backup og meta

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ …..နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဒီထဲကမှ အဖြစ်များပြီး တွေ့ရလေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးသွားပါ့မယ်။ ဒါမှ ဘယ်ရောဂါဆို ဘယ်ဆရာဝန်ဆီ သွားရမလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ

အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက

နားပြဿနာတွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီပြွန်လေးက သေးလွန်းရင်ဖြစ်ဖြစ်၊ အရည်၊ အချွဲတွေနဲ့ ပိတ်ရင် ဖြစ်ဖြစ် ရောဂါပိုးတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာ အောင်းပြီး နားပြည်ယိုတာ ဖြစ်တတ်ပါတယ်။

နားအတွင်းပိုင်း ဒါမှမဟုတ် အကြားအာရုံကြော ပျက်စီးသွားလို့ဆိုရင်တော့ ရာသက်ပန် နားမကြားနိုင်တော့ပါဘူး။ နားထဲမှာ တစ်ခုခုနဲ့ ပိတ်နေတာ (ဥပမာ အရည်၊ နားဖာချေး) ဒါမှမဟုတ် နားစည်ပေါက်သွားလို့ဆိုရင်တော့ သေချာ ကုသလိုက်ရင် အသံပြန်ကြားနိုင်ပါသေးတယ်။

တစ်ခါတလေ ခေါင်းမူးတာက သာမန်အခြေအနေနဲ့ မတူဘဲ ချာချာလည်အောင် မူးနေတာမျိုး ကြုံရတတ်ပါတယ်။ မူးလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ဘဲ ဟန်ချက်ထိန်းဖို့တောင် ခက်တဲ့ အခြေအနေပေါ့။ ဒါကို vertigoလို့ ခေါ်ပါတယ်။  မူးတာအပြင် နားအူတာ၊ အမြင်အာရုံထိခိုက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။

  • နှာခေါင်းထဲပစ္စည်းဝင်တာ

ကလေးတွေမှာ အဖြစ်များပါတယ်။ ဆော့ရင်း ပြုရင်း ပဲစေ့လေးတွေ ဝင်သွားလိုက်၊ ဓာတ်ခဲလေးတွေ ဝင်သွားလိုက်ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဟာကိုယ် ထုတ်ဖို့ မကြိုးစားဘဲ နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆီ ခေါ်သွားလိုက်တာက ပိုပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ထုတ်နိုင်ပါလိမ့်မယ်။

  • နှာခေါင်းနဲ့ ပတ်သက်တဲ့ အလုံးအကျိတ်တွေ

နှာခေါင်း အသားပိုကစလို့ ကင်ဆာအကျိတ်မျိုးတွေအထိ ဖြစ်နိုင်ပါတယ်။

နှာခေါင်းပတ်လည်မှာ လေအိတ်လေး ၄စုံရှိပါတယ်။ ဒီလေအိတ်လေးတွေထဲကို ပိုးဝင်သွားတဲ့အခါ ထိပ်ကပ်နာဆိုတာ ဖြစ်လာပါတယ်။ နှာပုပ်ရည်တွေ ကျပြီး နှခေါင်းနဲ့ မျက်လုံးနားက အရိုးလေးတွေ တင်းပြီး နာနေတတ်ပါတယ်။ များသောအားဖြင့် အအေးမိတာက စပြီး ဖြစ်တတ်ပါတယ်။ ၁၂ပတ်ကျော်ရကင်တော့ နာတာရှည် ထိပ်ကပ်နာလို့ သတ်မှတ်ပါတယ်။

  • အနံ့အရသာ ခံလို့ မရတာ

အနံ့မရတဲ့သူက အရသာပါ လိုက်ပျောက်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး နောက်ဆက်တွဲ အနေနဲ့ အနံ့ပျောက်တာ (ဥပမာ ကိုဗစ်၊ တုပ်ကွေး) ဖြစ်နိုင်သလို ဦးခေါင်းထိခိုက်မိတာ၊ စွဲသောက်နေတဲ့ ဆေးတွေကြောင့်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။

အသံထွက်ဖို့အတွက် အသံကြိုးတွေ၊ ဘေးနားက ကြွက်သားတွေ ကောင်းနေရပါတယ်။ ဒီအစိတ်အပိုင်းလေးတွေ ထိခိုက်ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် အသံထွက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဥပမာ ကင်ဆာတို့၊ အသံကြိုးမှာ အကျိတ်ဖြစ်တာတို့၊ အသက်ကြီးလို့ အသံအက်တာတို့ အဖြစ်များပါတယ်။

အဓိက လက္ခဏာကတော့ အိပ်နေရင် ဟောက်တာအပြင် စက္ကန့်ပိုင်းလောက် အသက်ရှူရပ်ရပ်သွားတာပါ။ အဝလွန်တဲ့သူတွေ၊ အာသီးကြီးပြီး လည်ချောင်းမှာ လာတစ်နေတဲ့သူတွေ၊ အိပ်ဆေးတွေ သောက်အိပ်တဲ့သူတွေမှာ ပိုတွေ့ရပါတယ်။

Takeaways

ရောဂါတစ်ခုဖြစ်လာရင် ဘယ်အထူးကုနဲ့ ပြရမလဲဆိုတာ သာမန်လူတွေအနေနဲ့ သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဟိုလိုလို ဒီလိုလိုနဲ့ မလိုအပ်ဘဲ အချိန်တွေ ကြန့်ကြာနေတာပေါ့။ ဒီရောဂါတွေ ဖြစ်လာမယ်ဆိုရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆီကိုသာ တန်းတန်းမတ်မတ်သွားပါလို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://vestibular.org/article/what-is-vestibular/symptoms/

https://medlineplus.gov/earnoseandthroat.html#bp_41_a

https://www.verywellhealth.com/symptoms-of-ent-disorders-1191842

ယခုပုံစံ

26/09/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Benign Paroxysmal Position Vertigo (ရုတ်တရက်ချာချာလည်အောင်မူးခြင်း)

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement