ခွဲစိတ်ဒဏ်ရာမှာအူကျွံခြင်းကသင့်ရဲ့ဝမ်းဗိုက်အားနည်းမှုကြောင့်အရင်ခွဲထားတဲ့ဒဏ်ရာကအနာမကျက်တဲ့အခါဖြစ်ပါတယ်။ တကယ်လို့မကုသဘဲထားခဲ့ရင်ဒီပြဿနာကပြင်းထန်တဲ့ကျန်းမာရေး နောက်ဆက်တွဲ အခြေအနေတွေဖြစ်စေပါတယ်။
ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်းဆိုတာဘာလဲ ။
သင့်ရဲ့ဝမ်းဗိုက်မှာလုပ်တဲ့ခွဲစိတ်မှုတိုင်းကခွဲပြီးအပ်နဲ့ပြန်ချုပ်ရပါတယ်။ တစ်ခါတစ်လေအဲဒီဒဏ်ရာက တော်ရုံမကျက်ပါဘူး။ အဲအခါကျရင်သင့်ဗိုက်ထဲကအရာတွေကအပြင်ကိုတိုးထွက်လာပါတယ်။ အဲဒါကအူကျွံစေပါတယ်။
အူကျွံတာကအနရာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့သင့်ရဲ့အူနဲ့တခြားအစိတ်အပိုင်းတွေကညှပ်ပိတ်နေပြီးသူတို့အတွက် သွေးအထောက်အပံ့လမ်းကြောင်းကိုပိတ်မိသွားသလိုဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက ကျွံနေသော အူအပိုင်းသည် ပုပ်သွားနိုင်ပါတယ်။
ခွဲစိတ်ဒဏ်ရာမှ အူကျွံခြင်းကို ခွဲစိတ်မှုက ဘာအကျိုးရှိမလဲ။
သင့်မှာအူကျွံရောဂါမရှိတော့ပါဘူး။ ဒီခွဲစိတ်မှုကတခြားဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ပြဿနာတွေကိုလည်းမဖြစ်စေတော့ပါဘူး။
ဘယ်လိုအချိန်မှာခွဲစိတ်ဒဏ်ရာမှအူကျွံခြင်းကိုဗိုက်ဖွင့်ပြီးခွဲစိတ်ပြုပြင်မှုလုပ်သင့်လဲ။
တကယ်လို့သင့်ရဲ့အူကပိတ်မိနေတာပဲဖြစ်ဖြစ်ပိတ်မိနေတဲ့အူတွေကလိမ်နေပြီး သွေးအထောက်အပံ့မရတော့တာဘဲဖြစ်ဖြစ်ဗိုက်ဖွင့်ပြီးခွဲစိတ်မှုကိုလုပ်ဖို့လိုပါလိမ့်မယ်။
အလွန်အမင်းအဝလွန်နေတဲ့သူတွေလည်းဗိုက်ဖွင့်ပြီးခွဲဖို့ကိုပြုလုပ်ပြီးဗိုက်သားနံရံကနေအဆီတစ်ရှူးတွေကိုဖယ်ထုတ်ဖို့လိုပါတယ်။ မှန်ပြောင်းခွဲစိတ်မှုပဲဖြစ်ဖြစ်၊ ဗိုက်ဖွင့်ပြီးခွဲစိတ်မှုပဲဖြစ်ဖြစ် နှစ်ခုလုံးမှာအူထပ်မကျွံအောင် ဇကာကွက် (mesh)ကိုအသုံးပြုချင်ပြုပါလိမ့်မယ်။အူကျွံတာသည် ပြန်ဖြစ်နိုင်သည်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။
ဒီခွဲစိတ်မှုမလုပ်ခင်မှာသင် ဘာသိထားရမလဲ။
ဗိုက်ဖွင့် ခွဲစိတ်မှုမှာက ဆေးရုံမှာအကြာကြီးနေရလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်ပြီးနာကျင်မှု၊ဒဏ်ရာနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာများ နဲ့ ပျောက်ကင်းချိန်ကြာခြင်းတွေကြောင့်ဘဲဖြစ်ပါတယ်။
ဒီခွဲစိတ်မှုအစားတခြားကုသနိုင်တဲ့နည်းလမ်းတွေရှိလား။
သင့်အနေနဲ့အူကျွံခြင်းကိုတစ်ခါတစ်လေထိန် း ထားနိုင်ပေမယ့်ခွဲစိတ်မှုမလုပ်ဘဲပြန်ကောင်းလာဖို့တော့မရှိပါဘူး။
ခွဲစိတ်မှုမပြုလုပ်ခင်သင် ဘာလုပ်ရမလဲ။
သင့်အနေနဲ့သင်သိပ်မကြာခင်က သောက်နေတဲ့ဆေးတွေ၊ဓါတ်မတည့်တာတွေနဲ့တခြားကျန်းမာရေးအခြေအနေတွေကိုဆရာဝန်ဆီပြောပြထားရပါမယ်။ သင့်ရဲ့မေ့ဆေးဆရာဝန်နဲ့လည်းတွေ့ပြီးအစီအစဉ်ချရပါမယ်။ ခွဲစိတ်မှုမတိုင်ခင်ဘယ်အချိန်မှာစားတာသောက်တာရပ်ရမလဲစတဲ့ညွှန်ကြားချက်တွေကိုလိုက်နာဖို့အရေးကြီးပါတယ်။
သင့်ကိုဆရာဝန်ကခွဲစိတ်မှုအတွက်ပြင်ဆင်ဖို့နဲ့ပတ်သက်ပြီးရှင်းလင်းတဲ့ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။ဥပမာ – ခွဲစိတ်မှုမစခင်အစာစားလို့ရမရဆိုတာမျိုးပေါ့။ အများအားဖြင့်ခွဲစိတ်မှုမစခင်ခြောက်နာရီမှာသင်ဘာမှမစားရတော့ပါဘူး။ နာရီအနည်းငယ်အလိုထိတော့ ကော်ဖီလိုအရည်တွေတော့ သောက်လို့ရပါသေးတယ်။
ဒီခွဲစိတ်မှုရဲ့လုပ်ရိုးလုပ်စဉ်တွေကဘာတွေလဲ။
မေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးမိနစ်၉၀ လောက်ကြာပါတယ်။
ခွဲစိတ်ဆရာဝန်ကအရင်ခွဲရာအဟောင်းမှာထပ်ခွဲမှာဖြစ်ပါတယ်။ သူတို့ကအားနည်းနေတဲ့တစ်ရှူးတွေကိုချုပ်ရိုးတွေနဲ့ဘဲဖြစ်ဖြစ်ခွဲစိတ်ခန်းသုံးဇကာကွက် (mesh)ကိုသုံးပြီးကြွက်သားတွေနဲ့တွဲချုပ်လိုက်တာဘဲဖြစ်ဖြစ်လုပ်ဆောင်ပါမယ်။
ခွဲစိတ်မှုပြုလုပ်ပြီးရင်သင်ဘာလုပ်ရမလဲ။
ခွဲစိတ်ပြီးတစ်ရက်ကနေလေးရက်အတွင်းသင်အိမ်ပြန်နိုင်ပါပြီ။ ပထမရက်အနည်းငယ်အတွင်းလမ်းတဖြည်းဖြည်းတိုးပြီးလျှောက်သွားပါ။
သင့်ဆရာဝန်ကသင်ဘယ်အချိန်အလုပ်ပြန်သွားနိုင်မလဲ ဆိုတာကိုပြောပါလိမ့်မယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်တာကသင့်ကိုမြန်နိုင်သမျှအမြန်ဆုံးပုံမှန်ပြန်ဖြစ်ဖို့ကူညီပါလိမ့်မယ်။ လေ့ကျင့်ခန်းစမလုပ်ခင်ဆရာဝန်ဆီကအကြံတောင်းပါ။
ဒီခွဲစိတ်မှုကြောင့်ဘာနောက်ဆက်တွဲ ပြဿနာ တွေဖြစ်နိုင်လဲ။
ခွဲစိတ်ဒဏ်ရာမှအူကျွံခြင်းပြုပြင်ခွဲစိတ်မှုပြုလုပ်ပြီးရင်နာတာရှည် နောက်ဆက်တွဲ ပြဿနာတွေဖြစ်ခဲပါတယ်။ ရေတိုနောက်ဆက်တွဲ ပြဿနာတွေကတော့ အရင်ကခွဲစိတ်မှုတွေလုပ်ထားဖူးတဲ့၊အရင်ကခွဲစိတ်ခန်းသုံးဇကာကွက် (mesh) ထည့်ထားဖူးတဲ့အဝလွန်သူတွေမှာပိုအဖြစ်များပါတယ်။
ခွဲစိတ်မှုအပြီးဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့
- ခွဲစိတ်ခန်းသုံးဇကာထည့်ထားတဲ့နေရာမှာကိုယ်တွင်း အရည်များစုလာခြင်း၊တစ်ခါတစ်လေစုပ်ထုတ်ဖို့လိုပါတယ်။
- ခွဲစိတ်ပြီး သွေးထွက်လွန်ခြင်း၊ နောက်ထပ်ခွဲစိတ်ရတာမျိုးကတော့ရှားပါတယ်။
- နာကျင်မှုကြာခြင်း၊ဒါကိုတော့အကိုက်အခဲပျောက်ဆေးတွေနဲ့ကုသလို့ရပါတယ်။
- အူထိခိုက်ခြင်း။
- အာရုံကြောထိခိုခြင်း။
- အဖျားတက်ခြင်း၊အထူးသဖြင့်ခွဲစိတ်ရာပိုးဝင်တဲ့အခါဖြစ်ပါတယ်။
- အူတွင်းပြည်တည်ခြင်း။
- ဆီးအိမ်လုပ်ငန်းစဉ်ရပ်ခြင်း။
- Respiratory distess (အဆုတ်ကို အောက်ဆီဂျင်အလုံအလောက်မရသော အဆုတ်ပြဿနာ)
သင့်အနေနဲ့ဒီရှုပ်ထွေးမှုတွေဖြစ်နိုင်ခြေကိုခွဲစိတ်မှုပြင်ဆင်ဖို့ဆရာဝန်ညွှန်ကြားချက်တွေကိုလိုက်နာပြီးလျှော့ချနိုင်ပါတယ်။ဥပမာ – ဘယ်အချိန်အစားအသောက်ရပ်ရမယ်၊ဘယ်ဆေးတွေသောက်တာရပ်ရမယ်ဆိုတာမျိုးပေါ့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]