backup og meta

လူသိနည်းနေသေးတဲ့ ဒူးအစားထိုး ခွဲစိတ်မှုနောက်ပိုင်းဆိုးကျိုး (၉) ခု


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူသိနည်းနေသေးတဲ့ ဒူးအစားထိုး ခွဲစိတ်မှုနောက်ပိုင်းဆိုးကျိုး (၉) ခု

    အသက်ကြီးတဲ့သူတွေမှာ ဒူးနာတာက ပြဿနာတစ်ခုပါပဲ။ အထိုင်အထခက်၊ သွားရလာရခက်တာကြောင့် လူကြီးတွေကို ဘယ်မှမသွားနိုင်အောင် ချုပ်နေသလိုပါပဲ။ ခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် ဒူးအစားထိုး ခွဲစိတ်ကုသလို့ ရနေပါပြီ။ ဒါဟာလူကြီးတွေအတွက် သတင်းကောင်းပါပဲ။ ဘာပဲဖြစ်ဖြစ် ခွဲစိတ်ပြီးရင် သွားရလာရပိုပြီးလွယ်ကူသွားတာကြောင့် လူကြီးတွေက စိတ်ဝင်စားကြပါတယ်။ ခွဲစိတ်တဲ့သူတွေလည်းများလာကြပါပြီ။ ဒါပေမယ့် ဒါဟာလည်း ခွဲစိတ်မှုတစ်ခုဖြစ်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ လူတွေပြောလေ့ပြောထမရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာတွေရှိလဲဆိုတာ ဖတ်ကြည့်လိုက်နော်။

    ဒူးအစားထိုး ခွဲစိတ်ခြင်း ရဲ့နောက်ဆက်တွဲဆိုးကျိုးများ

    (၁) ဒူးဆစ်တောင့်ခြင်း

    ဒူးအစားထိုးခွဲစိတ်ပြီးနောက် အတွေ့ရအများဆုံးပြဿနာကတော့ ဒူးဆစ်တောင့်တာပါပဲ။ ဒါကြောင့် အထိုင်အထ၊ အတက်အဆင်းတွေမှာ ဒုက္ခရောက်ရပါတယ်။ ဒီလိုမဖြစ်အောင် စစချင်း နာလန်ထကတည်းက ထိရောက်တဲ့ ကုသမှုတွေ လုပ်ရမှာပါ။ လိုအပ်ရင် ဒူးဆစ်ဆန့်နေအောင် အထူးပြုလုပ်ထားတဲ့ Splintတွေ သုံးရပါမယ်။ ရှားရှားပါးပါး ပြန်ပြီးခွဲစိတ်ရတာတွေလည် ရှိတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ မခွဲစိတ်ခင် လှုပ်လှုပ်ရှားရှားနေတာပါပဲ။ မခွဲခင်ကတည်းက လှုပ်ရှားမှုမရှိတဲ့ သူတွေက ဒူးဆစ်ပိုတောင့်ပြီး ခွဲပြီးရင်လည်း ဒူးဆစ်တောင့်တဲ့ ပြဿနာဖြစ်တတ်ပါတယ်။

    (၂) ဒူးဆစ်မှ အသံထွက်ခြင်း

    ဒူးဆစ်အစားထိုး ထားတဲ့သူတွေက သူတို့ဒူးဆစ်က အသံထွက်ရင် စိုးရိမ်တတ်ကြပါတယ်။ သာမန်အားဖြင့်တော့ အသံပဲထွက်ပြီး မနာရင် သိပ်မစိုးရိမ်ရပါဘူး။ စိုးရိမ်စရာရှိရင်တော့ သင့်ဆရာဝန်က ပြောပါပြလိမ့်မယ်။ အကြောင်းက အစားထိုးထားတဲ့ ပစ္စည်းက သတ္တုတွေ၊ ပလတ်စတစ်တွေနဲ့ လုပ်ထားတဲ့အတွက် ဒူးအကွေးအဆန့်မှာ အသံထွက်စရာမရှိပါဘူး။ နာလည်းနာတယ်၊ အသံလည်းထွက်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကို ပြရမှာပါ။

    (၃) အစားထိုးပစ္စည်း ပွန်းခြင်း

    ဒူးဆစ်အစားထိုးတဲ့ပစ္စည်းတွေက တစ်သက်လုံးမခံပါဘူး။ ဒါပေမယ့် နှစ်အတော်ကြာခံအောင်တော့ တီထွင်ထားပါတယ်။ ဒူးအစားထိုးပစ္စည်း ပွန်းသွားရင်တော့ နောက်တစ်ခါ ခွဲစိတ်ရမှာပါ။

    (၄) ပိုးဝင်ခြင်း

    ဒူးအစားထိုးခွဲစိတ်ပြီး ပိုးဝင်မှာကို လူနာရော ဆရာဝန်ရောကြောက်ကြပါတယ်။ ဒါကြောင့် ခွဲစိတ်တဲ့အခါ ပိုးမဝင်အောင် တော်တော်သတိထားကြတာပါ။ ဒူးအစားထိုးပြီးလို့ ပိုးဝင်တာကို အစောပိုင်းနဲ့ နောက်ပိုင်းလို့ ခွဲထားပါတယ်။ ခွဲပြီးလို့ ၆ပတ်အတွင်း ပိုးဝင်တာကို အစောပိုင်း ပိုးဝင်တယ် လို့ခေါ်ပြီး ခွဲစိတ်နေတုန်း အရေပြားက ပိုးတွေဝင်တာကြောင့် အဖြစ်များပါတယ်။ ၆ပတ်ကျော်သွားရင်တော့ နောက်ပိုင်း ပိုးဝင်တယ် လို့ခေါ်ပြီး သွေးထဲကပိုးတွေ ဒူးဆစ်ကို ရောက်သွားတာကြောင့် အဖြစ်များပါတယ်။

    (၅) သွေးခဲပိတ်ခြင်း

    ခွဲစိတ်ပြီးရင် လှုပ်ရှားမှုမရှိတာကြောင့် သွေးတွေပျစ်ပြီး သွေးခဲလာပါတယ်။ သွေးခဲက ခြေထောက်မှာရှိတဲ့ သွေးကြောတွေကို ပိတ်တဲ့အခါ နာတာ၊ ရောင်တာတွေ ဖြစ်လာပါတယ်။ မတော်တဆ ပြုတ်ထွက်သွားပြီး အဆုတ်သွေးကြောကို ပိတ်သွားရင်တော့ အသက်အန္တရာယ် ရှိပါတယ်။

    (၆) အနာမကျက်ခြင်းနဲ့ သွေးထွက်ခြင်း

    ခွဲစိတ်ပြီး၂ပတ်လောက်နေရင်တော့ ချုပ်ရိုးစဖြည်ပါပြီ။ အဲ့ဒီအခါတွေ့နိုင်တဲ့ ပြဿနာတွေကတော့

  • အနာကောင်းကောင်းမကျက်တာ၊ သွေးထွက်တာ (လိုအပ်ရင် အနာကို ပြန်ဖွင့်ပြီး သွေးတွေစုပ်ထုတ်ရပါမယ်။)
  • ဒူးဆစ်ပတ်လည်မှာ အရည်တွေစုနေတာ (လိုအပ်ရင် အပ်နဲ့ စုပ်ထုတ်ရပါမယ်။)
  • ရှားရှားပါးပါး အရေပြားက အနာကောင်းကောင်းမကျက်ရင်လည်း အရေပြားအစားထိုးတာလုပ်ရပါမယ်။
  • (၇) မေ့ဆေးဒဏ်ခံရခြင်း

    ခွဲစိတ်တဲ့နေရာမှာ နာကျင်တာမရှိအောင် မေ့ဆေး၊ ထုံဆေးတွေကို သုံးရမှာပါ။ လူတိုင်းက မေ့ဆေးနဲ့တည့်ချင်မှ တည့်မှာပါ။ မတည့်ရင် သာန်အနေနဲ့ မူးတာ၊ ဖျားတာ၊ အန်တာ၊ ကိုယ်လက်ကိုက်တာလောက်ပဲဖြစ်ပြီး ပိုဆိုးရင်တော့ လေပြွန်ရောင်တာ၊ အသက်ရှူကြပ်တာ၊ နှလုံးခုန် မမှန်တာ၊ အသက်အန္တရာယ်ရှိတာတွေထိဖြစ်သွားနိုင်ပါတယ်။

    (၈) အစားထိုးပစ္စည်းနဲ့ ဓာတ်မတည့်ခြင်း

    တချို့သူတွေက အစားထိုးပစ္စည်းမှာပါတဲ့ သတ္တုနဲ့ ဓာတ်မတည့်ပါဘူး။ သိပြီးတဲ့သူလည်းရှိသလို မသိတဲ့သူလည်းရှိမှာပါ။ သိပြီးသားဆိုရင် ဆရာဝန်ကို ကြိုပြောထားရမှာပါ။ များသောအားဖြင့်တော့ အစားထိုးပစ္စည်းတွေက တိုက်တေနီယမ် ဒါမှမဟုတ် ကိုဘော့ ခရိုမီယမ်သတ္တုစပ်နဲ့ လုပ်ထားတာများပါတယ်။ ဒီကိစ္စကို ခွဲစိတ်မှုမစခင် ဆရာဝန်နဲ့ ဆွေးနွေးထားရမှာပါ။

    (၉) သွေးကြောနဲ့ အာရုံကြောထိခိုက်ခြင်း

    ရှားရှားပါးပါး ခွဲစိတ်နေရင်းနဲ့ သွေးကြောနဲ့ အာရုံကြောထိခိုက်နိုင်ပြီး အဲဒီသွေးကြောပံ့ပို့ထားတဲ့အစိတ်အပိုင်းတွေ၊ အာရုံကြောပံ့ပို့ထားတဲ့ အစိတ်အပိုင်းတွေမှာ နာကျင်တာ၊ ထုံတာကျင်တာ၊ ထိမှန်းမသိတာမျိုးတွေဖြစ်တတ်ပါတယ်။

    ဒီတော့ ခွဲစိတ်မှုတိုင်းရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာတွေကို မခံစားရစေဖို့ဆိုရင် ခွဲစိတ်ကုသမှုတွေ မခံယူခင်မှာ သေချာလေး ဂရုစိုက်ဖို့ လိုမယ်။ မဟုတ်ရင် ဒူးနာလို့ ဆေးကုသခါမှ ငွေကုန်အကျိုးမရှိဖြစ်ရနိုင်ပါလိမ့်မယ်။ နိုင်ငံတွင်းမှာကုသတာပဲဖြစ်ဖြစ် နိုင်ငံခြားသွားကုသတာပဲဖြစ်ဖြစ် သေချာစုံစမ်းပြင်ဆင်ဖို့လိုလိမ့်မယ်။ ဥပမာ ကိုယ်ကုသမယ့် ဆေးရုံဟာ အရိုးကုသမှုတွေ နဲ့ပတ်သက်လို့ နာမည်ကောင်းတွေ ရှိထားတဲ့ဆေးရုံလား၊ အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားလား၊ နိုင်ငံခြားသွားကုသမယ်ဆိုရင် မြန်မာတွေအတွက် အထူးဝန်ဆောင်မှုတွေ ရှိလား အစရှိတာတွေကို ကြိုတင်ပြင်ဆင်ပြီး စုံစမ်းထားဖို့လိုအပ်ပါတယ်။

    ဒီတော့ ခွဲစိတ်မှုတိုင်းရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာတွေကို မခံစားရစေဖို့ဆိုရင် ခွဲစိတ်ကုသမှုတွေ မခံယူခင်မှာ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် အရိုးနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုတွေကို ခံယူဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး ပေးနိုင်ပြီး အရိုးခွဲစိတ်ကုသမှုပိုင်းမှာ ကျွမ်းကျင်တာ​ကြောင့်  JCI မှ ပေးအပ်တဲ့ လက်မှတ် ၃ ခုတောင် ရရှိထားပြီး အရိုးမှာဘုရင် (King of Bones) လို့ တင်စားခံရတဲ့ ထိုင်းအခြေစိုက် ဝေ့ဌာနီ ဆေးရုံလိုမျိုး ဆေးရုံတွေမှာ ကုသမှုခံယူ လို့ရပါတယ်။ ကုတင် ၂၆၃ ဆန့်ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေ ပေးနေပါတယ်။ ဒီဆေးရုံရဲ့ နောက်ထပ် အားသာချက်တစ်ခုက လူနာတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မှု တစ်ရပ်ပါ။ ဘာသာပြန် အခက်အခဲလည်း ရှိမှာမဟုတ်ဘဲ အကောင်းဆုံး ကုသစောင့်ရှောက်မှုကို ရရှိနိုင်မှာပါ။

    Vejthani (ဝေ့ဌာနီ ) ဆေးရုံနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ပိုမို သိရှိလိုပါက banner logo လေးကို click တောက်ကြည့်လိုက်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement