သင့်ဒူးဆစ်လေး မနာစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 8, 2020 . 2 mins read
Share now

လူတိုင်း ဒူးနာနိုင်ပါတယ်။ ကိုယ်အလေးချိန်တိုးလာရင် ပိုပြီး ကြုံဆုံရတတ်ပါတယ်။ ဒူးနာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီးတော့ တစ်သက်တာမှာ တစ်ကြိမ်ထက်မနည်းတော့ ကြုံရနိုင်ပါတယ်။

အခြေခံအားဖြင့်တော့ အကြောင်းအရင်း ၃ မျိုးကြောင့် ဒူးနာနိုင်ပါတယ်။ ဒါတွေကတော့

၁။ အဆစ်အမြစ်ရောင်တာခြင်းနဲ့ သက်ဆိုင်တဲ့ပြဿနာတွေဖြစ်ကြတဲ့

  • Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)
  • Rheumatoid အဆစ်အမြစ်ရောင်ရောဂါ
  • ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါ
  • ဂေါက်ရောဂါတွေကြောင့်ဖြစ်တာ၊

၂။ ဒူးဒဏ်ရာတွေဖြစ်ကြတဲ့

၃။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ကြတဲ့

  • ဂုံညင်းရိုးလွဲခြင်း
  • တင်ပါး သို့မဟုတ် ခြေထောက်နာခြင်းစတာတွေကြောင့်ပါပဲ။

အချိန်မရွေး အသက်အရွယ်မရွေးမှာဖြစ်နိုင်တဲ့ ဒူးနာဝေဒနာနဲ့ ပတ်သက်ပြီး သတိထားဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။ ဒါမှ ဒူးနာဝေဒနာကို ကာကွယ်နိုင်မှာမဟုတ်လား။

တကယ်လို့များ ကိုယ့်ရဲ့ ဒူးက နာသလိုလို၊ ဒါမှမဟုတ် နာချင်သလိုလိုဖြစ်လာပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေဟာ သင့်ရဲ့ ဒူးကို ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

  • အလွန်အကျွံ အနားမယူနဲ့ – ဒူးနာနေတယ်ဆိုပြီး အလွန်အကျွံအနားယူတာမျိုးက အကျိုးမဖြစ်စေပါဘူး။ ကိုယ်လက်လှုပ်ရှားမှုနည်းသွားရင် ကြွက်သားတွေကို အားနည်းစေတာမို့ ဒူးနာတာကို ပိုဆိုးစေနိုင်ပါတယ်။
  • လေ့ကျင့်ခန်းလုပ် – ဒူးနာနေတာကို လေ့ကျင့်ခန်းလုပ်ရမှာလားလို့ မေးချင်ကြမယ်ထင်ပါရဲ့။ ဟုတ်ပါတယ်။ လုပ်ရမှာပါ။ သင့်လျော်တဲ့ လေ့ကျင့်ခန်းမျိုးတွေပေါ့။ ဒူးနဲ့ ကြွက်သားကို အားကောင်းစေပြီး သွက်လက်ပေ့ါပါးစေမယ့် လေ့ကျင့်ခန်းမျိုးတွေ လုပ်ရပါမယ်။
  • ချော်မလဲစေနဲ့ – ဒူးနာစေတဲ့ အကြောင်းအရင်းတွေထဲမှာ ချော်လဲတာက ထိပ်ဆုံးက ပြဿနာပါ။ ဒီတော့ ချော်မလဲအောင် သတိထားတာ၊ ဂရုစိုက်တာက ဒူးမနာအောင် ရှောင်ရှားတာနဲ့ အတူတူပါပဲ။
  • “ RICE” သုံးပါ – RICE ဆိုတာက Rest ၊ Ice ၊ Compression နဲ့ Rlevation တို့ကို ပေါင်းပြီး ခေါ်ဆိုတာပါ။ ခဏနားမယ်၊ ရေခဲကပ်မယ်၊ ပတ်တီးမတင်းမကျပ်စီးမယ်၊ ခြေထောက်ကို မြင့်မြင့်ထားရမယ်ဆိုပါတော့။ ဒါက ဒူးနာသက်သာစေမယ့် အကောင်းဆုံးနည်းပါပဲ။
  • ဝိတ်ချပါ – ကိုယ်အလေးချိန်ဟာ ဒူးနာစေနိုင်တဲ့ ပြဿနာတွေထဲမှာ ထိပ်တန်းက ပြဿနာပါ။ ဒီတော့ ကိုယ်အလေးချိန် လျှော့ချတာကလည်း ဒူးမနာအောင် ကာကွယ်တာနဲ့ တူပါတယ်။
  • ချိုင်းထောက်သုံးဖို့ မရှက်ပါနဲ့ – ဒူးလေးနာရုံကို ချိုင်းထောက်သုံးစရာလားလို့ တချို့က တွေးကြပါတယ်။ လမ်းလျှောက်ချိန်မှာ ချိုင်းထောက်တို့ ဘီးတပ်လက်ကိုင်တို့ သုံးတာက ရှက်စရာမဟုတ်ပါဘူး။ ဒူးကို ပိုအထောက်အကူဖြစ်စေသလို ခန္ဓာကိုယ်ကို ပိုတည်ငြိမ်စေမှာပါ။
  • အပ်စိုက်ကုထုံးနည်းလမ်း သုံးပါ – တရုတ်ရိုးရာ အပ်စိုက်ကုထုံးဟာ ဒူးနာဝေဒနာကို ကုသရာမှာ အထူးထိရောက်တယ်လို့ အနောက်တိုင်း ဆေးပညာမှာကို လက်ခံထားကြပါတယ်။ ဒီနည်းလမ်းဟာ ခန္ဓာကိုယ်ရဲ့ နာကျင်မှု အတော်များများကို ဖြေလျှော့ပေးနိုင်ပါတယ်။ လိုင်စင်ရှိပြီး စိတ်ချရတဲ့ နေရာမှာ လုပ်ဖို့တော့ အကြံပေးပါရစေ။
  • ပေါ့ပါးလွတ်လပ်တဲ့ ဖိနပ်တွေကို စီးပါ – ကျပ်ထုပ်နေတာမျိုး၊ လေးလံနေတာမျိုးဖြစ်နေတဲ့ ဖိနပ်တွေဟာ သင့်ဒူးကို ဖိစီးမှုပိုများစေပါတယ်။ ဒါကြောင့် ဒူးနာနိုင်ခြေကလည်း ပိုမြင့်မားမှာဖြစ်သလို ကြွက်သားတွေလည်း ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် ဖိနပ်ရွေးချယ်ပုံပြောင်းလဲလိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သွားနိုင်တာကို သိစေလိုပါတယ်။
  • အပူချိန်ကို လိုအပ်သလို ချိန်ညှိပါ – တကယ်လို့ ဒူးနာနေပြီဆိုရင် ပထမ ၄၈-၇၂ နာရီကြားမှာ အအေးဝတ်ပတ်ထားတာမျိုး၊ ရေခဲကပ်တာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀ ဝန်းကျင်၊ တစ်နေ့ကို ၄ ကြိမ်နှုန်းနဲ့ပေါ့။ ပြီးရင်ရေနွေးလေးနဲ့ ရေပြန်ချိုးပေးဖို့ လိုအပ်ပါတယ်။
  • ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ – ဒူးနာတာကို လျော့ပါးစေဖို့ လေ့ကျင့်ခန်းလုပ်နိုင်ပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ဝေဒနာကို ပိုဆိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် ဆိုးရွားတာတွေ တော်တော်များများ ဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 3 mins read
ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read