Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတ်မတည့် မှုအခြေအနေက အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ဆို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက် ထိမိရုံနဲ့တင် ဓာတ်မတည့်မှုဖြစ်နိုင်တယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
Anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ ဓာတ်မတည့် မှုအခြေအနေက အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ဆို မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက် ထိမိရုံနဲ့တင် ဓာတ်မတည့်မှုဖြစ်နိုင်တယ်။
စစချင်း တုံ့ပြန်မှုက လက္ခဏာ သိပ်မဆိုးရင်တောင် နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။ ဓာတ်မတည့်မှုလက္ခဏာတွေ ပြင်းထန်လာရင် အရေးပေါ်ဌာနကို ချက်ခြင်း သွားသင့်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ရှူရပ် ၊ နှလုံးရပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ဓာတ်မတည့် ခြင်းက သိပ်အဖြစ်များသလို အရွယ်မရွေးမှာ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်နိုင်မှ ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြင်းထန်ဓာတ်မတည့်မှုကို နားလည်ထားပြီး ဖြစ်စေနိုင်တဲ့ အရာတွေကို သိထားမှ ကိုယ့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်။
ဒါတွေ အပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။
ပဋိပစ္စည်းဆိုတာ ခန္ဓာကိုယ်ကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ် တို့လို ပြင်ပအရာတွေဆီမှ ကာကွယ်ပေးတဲ့ အကာအကွယ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့လူတွေရဲ့ ကိုယ်ခံအားစနစ်က အရာတချို့ကို လိုတာထက် ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ရာကနေ ဓာတ်မတည့် မှုတွေ ဖြစ်လာပါတယ် (ဥပမာ -မြေပဲ ဓာတ်မတည့်ခြင်း၊ ပျားတုပ်ခံရခြင်း)။
ပုံမှန်အားဖြင့်တော့ ဓာတ်မတည့်ခြင်း တုံ့ပြန်မှုတွေက အသက်အန္တရာယ် မထိခိုက်တတ်ပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ဓာတ်မတည့်မှု ရှိတဲ့လူတွေ ကတော့ anaphylaxis ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း တွေဖြစ်သွားနိုင်ပါတယ်။ ဒီလို အချိန် သင့်ခန္ဓာကိုယ်မှာ ရှော့ခ် ရခြင်း၊ သွေးပေါင် ရုတ်တရတ် ကျခြင်း၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ဖြစ်စေပါလိမ့်မယ်။
ပြင်းထန်ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေထဲမှာ –
တခြား အဖြစ်နည်းတဲ့ အကြောင်းတွေ ကတော့-
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပြင်းထန်ဓာတ်မတည့်ခြင်းတွေက အဖြစ်နည်းသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူပါဘူး။ လူတချို့မှာ ပြေးခြင်းလိုမျိုး အေရိုးဗစ် လေ့ကျင့်ခန်း တွေက ပြင်းထန်ဓာတ်မတည့်မှုမျိုး ဖြစ်စေတတ်ပေမယ့် တချို့မှာကျ လမ်းလျှောက်ခြင်းလို သိပ်မပြင်းတဲ့ လေ့ကျင့်ခန်းမျိုးကတောင် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် တစ်ခုခုစားခြင်း သို့မဟုတ် ပူလွန်း၊ အေးလွန်း၊ စိုထိုင်းလွန်းသော ရာသီဥတုတွင် လေ့ကျင့်ခန်းလုပ်မှုတွေ ကြောင့် ဖြစ်တတ်တယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အခါ ဘာတွေကို သတိထားသင့်လဲ ဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။
ဓာတ်မတည့် ခြင်းများ ရင်ကျပ်ခြင်းတွေ ရှိရင်လည်း ပြင်းထန်ဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ များပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။