ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဂေါက်ရောဂါဆိုတာ ဘာလဲ။

ဂေါက်ရောဂါက လူတိုင်းဖြစ်နိုင်တဲ့ အဆစ်ရောင်ခြင်းပုံစံတစ်မျိုး ဖြစ်ပါတယ်။ သင့်မှာဂေါက်ရောဂါရှိနေတယ်ဆိုရင် သင်တွေ့ကြုံနိုင်တဲ့အတွေ့ရများဆုံးအရာကတော့ အထူးသဖြင့်ခြေထောက်တွေမှာရှိတဲ့ အဆစ်တစ်ခုသို့တစ်ခုထက်ပိုပြီး ပြင်းပြင်းထန်ထန်နာကျင်မှုခံစားရခြင်း ဖြစ်ပါတယ်။

ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲဆိုတာကိုသင်သိပါသလား။

ဂေါက်ရောဂါက သင့်ခြေထောက်ကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ။

ဂေါက်ရောဂါရှိနေတယ်ဆိုရင် သင့်ခြေထောက်ကိုရုတ်တရက်ကြီး အများအားဖြင့်ညအခါတွေမှာ သက်ရောက်မှုတွေထဖြစ်တတ်ပါတယ်။ ပြင်းပြင်းထန်ထန်အဆစ်နာခြင်းက ပထမဆုံးကြုံရမှာဖြစ်ပါတယ်။ ခြေထောက်၊ ခြေချင်းဝတ်၊ ဒူး၊ midfoot၊ လက်နဲ့ လက်ကောက်ဝတ်အဆစ်တွေကို နာကျင်မှုတွေဖြစ်စေနိုင်ပေမဲ့ အများဆုံးဖြစ်လေ့ရှိတာကတော့ ခြေမအဆစ်ကြီးဖြစ်ပါတယ်။

နာကျင်မှုစပြီးပထမ၁၂နာရီအတွင်း ပိုပြီးဆိုးဆိုးရွားရွားနာကျင်မှုကို ထပ်ခံစားရနိုင်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် နာကျင်မှုပိုဆိုးသွားစေနိုင်ပါတယ်။ အိပ်ရာခင်းစောင်တွေရဲ့ ဖိအားကိုတောင် မခံနိုင်ဖြစ်တတ်ပါတယ်။

အဆိုးဆုံးနာကျင်မှု တဖြည်းဖြည်းချင်းသက်သာသွားတဲ့အခါမှာ မသက်မသာဖြစ်မှုကို ရက်အနည်းငယ်သီတင်းပတ်အနည်းငယ် တွေ့ကြုံရနိုင်ပါသေးတယ်။

ဂေါက်ရောဂါဖြစ်ချိန်ကြာလာတဲ့အခါမှာ နာကျင်မှုအချိန်လည်း ပိုလာနိုင်ပြီး ခြေထောက်ကအဆစ်တော်တော်များများလည်း သက်ရောက်ခံ၇နိုင်ပါတယ်။ နာကျင်မှုမပျောက်သေးခင် ရက်အနည်းငယ်သို့ သီတင်းပတ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

ဒါ့အပြင် အဆစ်တွေခြေမတွေမှာ ရောင်ရမ်းခြင်း၊ အထိမခံနိုင်ခြင်း၊ ပူခြင်း၊နီခြင်းနဲ့အတူ သင့်ခြေထောက်မှာ ရောင်ရေမ်းခြင်း၊ နီမြန်းခြင်းတွေရနိုင်ပါတယ်။ ဒါတွေကြောင့် ဂေါက်ရောဂါကသင့်ခြေထောကိကို ရုတ်တရက်တိုက်ခိုက်လိုက်တဲ့အခါမှာ အဆစ်လှုပ်ရှားနိုင်မှုနည်းသွားစေပါတယ်။

အဆစ်နေရာတွေမှာ ပူခြင်း၊ အထိမခံနိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ အရောင်ကျလာတာတဲ့အခါမှာ အရေပြားကွာကျခြင်း၊ ယားခြင်း၊ အလွှားလိုက်ကွာကျခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဂေါက်ရောဂါကိုမကုသဘဲထားမယ်ဆိုရင် ယာယီသက်သာသွားနိုင်ပြီး လအနည်းငယ်နှစ်အနည်းငယ်အတွင်းမှာ ပြန်ဖြစ်နိုင်ပါတယ်။ အရင်ထက်အကြိမ်ရေပိုစိပ်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

အဆိုးဆုံးအခြေအနေတွေမှာ ဆိုးဆိုးရွားရွားအဆစ်နာခြင်း၊ ခြေထောက်ရောင်ခြင်း၊ 38Cသို့အထက် ဖျားခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက သင့်အဆစ်အတွင်းကူးစက်ပိုးတွေ ဝင်နေကြောင်းသိနိုင်ပါတယ်။ အရေးပေါ်အခြေအနေတွေမှာ သင့်ဆရာဝန်ကိုချက်ချင်းခေါ်သင့်ပါတယ် ။

သတင်းကောင်းကတော့ ဂေါက်ရောဂါကိုကုသနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်နိုင်ချေတွေကိုသိပြီး ပြန်ဖြစ်ခြင်းကိုကာကွယ်နိုင်ဖို့ ထိုအချက်တွေကိုရှောင်ရှားရမှာ ဖြစပါတယ်။ ဂေါက်ရောဂါနဲ့ဝေးစေဖို့ ကျန်းမာရေးပိုမိုကောင်းမွန်လာအောင် နေထိုင်မှုပုံစံကိုလည်း ပြောင်းလဲသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ: