backup og meta

မျိုးရိုးလိုက်သော အရိုးမဖွံ့ဖြိုးသည့် ရောဂါ Achondroplasia ဆိုတာဘာလဲ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျိုးရိုးလိုက်သော အရိုးမဖွံ့ဖြိုးသည့် ရောဂါ Achondroplasia ဆိုတာဘာလဲ။

    Achondroplasia ဆိုတာ ဘာလဲ

    Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ)ဆိုတာ မျိုးရိုးဗီဇချို့ယွင်းလို့ ဖြစ်ပွားတဲ့ အရိုးများဖွံ့ဖြိုးမှုမရှိတဲ့ ပြသနာဖြစ်ပါတယ်။ အဲဒီဗီဇချို့ယွင်းမှုဟာ dwarfism ခေါ် ကိုယ်ခန္ဓါ အချိုးအစားမညီဘဲအရပ်ပု၊ သေးငယ်တဲ့ရောဂါကိုအဓိက ဖြစ်စေပါတယ်။ ဒီပြဿနာဖြစ်ရင် လူနာရဲ့ အရိုးနုများဟာကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်ကိုပုံမှန်ဖြစ်အောင် ဖော်ဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်နိုင်ခြေမှာရောဂါရှိသူများဟာအရပ်ပုကြပါတယ်။ ယောက်ျားလေးဆိုရင် ၁၃၁ စင်တီမီတာ၊ မိန်းကလေးဆိုရင် ၁၂၄ စင်တီမီတာရှိပါတယ်။ Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာမိဘတွေဆီကနေသားသမီးတွေဆီဆက်ခံနိုင်ပေမယ့် အများစု (၈၀ရာခိုင်နှုန်း)ဟာဗီဇပြောင်းလဲမှု အသစ်ကြောင့် ဖြစ်ပွားပါတယ်။

    Achondroplasiaဟာဘယ်လောက်ထိတွေ့ရတတ်လဲ

    Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာအတွေ့များပါတယ်။ ယောက်ျားလေးတွေထက် မိန်းကလေးတွေမှာပိုဖြစ်တတ်ပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားတတ်ပါတယ်။ ဖြစ်ပွားနိုင်ခြေများတဲ့ အချက်တွေကိုလျှော့ချနိုင်ပါတယ်။ အချက်အလက်တွေ ပိုသိနိုင်အောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

    လက္ခဏာများ

    Achondroplasiaရဲ့ လက္ခဏာတွေကဘာတွေလဲ

    Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့

    • အရပ်ပုခြင်း
    • ယောက်ျားလေးတွင် ၁၃၁ စင်တီမီတာရှိခြင်း
    • မိန်းကလေးတွင် ၁၂၄ စင်တီမီတာရှိခြင်း
    • ခြေဆံလက်ဆံများတိုခြင်း။ လက်မောင်းနှင့် ပေါင်များတိုပြီးတံတောင်ဆစ်လှုပ်ရှားမှုတွင် အပြည့်အ၀ မလှုပ်ရှားနိုင်ခြင်း
    • ဦးခေါင်းကြီးမားခြင်း၊ နဖူးကျယ်ခြင်း
    • လက်ချောင်းများတိုခြင်း။ လက်သူကြွယ်နှင့် လက်ခလယ်သည် ဦးတည်ရာမတူ ပြန့်ကားနေ၍ လက်သည် သုံးခွသဏ္ဍာန်ဖြစ်နေတတ်ခြင်း

    Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) နှင့် ပတ်သက်နေသောအခြားကျန်းမာရေးအခြေအနေများမှာ

    • အသက်ရှူ ဆိုင်ရာပြဿနာ။ အသက်ဖြည်းဖြည်းရှူခြင်း၊ အသက်ရှူချိန် တချိန်နှင့် တချိန်ကြားတိုတောင်းခြင်း
    • အဝလွန်ခြင်း
    • နားတွင် ရောဂါပိုးဝင်မှု မကြာခဏပြန်ဖြစ်တတ်ခြင်း
    • ခါးကုန်းခြင်း၊ ခါးနာခြင်း
    • ခါးဆစ်ရိုးကျဉ်းခြင်း
    • ဦးခေါင်းအတွင်းအရည်များစုခြင်း

    ဒီစာရင်းမှာမပါတဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့ ပတ်သက်ပြီးစိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆရာဝန်ကို ဘယ်အချိန်မှာ ပြသင့်လဲ

    အောက်ပါ အခြေအနေတစ်ခုခုရှိရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    • အသက်အရွယ်အလိုက်၊ ကျား/မအလိုက် နှိုင်းယှဉ်ကြည့်လျှင် အရပ်ပုနေခြင်း
    • အရပ်နှင့်ယှဉ်လျှင် ခြေလက်များတိုခြင်း
    • လက်ချောင်းများတိုတောင်းပြီးသုံးခွသဏ္ဍာန်ဖြစ်ခြင်း
    • အချိုးအစားမညီဘဲဦးခေါင်းကြီးနေခြင်း၊ နဖူးပုံမှန်မဟုတ်ဘဲကျယ်ခြင်း
    • အသက်ရှူခက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူရပ်သွားချိန်ရှိခြင်း
    • ဦးခေါင်းအတွင်းအရည်များစုခြင်း
    • တံတောင်ဆစ်လှုပ်ရှားမှု ကန့်သတ်ချက်ရှိခြင်း
    • အဝလွန်ခြင်း
    • နားပိုးဝင်မှု မကြာခဏဖြစ်ခြင်း
    • ခါးကုန်းခြင်း၊ ခါးနောက်သို့လန်ခြင်း

    ဘာတွေကAchondroplasia ဖြစ်စေလဲ

    Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ဟာ FGFR3 လို့ ခေါ်တဲ့ မျိုးရိုးဗီဇ ချို့ယွင်းရင် ဖြစ်တတ်ပါတယ်။ အဲဒီဗီဇဟာသန္ဓေသားဖွံ့ဖြိုးချိန်မှာအရိုးနုတွေကိုအရိုးအဖြစ် ပြောင်းလဲပေးပါတယ်။

    Achondroplasia ဖြစ်နိုင်ခြေကိုဘယ်အရာတွေက မြင့်စေလဲ

    Achondroplasia (အရိုးမဖွံ့ဖြိုးသောရောဂါ) ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းတွေကတော့

  • မိခင် သို့မဟုတ် ဖခင်တွင် Achondroplasia ဖြစ်ခြင်း
  • မိခင် သို့မဟုတ် ဖခင်တွင် FGFR3 ဗီဇချို့ယွင်းနေခြင်း
  • ဖခင် အသက်ကြီးလွန်း၍ ဗီဇချို့ယွင်းခြင်း
  • ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

    (ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ အချက်အလက် ပိုသိလိုလျှင် ဆရာဝန်နှင့်အမြဲဆွေးနွေးတိုင်ပင်ပါ။)

    Achondroplasiaကိုရောဂါရှာဖွေမှု ဘယ်လိုလုပ်မလဲ

    Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ကို ကိုယ်ဝန်ဆောင်ချိန်မှာ၊ ကလေးမီးဖွားပြီးချိန်မှာစစ်ဆေးနိုင်ပါတယ်။

    • ကိုယ်ဝန်ဆောင်ချိန်တွင်
    • Ultrasound နဲ့ စစ်ဆေးနိုင်ပါတယ်။ဦးခေါင်းပုံမှန်မဟုတ်ဘဲ ကြီးနေတာကို မြင်နိုင်ပါတယ်။
    • မျိုးရိုးဗီဇစစ်ဆေးနိုင်ပါတယ်။ ရေမြွှာနမူနာကိုထုတ်ယူစစ်ဆေးခြင်း ဖြစ်ပါတယ်။
    • မီးဖွားပြီးနောက်
    • ကိုယ်ခန္ဓါ ပုံပန်းသဏ္ဍာန်ကိုစစ်ဆေးနိုင်ပါတယ်။
    • ဓါတ်မှန်၊ အာထရာဆောင်း၊ တခြားပုံရိပ်ဖော် နည်းလမ်းများနဲ့ ကလေးရဲ့အရိုးအရှည်ကိုစစ်ဆေးနိုင်ပါတယ်။ FGFR3 ဗီဇအတွက် သွေးကနေစစ်ဆေးနိုင်ပါတယ်။

    Achondroplasiaကိုဘယ်လိုကုသသလဲ

    Achondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) အတွက် တိကျတဲ့ ကုသမှု မရှိပါဘူး။ သူနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲပြသနာတစ်ခုခု ဖြစ်မှသာအချိန်နဲ့ တပြေးညီကုသခြင်း ဖြစ်ပါတယ်။ ဥပမာ-

    • ကျောရိုးကျဉ်းမြောင်းပြီးအာရုံကြောမကြီးပေါ် ဖိအားသက်ရောက်လျှင် ခွဲစိတ်ကုသခြင်း
    • အရွယ်ရောက်ခါစအာရုံကြောမခွဲစိတ်ကုသခြင်း
    • ခြေလက်များကိုရှည်ထွက်စေပြီးကွေးနေသောခြေထောက်များကို ပြုပြင်ပေးသည့် အရိုးကုသမှု လုပ်ထုံးလုပ်နည်းများ
    • ခါးဆစ်ရိုးကျဉ်းမြောင်းသည်ကိုခွဲစိတ်ကုသခြင်း
    • ဦးခေါင်းတွင်းအရည်စုခြင်းကိုကုသရန် အရည်များကိုလမ်းကြောင်းလွှဲပေးခြင်း
    • နားပိုးဝင်ခြင်းကို ပဋိဇီဝဆေးဖြင့် ကုသခြင်း
    • သွားများကိုဖြောင့်တန်းအောင် ပြုပြင်ခြင်း
    • အဝလွန်ခြင်းကိုကာကွယ်ရန် ကိုယ်အလေးချိန် ထိန်းခြင်း
    • ကြီးထွားမှုအားပေးသည့် ဟောမုန်းများဖြင့် ကလေးအရိုးကြီးထွားစေရန် ကုသခြင်း

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    Achondroplasiaကုသရေးမှာဘယ်လိုနေထိုင်မှုပုံစံပြောင်းလဲခြင်းတွေနဲ့ အိမ်တွင်းကုထုံးတွေကအထောက်အကူပေးပါသလဲ

    အောက်ပါ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေဟာAchondroplasia(အရိုးမဖွံ့ဖြိုးသောရောဂါ) ကုသရာမှာအထောက်အကူပြုပါတယ်။

    • အဝလွန်ခြင်းကိုထိန်းချုပ်ခြင်း
    • အထောက်အကူပေးသောအဖွဲ့နှင့် ချိတ်ဆက်ခြင်း
    • ကိုယ်လက်လှုပ်ရှားလုပ်ဆောင်ကာ ဘဝအပေါ် အပြုသဘောမြင်ခြင်း
    • Achondroplasiaဟာရုပ်ပိုင်းဆိုင်ရာကိုသာထိခိုက်ပြီးဉာဏ်ရည်ဉာဏ်သွေးပုံမှန်သာ ဖြစ်တယ်ဆိုတာသတိရပါ။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement