backup og meta

အဆစ်အစားထိုးကုသဖို့ စဉ်းစားနေတယ်ဆိုရင်


Aye Thi Mon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆစ်အစားထိုးကုသဖို့ စဉ်းစားနေတယ်ဆိုရင်

    စိတ်သွားတိုင်း ကိုယ်ပါနေတုန်းမှာတော့ ခန္ဓါကိုယ်ရဲ့ လှုပ်ရှားနိုင်မှုက တန်ဖိုးရှိတယ်ထင်မိမှာမဟုတ်ပါဘူး။ မလှုပ်ရှားနိုင်တဲ့အခါမှာ အရိုးအဆစ်တွေရဲ့ တန်ဖိုးကို ကောင်းကောင်းကြီးနားလည်လာတတ်ကြစမြဲပါ။ ဒီလိုပြောလို့ ဟုတ်ပါ့မလားလို့ မတွေးလိုက်နဲ့နော်။ ခြေထောက်လေးပဲနာကြည့်လိုက်။ သွားရလာရတော်တော်လေးခက်တာနော်။ ခန္ဓါကိုယ်ကို လှုပ်ရှားလို့အဆင်ပြေအောင် အဓိကထောက်ကန်ပေးထားတာက အရိုးအဆစ်တွေပေါ့။ ဒီတော့ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းကို စိတ်သွားတိုင်းကိုယ်ပါဖို့က အရိုးအဆစ်တွေကောင်းမှဖြစ်မှာနော်။

    အရိုးအဆစ်ကောင်းအောင်ဘာလုပ်ရမလဲ……….

    အရိုးအဆစ်ကောင်းအောင်ဘာလုပ်ရမလဲဆိုတော့ ဂရုစိုက်ရမှာပေါ့။

    အဆစ်အစားထိုးကုသမှုခံယူတယ်ဆိုတာ

    အဆစ်အစားထိုးကုသမှုဆိုတာက မတော်တဆမှုတစ်ခုကြောင့်ဖြစ်ဖြစ်၊ အသက်ကြီးလာတာကြောင့်ဖြစ်ဖြစ်၊ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်ဖြစ် ထိခိုက်သွားတဲ့ နေရာတွေကိုဖယ်ထုတ်ပြီး လူသားတွေကဖန်တီးထားတဲ့အရာတွေနဲ့ အစားထိုးကုသမှုတစ်ရပ်ပါ။ အဆစ်တွေထိခိုက်သွားတဲ့အခါ အစားထိုးကုသမှုခံယူလိုက်တာက နေ့စဉ်ဘဝရဲ့လုပ်ဆောင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။တကယ်လို့များ အဆစ်တွေထိခိုက်ထားတာကြောင့် အသုံးပြုရလုံးဝအဆင်မပြေတော့တဲ့အထိ နာကျင်နေမယ်ဆိုရင်တော့ အဆစ်တွေကိုအစားထိုးကုသမှုခံယူလိုက်တာကအဆင်ပြေဆုံးဖြစ်မှာပါ။

    အဆစ်တွေကို အစားထိုးကုသမှုခံယူတဲ့အခါ သေချာတတ်သိနားလည်သူတွေနဲ့ ပြသတာက အဆင်အပြေဆုံးဖြစ်မှာပါ။ မှန်ကန်တဲ့စစ်ဆေးမှုရလဒ်ရရှိဖို့နဲ့ ကောင်းမွန်တဲ့ ကုသမှုကိုခံယူရရှိဖို့ကလည်း တော်တော်လေးလိုအပ်တာပါ။ဆိုကြပါစို့ ဒူးခေါင်းက အသုံးပြုလို့မရအောင်နာကျင်နေတာကြောင့် ဒူးဆစ်အစားထိုးကုသမှုခံယူမယ်ဆိုရင် အရိုးအဆစ်ကို တတ်ကျွမ်းနားလည်သူတွေနဲ့အကောင်းဆုံးကုသပေးနေပြီး အရိုးအဆစ်ကုသမှုမှာအကောင်းဆုံးဖြစ်တာကြောင့် King of Bone လို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဝေ့ဌာနီ (Vejthani Hospital) ရှိပါတယ်။ ဒူးဆစ်အစားထိုးကုသမှုအတွက်ဆိုရင် ဒူးခေါင်းတစ်ခုလုံးအစားထိုးကုသမှုအပြင် ဒူးဆစ်တစ်ခြမ်းအစားထိုးကုသမှုတွေကိုပါခံယူလို့ရပါတယ်။ ပြင်းထန်မှုအခြေအနေကိုလိုက်ပြီး ကုသမှုခံယူရတာက ကွာခြားနိုင်ပါတယ်။

    အရိုးအဆစ်နဲ့ပတ်သက်ပြီး ကုသမှုခံယူတော့မယ်ဆိုရင် ဘာတွေသိထားဖို့လိုမလဲ….

    အရိုးအဆစ်နဲ့ပတ်သက်ပြီး အစားထိုးကုသမှုလုပ်ကြတာကတော့ ဒူးခေါင်း၊ ပခုံးရိုး နဲ့ တင်ပဆုံရိုးအစားထိုး ကုသမှုခံယူတာပါ။ ဒီလိုကုသမှုခံယူတော့မယ်ဆိုရင်

  • ကုသပေးမယ့်ဆရာဝန်တွေက တတ်ကျွမ်းမှုရှိရဲ့လား – ကိုယ်ပြသမယ့် ဆရာဝန်တွေရဲ့ အတွေ့အကြုံရင့်ကျက်မှုကလည်း ဂရုမစိုက်ဘဲထားလို့မဖြစ်တြံအချက်ပါ။ တတ်ကျွမ်းသူတွေထံမှ ကုသမှုခံယူတာက စိတ်ချရတဲ့ရွေးချယ်မှုပါ။
  • ဆေးရုံက ထောက်ခံချက်ရထားရဲ့လား – အရိုးအဆစ်မှ မဟုတ်ပါဘူး။ ကုသမှုခံယူမယ်ဆိုတိုင်း ဆေးရုံက အစိုးရကနေ အသိအမှတ်ပြုထောက်ခံချက်ရထားလားဆိုတာကိုသေချာလေးဆန်းစစ်ဖို့လိုပါမယ်။
  • စောင့်ရှောက်ကုသမှုကောင်းရဲ့လား – ဆေးရုံက အိမ်လောက်မနွေးထွေးနိုင်ပေမယ့် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရှိဖို့တော့လိုမှာပါ။ ဒီတော့ ဆရာဝန်တွေနဲ့ သူနာပြုတွေက ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေပေးရဲ့လားဆိုတဲ့အချက်ကလည်း ကျော်သွားလို့မဖြစ်ပြန်ပါဘူး။
  • အဓိကထားကုသပေးနေတာက ဘာတွေလဲ – ဆေးရုံတစ်ခုချင်းစီတိုင်းမှာ သူတို့အကျွမ်းကျင်ဆုံး ကဏ္ဍဆိုတာရှိပါတယ်။ ဒီတော့ ကိုယ့်အနေနဲ့ပြသမယ့် ဆေးရုံကိုရွေးတော့မယ်ဆိုရင် ကိုယ်ခံစားနေရတဲ့ ရောဂါကို အကောင်းဆုံးကုသပေးနိုင်မလားဆိုတာကို စဉ်းစားဖို့လိုပါမယ်။
  • ဆေးရုံကဆင်းပြီးတဲ့အခါ ဘယ်လိုစောင့်ရှောက်မှုတွေပေးလဲ – အရိုးအဆစ်ဆိုတဲ့အတွက် ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်းမှာ ဆေးရုံအနေနဲ့ ဘယ်လိုစောင့်ရှောက်မှုတွေပေးလဲဆိုတာကို လည်း စုံးစမ်းထားဖို့လိုပါမယ်။
  • ချက်ချင်းပြန်မကောင်းနိုင်သေးပါဘူး – အဆစ်တွေကို အစားထိုးကုသမှုခံယူလိုက်တဲ့အခါ ခံယူမှုပြီးပြီးချင်း လုံးဝအရှင်းပျောက်သွားမယ်လို့ မမျှော်လင့်ထားပါနဲ့။ ခွဲစိတ်ကုသမှုအနေအထားကိုလိုက်ပြီး အလုံးစုံပြန်ကောင်းဖို့တော့ အချိန်ယူရမှာပါ။ လူနာတစ်ယောက်ချင်းစီအလိုက်လည်း ပြန်ကောင်းဖို့ပေးရတဲ့အချိန်မတူပြန်ပါဘူး။ ဒူးအစားထိုးကုသမှုဆိုရင် အနည်းဆုံး အချိန် ၃ လလောက်တော့ပေးရပါလိမ့်မယ်။ တင်ပဆုံးရိုးအစားထိုးကုသမှုဆိုရင်တော့ အနည်းဆုံး ၅ လ ကနေ ၆ လအထိလောက်ကြာမြင့်နိုင်ပါတယ်။
  • ပြန်လည်သန်စွမ်းရေးကာလအတွက် ကြိုပြင်ထားပါ – အစားထိုးကုသမှုခံယူပြီးတဲ့အခါ ပြန်လည်သန်စွမ်းရေးကာလကို ကျော်ဖြတ်ပြီးမှ လူကောင်းပကတိအတိုင်းလှုပ်ရှားနိုင်မှာပါ။ ဒါကြောင့် ပြန်လည်သန်စွမ်းရေးကာလမှာ ဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း လိုက်နာနေထိုင်ဖို့ သတိချပ်စေချင်ပါတယ်။
  • ဒီအချက်တွေအပြင်

    • ဆေးရုံရဲ့ သန့်ရှင်းမှုစနစ်
    • ကုသမှုမှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားလား
    • စရိတ်စကအနေအထားကရောဘယ်လိုရှိမလဲ
    • ဘာသာစကားအခက်အခဲရောရှိနိုင်လားဆိုတာတွေပေါ့။ နောက်ဆုံးတစ်ချက်အနေနဲ့ မမေ့မလျော့လုပ်ရမှာက ဆေးကုသမှုခံယူဖို့ နိုင်ငံခြားကို သွားတဲ့အခါ ကိုယ့်ရဲ့ ဆေးမှတ်တမ်းတွေကို မမေ့မလျော့ယူသွားဖို့ပါ။ ဒီအချက်တွေကို သေချာလေးဂရုစိုက်ပြီး ပြင်ဆင်မယ်ဆိုရင်တော့ ပြည့်စုံတဲ့ကုသမှုလေး တစ်ရပ်ဖြစ်လာမှာပါ။

    ကိုယ့်ဘက်အပိုင်းကတော့ပြင်ဆင်စရာတွေပြင်ပြီးပြီ ဆေးရုံအပိုင်းကရော စိတ်ချရပါ့မလားဆိုပြီး စိတ်ပူနေတယ်ဆိုရင်တော့ ထိုင်းနိုင်ငံအခြေစိုက် ဝေ့ဌာနီ(Vejthani Hospital) ဆေးရုံကို ညွှန်းဆိုချင်ပါတယ်။ ဒီဆေးရုံဟာ အရိုးအဆစ်ကုသမှုမှာ အကောင်းဆုံးဖြစ်တာကြောင့် King of Bone လို့ အသိအမှတ်ပြုခံထားရတာပါ။ ကုတင် ၅၀၀ ဆန့်ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေပေးနေပါတယ်။ ဒီဆေးရုံရဲ့နောက်ထပ်အားသာချက်တစ်ခုက လူနာတွေကိုလေယာဉ်နဲ့ ပို့ဆောင်ပေးနိုင်မှုတစ်ရပ်ပါ။နှလုံးရောဂါလိပ်ခေါင်း၊ အရိုးအကြော၊ ကင်ဆာနဲ့ အမျိုးသမီးရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေကိုယ်တိုင် အထိရောက်ဆုံး ကုသမှုတွေပေးနေတာပါ။ ဘာသာစကားအခက်အခဲ မရှိအောင်လည်း မြန်မာဘာသာပြန် အပါအဝင် တခြားဘာသာစကား ဘာသာပြန်တွေနဲ့လည်း စီစဉ်ပေးထားလို့ ဘာသာစကားအခက်အခဲကြောင့် ပြဿနာမရှိနိုင်ပါဘူး။ မြန်မာကျပ်ငွေအပါအဝင် ဘယ်လိုငွေကြေးမျိုးပဲ ကိုင်ဆောင်လာသည်ဖြစ်စေ ဆေးရုံမှာတင်ရှိတဲ့ ငွေကြေးလဲလှယ်ရေးကောင်တာမှာ အလွယ်တကူလဲလှယ်လို့ရတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာဆေးသွားကုသဖို့ ပြင်ဆင်ရှာဖွေနေတယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရရှိထားပြီး မြန်မာနိုင်ငံသားတွေအတွက်လည်း အစစအရာရာ အဆင်ပြေချောမွေ့တဲ့ ဝေ့ဌာနီဆေးရုံကြီးကို ရွေးချယ်နိုင်ပါတယ်။

    ကဲ…အဆစ်နာတာကြောင့်ပဲ စိတ်ညစ်တော့နော်။ ဒါကလည်း ကောင်းမွန်တဲ့ ကုသမှုတွေကြောင့် မကြာခင်ပျောက်ကင်းတော့မယ်ဆိုတာ မမေ့နဲ့နော်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement