက များသောအားဖြင့် စားပြီးချိန်မှာ ပိုဆိုးတတ်ပြီး နောက်ဖေးသွားပြီးရင် သက်သာသွားတတ်ပါတယ်။ IBS လက္ခဏာတွေက တစ်ချိန်နဲ့တစ်ချိန်မတူဖြစ်တတ်ပြီး ပြောင်းလဲတတ်ပါတယ်။ အဖြစ်များဆုံးလက္ခဏာတွေကတော့ –

  • ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
  • ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စသည်ဖြင့်ပြောင်းလဲခြင်း
  • လေပွခြင်း၊ ဖောခြင်း
  • ဝမ်းမနိုင်ခြင်း
  • ဝမ်းကျန်နေသလိုခံစားရခြင်း
  • ဝမ်းသွားရင် ချွဲပါခြင်း

IBS ဖြစ်ရတဲ့အကြောင်းအရင်းကိုသေချာမသိသေးပေမယ့် အူတွေရဲ့လုပ်ဆောင်ချက် မူမမှန်ဖြစ်ပြီး အစာခြေခြင်းမှာပြဿနာရှိတယ်လို့ယူဆကြပါတယ်။ အူလမ်းကြောင်းမှာ အစာတွေရွေ့လျားမှု နှေးတာ၊ မြန်တာကြောင့် ဝမ်းချုပ်တာလည်းဖြစ်နိုင်သလို၊ ဝမ်းသွားတာလည်းဖြစ်နိုင်ပါတယ်။

IBS လက္ခဏာတွေသက်သာစေဖို့ –

  • ပုံမှန်ပမာဏပဲစားပါ၊ ဖြေးဖြေးစားပါ။
  • အစာအလွတ်မခံပါနဲ့၊ တစ်ခါနဲ့တစ်ခါကြားအချိန်အရမ်းမကြာစေပါနဲ့။
  • အရည် အထူးသဖြင့် ရေ၊ လက်ဖက်ရည်ကြမ်း တစ်နေ့ကို အနည်းဆုံး ၈ ခွက်ခန့်သောက်ပါ။
  • ကော်ဖီ၊ လက်ဖက်ရည်လျှော့သောက်ပါ။
  • အယ်လ်ကိုဟော၊ ဂက်စ်ပါတဲ့ သောက်စရာတွေ လျှော့ပါ။
  • အစာကြေဖို့ မလွယ်တဲ့ ကစီဓာတ်များတဲ့စားစရာတွေ လျှော့စားပါ။
  • လတ်ဆတ်တဲ့ အသီးအနှံတွေ စားပါ။
  • သကြားလုံး၊ သောက်စရာတွေ ၊ ဆီးချိုသွေးချိုနဲ့ ဝိတ်လျှော့သူတွေအတွက်ထုတ်တဲ့ sugar-free မုန့်တွေမှာပါတတ်တဲ့ သကြားအတု sorbitol ကို ရှောင်ပါ။
  • လေပွတတ်တယ်ဆိုရင် အုတ်ဂျုံဖြင့်ပြုလုပ်ထားတာတွေ စားကြည့်ပါ။
  • အူလှုပ်ရှားမှုဟာ ဦးနှောက်ကထိန်းချုပ်တာကြောင့် စိတ်ဖိစီးမှုများခြင်းဟာ IBS ကိုပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုလျှော့ချဖို့ လုံလောက်စွာအနားယူပါ။

အူတွေလှုပ်ရှားပြီးချိန်၊ ဝမ်းသွားပြီးချိန်မှာ လက္ခဏာတွေသက်သာသွားတတ်တယ်။ နာတာရှည်ဖြစ်တတ်တယ်ဆိုပေမယ့် သေချာထိန်းသိမ်းနေထိုင်တတ်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အားဖြည့်အချိုရည်တွေ အချိုရည် အစားအသောက် ကော်ဖီ ကယ်လ်လိုရီ အစားအစာ ပေါင်မုန့်အဖြူ သံဓာတ် ဆီကြော်စာ အားအင်ကုန်ခမ်းစေ ခန္ဓာကိုယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား

ဝမ်းဗိုက် မအီမသာဖြစ်ခြင်း အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းခြင်း ဗိုက်အောင့် ဗိုက်နာ အိမ်တွင်းကုထုံး ချင်း ရေနွေး ပျားရည် ပန်းသီးရှာလကာရည် ရေနွေးဝတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား

ကိုယ်အလေးချိန် တစ်ရက်တာ နှလုံးရောဂါဖြစ်နိုင်ခြေ သွေးတွင်းသကြားဓာတ် ဆာလောင်မွတ်သိပ်မှု အစားအသောက် အာရုံကြောစနစ် အာဟာရဓာတ် သွေးတွင်းသကြားဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyowai Lynn
ရေးသားသူ Aye Thi Mon

အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း

အစားအသောက် ကိုယ်အလေးချိန် ခန္ဓာကိုယ် ကြွက်သား ဦးနှောက် အာဟာရဓာတ် သရေစာစားချင်စိတ်တွေ ကော်ဖီ diet အဆိပ်တောက်တွေ လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးတွေ သောက်နေရလို့ နုံးခွေပြီးအားမရှိတော့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 30, 2020 . 2 mins read