backup og meta

လေဆာနှင့် မျက်ရစ်ပြင်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဆာနှင့် မျက်ရစ်ပြင်ခြင်း

    လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းဟာ မျက်ရစ်တွဲကျခြင်းကို ပြုပြင်နိုင်ဖို့အတွက် မလိုအပ်တဲ့ အရေပြား၊ကြွက်သားနဲ့ အဆီတွေဖယ်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ သင်အသက်ကြီးလာတာနဲ့အမျှ မျက်ခွံတွေဟာ လျော့ရဲလာပြီး ထောက်မပေးထားတဲ့ ကြွက်သားတွေကလည်း တဖြည်းဖြည်းနဲ့ အားနည်းလာပါပြီ။

    တချိန်တည်းမှာပဲ မျက်ခွံရဲ့ အပေါ်နဲ့ အောက်ဖက်တွေမှာ အဆီတွေကလည်း စုပုံလာတာကြောင့် မျက်ခုံးရော၊မျက်ခွံကပါ အောက်ကို တွဲကျလာပါတယ်။ ပိုဆိုးတာက ဒီလိုမျိုးမျက်လုံးဘေးတဝိုက်မှာ အရေပြားတွဲကျနေတာကြောင့် သူတို့အနေနဲ့ ဘေးဖက်ကို ကောင်းကောင်းမမြင်ရတော့တဲ့အတွက် ပိုပြီးအိုမင်းနေသလို ဖြစ်လာရပါတယ်။

    အခု ခွဲစိတ်ပြုပြင်မှုက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

    မျက်ရစ်ပြင်တယ်ဆိုတာ ဘာလဲ။

    ဆေးရုံတက်စရာမလိုဘဲ ပြင်ပလူနာအဖြစ်နဲ့ပဲ ဒီကုသမှုကို ခံယူနိုင်ပါတယ်။ မျက်ရစ်ပြင်ခြင်းဟာ သင့်အတွက်တကယ်သင့်တော်တဲ့ ကုသမှုဟုတ်မဟုတ်ကို သိရှိနိုင်ဖို့ အရင်ကြိုးစားရပါမယ်။

    သင့်အနေနဲ့ ဒီကုသမှုကနေ ဘာတွေမျှော်လင့်ထားသလဲ။ မျက်ရစ်ပြင်ခြင်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေက ဘာလဲ ဆိုတာကို သိရှိအောင် အရင်လုပ်ရပါမယ်။ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းဟာ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံမှာရှိတဲ့ မလိုလားအပ်သော ဆဲလ်အပိုတွေကို ဖယ်ရှားရှင်းလင်းပစ်တာ ဖြစ်ပါတယ်။

    ဒီကုသမှုကို ခံယူခြင်းအားဖြင့် သင့်အမြင်အာရုံပိုကောင်းလာနိုင်ပြီး သင့်မျက်ဝန်းအစုံဟာ ပိုမိုတက်ကြွငယ်ရွယ်တဲ့ပုံ ပေါက်သွားမှာ ဖြစ်ပါတယ်။

    အောက်ပါအခြေအနေတွေမှာ လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။

    · မျက်ခွံတွေ မို့ဖောင်းနေခြင်း။

    · အပေါ်နဲ့ အောက်မျက်ခွံတွေ ထပ်နေတာကြောင့် မြင်ကွင်းကွယ်ခြင်း (ကောင်းစွာ မမြင်ရတော့ခြင်း)။

    · အောက်မျက်ခမ်းတွဲကျနေတာကြောင့် အောက်မျက်ဖြူသားပေါ်နေခြင်း။

    · မျက်ခွံမှာ အရေပြားတွေ လိုတာထက်ပိုနေခြင်း။

    · လေဆာအသုံးပြုပြီး မျက်ရစ်ပြင်ခြင်းကို မျက်ခုံးပင့်တင်ခြင်း၊မျက်နှာအရေပြား ပင့်တင်ခြင်း ဒါမှမဟုတ် အရေပြားပြုပြင်ခြင်း အစရှိတဲ့ ခွဲစိတ်မှုတွေနဲ့လည်း တချိန်တည်းမှာ ပူးတွဲပြုလုပ်နိုင်ပါတယ်။

    လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းရဲ့ ကောင်းကျိုးများ

    · မြန်ဆန်၊စိတ်ချရခြင်း။

    · နာကျင်မှုမရှိခြင်း။

    · အမာရွတ်မကျန်ရှိခြင်း။

    · မျက်ခွံအရေပြားကိုပဲ ခွဲစိတ်တာဖြစ်တဲ့အတွက် အမြင်အာရုံကို ထိခိုက်မှုမရှိစေခြင်း။

    · ခွဲစိတ်တဲ့ အရာလေးဟာ အင်မတန်သေးငယ်တဲ့အတွက် အမာရွတ်မကျန်ရှိခြင်း။

    · တခါခွဲစိတ်ပြီးရင် နောက်တကြိမ်ပြန်ဖြစ်တော့လေ့ မရှိခြင်း၊ကာလကြာရှည် အာနိသင် ရရှိခြင်း။

    · ခွဲစိတ်မှုပြုလုပ်ပြီး မူလအတိုင်းပြန်ဖြစ်ရန် အချိန်များစွာ မကြာမြင့်ခြင်း စတာတွေပဲ ဖြစ်ကြပါတယ်။

    လေဆာအသုံးပြုပြီး မျက်ရစ်ပြုပြင်ခြင်းရဲ့ ဆိုးကျိုးများ

    · ပြုလုပ်တဲ့ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအားနည်းရင် လေဆာအလင်းတန်းတွေကြောင့် မျက်စိထိခိုက်နိုင်ခြင်း။

    · ကုသမှုပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို အဆီအိတ် ပြန်လည်ဖြစ်ပေါ်လာနိုင်ခြင်း။

    · အလှအပရေးရာ ဆေးခန်းကို ကြိမ်ဖန်များစွာ သွားရောက်ပြသရတဲ့အတွက် အချိန်ကုန်လူပန်းဖြစ်ပြီး ငွေကုန်ကြေးကျပါ များခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဒါပေမယ့် မျက်လုံးအဆီကြောင့်ဖြစ်တဲ့ကိစ္စတွေမှာတော့ လေဆာအသုံးပြုမျက်ရစ်ဖော်ခြင်းဟာ အသုံးမဝင်ပါဘူး။ ဘာလို့လဲဆိုတော့ လေဆာက အသားအရေအိုမင်းရင့်ရော်ခြင်းကို ရေရှည်မကုသပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

    မျက်လုံးတဝိုက်က အရေပြားဟာ သင့်ခန္ဓါကိုယ်ရဲ့ ထိရှအလွယ်ဆုံး အရေပြားဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုမျိုးနည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

    ဒါ့အပြင် သင့်မျက်စိကို ထိခိုက်မှုမရှိဖို့ကလည်း အင်မတန်အရေးကြီးတာမို့ လူသိများထင်ရှားပြီး တကယ်အရည်အသွေးရှိတဲ့ အလှအပရေးရာ ဆေးခန်း ဒါမှမဟုတ် ဆရာဝန်ကို ဂရုတစိုက်ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement