backup og meta

အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 03/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

    သင်သိရဲ့လား။ ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၂၀၀ လောက်ဟာ အရိုးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို နှစ်စဉ်ရင်ဆိုင်နေကြရတယ်ဆိုတာကို။ အရိုးကျိုးတာ၊ အရိုးအက်တာ၊ နာကျင်တာ၊ အရိုးပွ တာ စသဖြင့်ပေါ့။

    အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ လူ့ခန္ဓာကိုယ်က အစိတ်အပိုင်းတွေဟာ ယိုယွင်းလာတယ်။ လုပ်နိုင်စွမ်း၊ တုန့်ပြန်နိုင်စွမ်းတွေကျဆင်းလာသလို မာကျောကြံ့ခိုင်မှုလည်း လျော့နည်းလာတယ်။ အရိုးတွေလည်း အတူတူပါပဲ။

    အထူးသဖြင့်တော့ အမျိုးသမီးတွေပေါ့။ ရာသီသွေးဆုံးပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ အရိုးပွ ရောဂါကို ခံစားရတတ်တယ်။ အမျိုးသမီးတွေရဲ့ ၃၀% လောက်အထိ ဒီပြဿနာနဲ့ ကြုံဆုံရနိုင်တာပါ။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ ၆ ပုံ ၁ ပုံလောက်ဟာလည်း တင်ပါးဆုံရိုးကျိုးတာ၊ အက်တာမျိုးကို ခံစားရတတ်ပါသေးတယ်။

    ဒီတော့ အသက် ၆၀ ကျော်လာရင် အရိုးတွေ ပုံမှန်ကျန်းမာနေဖို့က လူကြီးတိုင်းအတွက် အဓိကဦးစားပေးဖြစ်လာပါပြီ။ အရိုးမကျန်းမာရင် ရပ်တည်ဖို့တောင်ခက်ခဲနေပြီမဟုတ်လား။

    ဒီပြဿနာတွေကို ကျော်လွှားနိုင်စေဖို့ဆိုရင် နည်းလမ်း ၆ သွယ်နဲ့ တားဆီးနိုင်ပါတယ်။ ဘယ်လိုတားဆီးမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်။

    အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ

    အရိုးပွရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်နေထိုင်ကြမလဲ ဆိုတော့

    ၁။ လေ့ကျင့်ခန်းလုပ်ပါ

    တစ်နေ့ကို မိနစ် ၃၀ လောက်လေ့ကျင့်ခန်း လုပ်ပေးတာက လူကြီးတွေရဲ့ အရိုးကျန်းမာရေးနဲ့ ကြံ့ခိုင်မှုကို အလွန်အထောက်အကူဖြစ်စေသလို အရိုးပွ ရောဂါ မရှိသေးဘူးဆိုရင်လည်း ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။

    • ယောဂ၊
    • လမ်းလျှောက်
    • တိုက်ချိနဲ့
    • အပေါ့စား အလေးမ လေ့ကျင့်ခန်းတွေဟာ အရိုးသန်မာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

    လေ့ကျင့်ခန်းတွေကို အနည်းဆုံး တစ်ပတ်မှာ ၅ ရက်၊ တစ်ရက်ကို မိနစ် ၃၀လောက် လုပ်ပေးပါ။

    ၂။ အာဟာရမျှတစွာ စားပါ

    နို့ထွက်ပစ္စည်းတွေ၊ ငါးတွေ၊ အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကို ပိုပြီး မှီဝဲပေးဖို့လိုအပ်ပါတယ်။ ဗီတာမင် D နဲ့ ကယ်လ်စီယမ်တို့က အရိုးသန်မာစေဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် Omega-3 fatty acids ကိုလည်း မှီဝဲပေးသင့်ပါတယ်။ ဒီဓာတ်ကတော့ ငါးတွေနဲ့ နှမ်းကြက်စေ့လိုအရာမျိုးတွေမှာ ပါရှိပါတယ်။

    ၃။ ဆေးဝါးမှီဝဲပါ

    အသက်အရွယ်တစ်ခုရလာချိန်မှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ခွန်အားနဲ့ အာဟာရဓာတ်တွေဖြည့်ဆည်းနိုင်ဖို့ ဆေးဝါးဓာတ်စာ ပုံမှန်မှီဝဲဖို့ လိုအပ်လာပါပြီ။ ကိုယ်နဲ့သင့်လျော်တဲ့ အားဆေးမျိုးရွေးချယ်မှီဝဲဖို့လိုအပ်သလို အရိုးကို သန်မာစေမယ့် ဖြည့်စွက်စာတွေလည်း စားပေးဖို့ လိုအပ်ပါတယ်။

    ၄။ ခန္ဓာကိုယ်က ဗီတာမင် D နဲ့ ကယ်လ်စီယမ်ဓာတ် လုံလောက်စွာရရှိတာ သေချာပါစေ

    အာဟာရဓာတ်တွေကို ဖြည့်ဆည်းနေပေမယ့် ခန္ဓာကိုယ်က မစုပ်ယူနိုင်ရင် ပြဿနာရှိပါတယ်။ ဥပမာ ဗီတာမင် D ကို ခန္ဓာကိုယ်က စုပ်ယူနိုင်ဖို့ နေရောင်ခြည်က အထောက်အကူပြုပါတယ်။ ဒါကြောင့် အိမ်ထဲမှာချည်းနေတာမျိုးထက် နေပူဆာလှုံတာ၊ နေခြည်နွေးနွေးအောက်မှာ လမ်းလျှောက်တာမျိုးတွေလည်း ပြုလုပ်ဖို့ လိုပါတယ်။

    ကျွမ်းကျင်သူတွေကတော့ နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင် နေရောင်အောက်မှာ ၁၀ မိနစ်လောက် လေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းထားကြပါတယ်။

    ၅။ ဆားနဲ့ ကဖင်းဓာတ်ကို ရှောင်ပါ

    ဆား စားသုံးမှုကို လျှော့ချရပါမယ်။ ဆားပါဝင်တဲ့အစားအစားတွေကို အလွန်အကျွံမစားမိဖို့ လိုပါတယ်။ နောက်ပြီး ကော်ဖီကနေစလို့ ကဖင်းဓာတ်ပါဝင်တဲ့အစားစာတွေ၊ အဖျော်ယမကာတွေကိုလည်း အလွန်အကျွံ မမှီဝဲဖို့ တိုက်တွန်းလိုပါတယ်။ ဒီအရာတွေက ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ဓာတ်စုပ်ယူမှုကို ဟန့်တားတတ်တဲ့အရာတွေဖြစ်နေတာကြောင့်ပါ။

    ၆။ အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးပါ

    ဒီလိုစစ်ဆေးမှု မပြတ်လုပ်နေမှ ကိုယ့်အရိုးရဲ့ အခြေအနေကို သိနိုင်မှာဖြစ်သလို ကိုယ့်မှာ အရိုးပွ ဝေဒနာ ခံစားနေရခြင်းရှိမရှိကိုလည်း သိနိုင်မှာပါ။ တကယ်လို့ ကိုယ့်ရဲ့ အရိုးက လုံလောက်တဲ့ ကြံ့ခိုင်မှုမျိုးရှိမနေတော့ဘူးဆိုရင် ဆေးဝါးကုသမှုကို ခံယူရမှာဖြစ်ပါတယ်။

    အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေနဲ့ အသက် ၇၀ နဲ့အထက် အမျိုးသားတွေတိုင်းဟာ အရိုးသိပ်သည်းဆကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 03/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement