backup og meta

မျှဝေပါ။

သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးခြင်း

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း (Pap Test) ဆိုတာဘာလဲ။ ဘာ့ကြောင့်စစ်ဆေးမှုခံယူဖို့လိုအပ်တာ လဲဆိုတာနဲ့ ဘယ်သူတွေကခံယူဖို့လိုအပ်တာလဲဆို တာကို အောက်ပါဆောင်းပါးကဖော်ပြပေးပါလိမ့်မယ်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လို့လည်းခေါ်တဲ့သည်စစ်ဆေး နည်းဟာ သင့်မှာသားအိမ်ခေါင်းကင်ဆာရှိမရှိကို စစ်ဆေးပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တိတိကျကျဆိုရရင် ဒီနည်းက သားအိမ်ဝဖြစ်တဲ့ သားအိမ်ခေါင်းမှာ ကင်ဆာဆဲလ်ဖြစ်ပေါ်နေတာ ဒါမှမဟုတ် ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ရှိနေတာကို ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း လုပ်နေစဉ်အတွင်း ဆရာဝန်တွေက သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေကို ညင်သာစွာခြစ်ထုတ်ယူပြီး ပုံမှန်မဟုတ်တဲ့ကြီးထွားမှုရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ပြုလုပ်ရတဲ့အကြောင်းရင်းများ

အမျိုးသမီး၊အမျိုးသားလိင်ဆက်ဆံမှုကနေ HPV (Human Papillomavirus)ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာ ကြောင့် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူဖို့က အရမ်း အရေးကြီးပါတယ်။

လိင်မှုကိစ္စရှိနိုင်တဲ့ အမျိုးသမီး အားလုံးဟာ HPV ပိုးရှိနေနိုင်တဲ့အန္တရာယ်ရှိတာ ကြောင့် အနည်းဆုံး သုံးနှစ်တစ်ကြိမ်လောက်တော့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုခံယူသင့်ပါတယ်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း က လိင်ကတဆင့်ကူးစက်တတ်တဲ့တခြား ရောဂါတွေကိုတော့ မစစ်ဆေးပေးနိုင်ပါဘူး။ တစ်ခါတရံ မှာတော့ ဒီနည်းက တခြားကင်ဆာတွေဖြစ်စေနိုင်တဲ့ ဆဲလ်ကြီးထွားမှုကို စစ်ဆေးတွေ့ရှိနိုင်ပေမယ့် လိင်ကကူးစက်တဲ့ရောဂါတွေကို ရှာဖွေစစ်ဆေးဖို့ ရည်ရွယ်ချက်နဲ့တော့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကို အားမထားသင့်ပါ ဘူး။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကိုဘယ်သူတွေစစ်ဆေးဖို့လိုသလဲ

ပုံမှန်အားဖြင့် လူတစ်ဦးဟာ အသက် ၂၁ နှစ်ပြည့်တာနဲ့ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုကို ခံယူသင့်ပါတယ်။

သင်ဟာ HIV ရောဂါပိုးရှိနေပြီး ဓါတုကုထုံး ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှုကြောင့် ကိုယ်ခံအားနည်းနေသူဆိုရင် ရောဂါပိုးကူးစက်ခံရမှုနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေမြင့်မားနေတာကြောင့် ဆရာဝန်က စစ်ဆေးမှုပိုခံယူခိုင်းပါလိမ့်မယ်။

အသက် ၃၀ ကျော်အရွယ်ရှိပြီး သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း သုံးကြိမ်ဆက်တိုက် စစ်ဆေးထားသူတွေမှာတော့ ငါးနှစ်တစ်ကြိမ်စစ်ဆေးမှုခံယူလို့ ရမလားဆိုတာ ဆရာဝန်တွေရဲ့အကြံဉာဏ်တောင်းခံ ပါ။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း စစ်ဆေးမှုရလဒ်တွေမှာ ပုံမှန်လို့အဖြေ ထွက်ခဲ့တဲ့ အသက် ၆၅ နှစ်ကျော်အမျိုးသမီးတွေက တော့ နောက်ပိုင်းမှာ သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ဆက်လုပ်စရာ မလိုတော့ပါဘူး။

သင့်မှာ လိင်ဆက်ဆံဖော်တစ်ဦးတည်းရှိရင်တောင်မှ Human Papillomavirus ဟာ ကာလအတော်ကြာအထိ ငုပ်နေတတ်ပြီးမှ ရုတ်တရက်ထကြွလာနိုင်တာကြောင့် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကိုခံယူသင့်ပါတယ်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ရလဒ်များ

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ခံယူပြီးနောက် ရလဒ်တွေဟာ ပုံမှန် သို့မဟုတ် မူမမှန် အဖြေတစ်ခုခုထွက်လာမှာပါ။ သင့်ရလဒ်က ပုံမှန်ဆိုရင် နောက်သုံးနှစ်အတွင်း ဒီစစ်ဆေးမှုကိုခံယူစရာမလိုပါဘူး။

တကယ်လို့မူမမှန်အဖြေထွက်ခဲ့ရင်လည်း သင့်မှာကင်ဆာရှိနေတယ်လို့မဆိုလိုပါဘူး။ ဒီရလဒ်က သင့်ရဲ့သားအိမ်ခေါင်းမှာကြီးထွားလာမှု မူမမှန်တဲ့ဆဲလ် တွေရှိနေပြီး တချို့က ကင်ဆာဖြစ်စေနိုင်တယ်လို့ ညွှန်ပြတာပဲဖြစ်ပါတယ်။

သင့်ဆေးစစ်ချက်ရလ်ဒ်ကို မူတည်ပြီး နောက်ထပ်ရောဂါရှာဖွေစစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း တွေက အရမ်းကိုမှန်ကန်တိကျတဲ့အပြင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေနဲ့ သေဆုံးရနိုင်ခြေ တို့ကို ၈၀ ရာခိုင်နှုန်းလျော့ပါးသွားစေနိုင်ပါတယ်။ ရောဂါရှာဖွေစစ်ဆေးမှုများစွာမှာလိုပဲ ဒီနည်းက မနှစ်သက်စရာ၊မသက်မသာဖြစ်စေတာ၊နာကျင်မှု အနည်းငယ်ရှိစေနိုင်ပေမယ့် သင့်ခန္ဓါကိုယ်မှာ ချို့ယွင်းချက်အနာအဆာဖြစ်နေတဲ့နေရာရှိမရှိကို ၎င်းက ရှာဖွေပေးနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူတွေ အထူးသဖြင့် အသက် ၂၁ နှစ်နဲ့အထက်ရှိသူတွေက သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ကိုပုံမှန်စစ်ဆေး မှုခံယူသင့်ပါတယ်။ ဒါမှသာ ချက်ချင်းကုသမှုခံယူဖို့လို တဲ့ရောဂါတချို့ကို စောစောရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါ တယ်။

သင့်မှာစိုးရိမ်မှု၊ပူပန်မှုဖြစ်နေမယ်ဆိုရင် ဆေးပညာအကြံဉာဏ်ရရှိဖို့၊ ရောဂါရှာဖွေဖို့နဲ့ ကုသမှုခံယူနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pap Smear

http://www.healthline.com/health/pap-smear#Uses2

Accessed February 12, 2017
Pap test

http://www.cancer.ca/en/cancer-information/diagnosis-and-treatment/tests-and-procedures/pap-test/?region=on

Accessed February 12, 2017
Pap test

https://medlineplus.gov/ency/article/003911.htm

Accessed February 12, 2017

ယခုပုံစံ

12/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။

Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement