ဆီးချိုစစ်ဆေးခြင်း – ကီတုန်း (ketone) စစ်ဆေးခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဆီးချိုရောဂါဆိုတာသင့်ခန္ဓါကိုယ်ကလုံလောက်တဲ့ အင်ဆူလင်ကိုမထုတ်နိုင်တာ၊ အင်ဆူလင်ကိုအသုံးမပြုနိုင်တာ၊ ဒီနှစ်မျိုးစလုံးဖြစ်တာစတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ပန်ခရိယကနေထုတ်တဲ့ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုသွေးထဲကစုပ်ယူပြီးစွမ်းအင် ရရှိစေဖို့ ကူညီပေးပါတယ်။ ဆီးစစ်တာကိုဆီးချိုရောဂါ နာမည်တပ်ဖို့ အသုံးမပြုပေမယ့် လူတယောက်ရဲ့ ဆီးထဲမှာကီတုန်းဓါတ် (ketones) ဘယ်လောက်ရှိလဲတိုင်းတာပြီးဆီးချိုအခြေအနေကိုစောင့်ကြည့်လေ့ရှိပါတယ်။

ဆီးချိုအကြောင်း

အမျိုးအစား (၁) နဲ့ အမျိုးအစား (၂) ဆီးချိုဆိုပြီးအဓိက နှစ်မျိုးရှိပါတယ်။ အမျိုးအစား (၁) ဆီးချိုကတော့ ကိုယ်ခံအားစနစ်ဟာအင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကိုဖျက်ဆီးတာကြောင့် ကိုယ်ခန္ဓါကနေအင်ဆူလင်ထွက်တာနည်းပြီး ဖြစ်ရခြင်းပါပဲ။ ဒီအမျိုးအစားဟာကလေးအရွယ်တွေမှာ ဖြစ်တတ်ပါတယ်။ အမျိုးအစား (၂) ကတော့ ကိုယ်ခန္ဓါဟာအင်ဆူလင်ကိုထိရောက်စွာမသုံးနိုင်လို့ ဖြစ်ရတာပါ။ ဒီအခြေအနေကိုအင်ဆူလင်ခုခံခြင်းလို့ ခေါ်ပါတယ်။ ဆဲလ်တွေဟာသွေးထဲကနေဂလူးကို့စ်ဓါတ်ကိုမယူနိုင်တော့ပါဘူး။ ဒီအမျိုးအစားဟာပခရိယကနေအင်ဆူလင်ကိုလုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့အခါ တဖြည်းဖြည်းပိုဆိုးလာတတ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုဟာကိုယ်အလေးချိန်များတာ၊ အထိုင်အထ လှုပ်ရှားမှုနည်းတာတွေနဲ့ ဆက်စပ်နေပါတယ်။

ကီတုန်းဆိုတာဘာလဲ

အမျိုးအစား (၁) ဆီးချိုမှာကိုယ်ခန္ဓါဟာစွမ်းအင်အနေနဲ့ ဂလူးကို့စ်ဓါတ်ကိုလုံလောက်စွာမရတဲ့အခါ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။ အင်ဆူလင် မရှိရင် ဂလူးကို့စ်ဟာသွေးထဲမှာပဲရှိနေပါတယ်။ ဒီလိုဖြစ်တဲ့အခါ သွေးထဲမှာကီတုန်းဓါတ်ဟာထွက်လာပါတယ်။ သူဟာသွေးကိုအက်ဆစ်ဓါတ်ပိုများစေပြီး ခန္ဓါကိုယ်ကိုအဆိပ်အတောက် ဖြစ်စေတဲ့အခါ သတိလစ်သွားတာ၊ သေဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ သွေးထဲကကီတုန်းဓါတ်ဟာဆီးထဲကိုပါ ရောက်သွားနိုင်ပါတယ်။

ဘယ်သူတွေဟာဆီးချိုအတွက် ဆီးစစ်ဖို့လိုသလဲ

ဆရာဝန်တွေဟာ ဆီးချိုရောဂါကိုအတည်ပြုဖို့ ဆီးမစစ်တတ်ကြပါဘူး။ ဒါပေမယ့် ဆီးထဲကကီတုန်းဓါတ်နဲ့ ဂလူးကို့စ်ဓါတ်ကိုစောင့်ကြည့်ဖို့အတွက် ဆီးစစ်နည်းကိုသုံးကြပါတယ်။ လူတယောက်ဟာဆီးထဲမှာ ၂မျိုးစလုံးရှိနေရင် သူဟာအသင်ဆူလင်ကိုလုံလောက်စွာမထုတ်လုပ်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဆီးစစ်တဲ့နည်းကိုပုံမှန် စစ်ဆေးနေကြနည်းအဖြစ် သုံးတတ်ပါတယ်။ အထူးသဖြင့် အမျိုးအစား (၁) ဆီးချိုရှိနေပြီးသွေးတွင်းသကြားဓါတ် ၃၀၀ ယူနစ်ထက် ကျော်နေသူတွေ ဆီးချိုကြောင့် ကီတုန်းဓါတ် တက်နေတဲ့ လက္ခဏာရှိသူတွေအတွက် အသုံးပြုပါတယ်။

ဂလူးကို့စ်အတိုင်းအတာ

ယခင်ကဆီးထဲမှာဂလူးကို့စ်ဓါတ် ရှိမရှိစစ်ဆေးပြီးဆီးချီုရောဂါကိုအတည်ပြုတာ၊ စောင့်ကြည့်တာလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့အခါမှာသွေးစစ်တာလောက် အသုံးမများတော့ပါဘူး။ ယနေ့အခါမှာ ဆရာဝန်တွေဟာ သွေးစစ်ဖို့ပဲညွှန်ကြပါတော့တယ်။ သွေးစစ်တာဟာပိုတိကျပြီးသွေးထဲကဂလူးကို့စ်ဓါတ်ကိုပိုပြီးတိကျစွာတိုင်းတာနိုင်လို့ ဖြစ်ပါတယ်။

ကီတုန်းအတိုင်းအတာ

အမျိုးအစား (၁) ဆီးချိုရောဂါသည်တွေဟာသူတို့ရဲ့ ကီတုန်းအတိုင်းအတာကိုအိမ်သုံးဆေးစစ်ကိရိယာသုံးပြီးစစ်ဆေးနိုင်ပါတယ်။ လူတယောက်ဟာသွေးတွင်းဂလူးကို့စ်ဓါတ် ၃၀၀ ယူနစ်ထက် မြင့်နေရင် ကီတုန်းအတွက် ဆီးစစ်တဲ့နည်းသုံးသင့်ပါတယ်။ ကီတုန်းဓါတ် အတန်အသင့်၊ ဒါမှမဟုတ် များများစားစားရှိနေတာဟာဆီးချိုကိုမထိန်းချုပ်နိုင်တဲ့ အန္တရာယ်ရှိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချိုရောဂါကို ဘယ်လိုရင်ဆိုင်မလဲ

အားလပ်ရက်တွေမှာ စားစရာတွေ များနေတဲ့အတွက် ဆီးချိုရောဂါရှိတဲ့ သူတွေအတွက်တော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Phio Thia

စိတ်ဖိစီးမှုနဲ့ ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ

စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအတွက်လည်း ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Dr. Phio Thia

Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း) ကဘာလဲ။ သားအိမ်အသားစ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr . Phyu Mon Latt

ဆီးချိုရောဂါ၏ သက်ရောက်မှုများ

ဆီးချိုဆိုတာဘာလဲ ။ ဆီးချိုဆိုတာက ရောဂါအုပ်စုတစ်မျိုးဖြစ်ပြီး သူကလူ့ခန္ဓါကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုနဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
ရေးသားသူ Kyaw Thura Htun

သင့်အတွက် ရွေးချယ်ထားသည်

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read

ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2017 . 2 mins read
ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၇) ချက်

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 4, 2017 . 2 mins read
ဆီးချိုနဲ့ HBA1c အကြောင်းသိကောင်းစရာ

ဆီးချိုနဲ့ HbA1c အကြောင်းသိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2017 . 2 mins read