ယခုချိန်ထိ အချို့သော ဓာတ်မတည့်မှုက ဘာကြောင့်ဖြစ်လဲဆိုတာ အကြောင်းရင်းရှာမရသေးပါ။ မိသားစုမျိုးရိုးရှိသော ကလေးများတွင်ပိုဖြစ်နိုင်သည်။ ထိုအကြောင်းက ဘာကြောင့်ဖြစ်သည်ဟု မသေချာသော်လည်း တစ်ခုသော သီအိုရီ က သန့်ရှင်းပြီး ပိုမွှားများမရှိသောပတ်ဝန်းကျင်က ခုခံအားစနစ်ကို အားနည်းစေသည်။ ထိုအပြင် အချို့သောအရာများက ဓာတ်မတည့်သော တုံပြန်မှုကို ဖြစ်စေသည်။ ပိုးကောင်၊ ပျား၊ အချို့သော အစားအစာများ (ဥပမာ အခွံမာသီး သို့မဟုတ် အခွံမာရေသတ္တဝါ)၊ အချို့သောဆေးများ (ဥပမာ ပနက်စလင်) အချို့သောအပင်များ၊ ဝတ်မှုန်တို့ကြောင့်ဖြစ်နိုင်သည်။
ရောဂါလက္ခဏာက ဘာတွေလဲ။
ပြင်းထန်သော ဓာတ်မတည့်ခြင်းက မပြင်းထန်သောလက္ခဏာများ ခဏခဏဖြစ်ခြင်းမှ ဖြစ်သည်။ သို့သော် အချို့သောကိစ္စများတွင် မပြင်းထန်သောလက္ခဏာ (ဥပမာ ဓာတ်မတည့်သောအကွက်(အင်ပြင်)မရှိဘဲ) တစ်ခါတည်း အသက်အန္တရာယ်ရှိသည့် ပြင်းထန်မှု စဖြစ်နိုင်သည်။ အလယ်အလတ်နှင့် ပြင်းထန်သော လက္ခဏာများတွင် ဗိုက်နာခြင်း၊ အသက်ရှူမမှန်ခြင်း၊ နေထိုင်မကောင်းခြင်း သို့မဟုတ် ချောင်းပြင်းပြင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း၊ တရွီရွီမြည်ခြင်း၊ အစာမျိုချရခက်ခြင်း၊ မူးခြင်း၊ မျက်နာနီရဲခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ ရင်တုန်ခြင်း၊ မျက်နှာမျက်လုံး သို့မဟုတ် လျှာရောင်ခြင်း၊ သတိမေ့ခြင်း စသည်တို့ ဖြစ်နိုင်သည်။
ဓာတ်မတည့်သော တုံပြန်မှုဖြစ်ပါက ဘာလုပ်သင့်လဲ။
- ထိုသို့ဖြစ်ပါက Adrenalineထိုးခြင်း(သင်တွင်ရှိပါက)နှင့် ၉၁၁ခေါ်ခြင်း သို့မဟုတ် ချက်ချင်းအရေးပေါ်သို့သွားသင့်သည်။ လိုအပ်ပါကသင့်သူငယ်ချင်းကိုပြောပြီးအကူအညီတောင်းနိုင်သည်။
- တစ်ခါဖြစ်ပြီးပါက နောက်တစ်ခါမဖြစ်ဘူးလို့ မထင်လိုက်ပါနှင့်။
- အသက်ရှူခက်နေပါက ထိုသူ ခေါင်းအောက်သို့ ခေါင်းအုံးမထည့်ပါနှင့်။ ထိုသို့လုပ်ပါက အသက်ရှူလမ်းကြောင်းကိုပိတ်စေနိုင်သည်။
- အသက်ရှူခက်နေပါက ပါးစပ်ထဲဘာမှမထည့်ပါနှင့်။
- ပြင်းထန်သော ဓာတ်မတည့်ခြင်းဖြစ်တတ်သောကလေးအတွက် Adrenalineပါသောအရေးပေါ်သေတ္တာသယ်ရန်မမေ့ပါနှင့်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။